သူမရဲ့ ကိုယ်ပိုင်လူမှုကွန်ယက်အကောင့်တွေမှာ အလှပုံတွေတင်ခဲ့တာကြောင့် လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံခဲ့ရပြီး မခံနိုင်တဲ့အဆုံး အလုပ်ထွက်ခဲ့တဲ့ ရဲမေလေးတစ်ယောက်အကြောင်း The Sun မှာ ဖတ်လိုက်ရပါတယ်။
သူမနာမည်ကတော့ Laenne Carr ပါ။ သူမဟာ ကျောင်းပြီးကတည်းကိုက ပြည့်သူ့အကျိုးပြုတဲ့ ရဲဝန်ထမ်းဘဝအဖြစ် ခံယူရင်း အလုပ်လုပ်လာခဲ့တာ ဝန်ထမ်းသက်တမ်း ၁၄ နှစ်ရှိနေခဲ့ပါပြီ။ ဒီကြားထဲ သူမရဲ့ကြိုးစားမှုကြောင့် တပ်ကြပ်ကြီးရာထူးအထိ ရောက်သွားခဲ့ပါပြီ။ ဒီအပြင် တစ်ဖက်မှာလည်း သူမရဲ့ ချောမောလှတဲ့ ရုပ်ရည်ကြောင့် တာဝန်ကျနေတဲ့ရဲဌာနကနေပြီး အသိပညာပေးတဲ့ ကြော်ငြာတွေ၊ လှုပ်ရှားမှုတွေမှာလည်း မော်ဒယ်အဖြစ် ပါဝင်ခဲ့ရပါသေးတယ်။
View this post on Instagram
View this post on Instagram
ဒီပိုးဟာ တဖြေးဖြေးနဲ့ သူမရဲ့ အပြင်လောကထဲအထိပါ ရောက်သွားခဲ့ပြီးတော့ Instagram မှာလည်း နာမည်ကြီးလာခဲ့ကာ ကြော်ငြာတွေဘာတွေတောင် ရိုက်လာခဲ့ရပါတော့တယ်။ မနှစ်တုန်းကဆိုရင် သူမရဲ့ ရပိုင်ခွင့် ခွင့်ရက်တွေအကုန်လုံးကို အသုံးချပြီးတော့ ထိုင်းနိုင်ငံကို အပျော်ခရီးထွက်ခဲ့ပါသေးတယ်။
View this post on Instagram
အဲဒီခရီးစဉ်မှာဆိုရင် Laenne ဟာ ဘီကီနီတွေနဲ့ တောက်လျှောက် ဓာတ်ပုံတွေရိုက်ကူးလာခဲ့တာပေါ့။ သူမကတော့ ပေါ့ပေါ့ပါးပါးပဲ တွေးလိုက်ပေမယ့်လို့ အလုပ်လည်းပြန်တက်ရော သူမကို လုပ်ဖော်ကိုင်ဖက်တွေရဲ့ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးတွေလုပ်တာမျိုး၊ စနောက်တာမျိုး၊ ခွဲခြားဆက်ဆံခံရတာမျိုး၊ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်အချင်းချင်း နှိမ်တာမျိုးတွေအထိ အလုပ်ခံခဲ့ရပါတယ်တဲ့။
နောက်ဆုံးမှာတော့ Laennee ဟာ သူရဲ့ ၁၄ နှစ် သက်တမ်းရှိတဲ့ တပ်ကြပ်ကြီးဘဝကို မခံနိုင်တော့တဲ့အဆုံး စွန့်လွှတ်ခဲ့ပါတော့တယ်။ အခုတော့ social influencer အဖြစ်နဲ့သာ ရပ်တည်တော့မှာပါတဲ့။
View this post on Instagram
penny