စတုတ္တမြောက် ချန်ပီယံလိဂ် ဆုဖလားအတွက် တက်တူးထိုးဖို့ အဆင်သင့်ဖြစ်နေတဲ့ ရာမို့စ်

ရီးယဲလ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ကတော့ အသင်းနဲ့ အတူရယူနိုင်မယ့် စတုတ္တမြောက် ချန်ပီယံလိဂ်ဆုဖလားအတွက် တက်တူးအသစ်ထိုးဖို့တောင် အသစ်ဖြစ်နေပါပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြင်းထန်နေတဲ့ စပိန်နောက်ခံ ကစားသမားဟာ မက်ဒရစ်မြို့ရဲ့ အကျော်အမော် တက်တူးသမား ရော်ဒရီဂို ဂဲလ်ဗက်နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့ပြီး ချန်ပီယံလိဂ် ဆုဖလားနောက်တစ်လုံးကို သူ့ရဲ့ခန္ဓာကိုယ်မှာ ရေးထိုးဖို့ အသင့်ပြင်နေတာပါ။

twitter.com/realmadrid

ရီးယဲလ်အသင်းရဲ့ ထာဝရအကောင်းဆုံး နောက်ခံလူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ရာမို့စ်ဟာ သူ့ရဲ့အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတဲ့ကာလတွေကို အကောင်းဆုံးဖြတ်သန်းနေသူပါ။ ရီးယဲလ်အသင်းအ၀တ်လဲခန်းရဲ့ သြဇာအရှိဆုံး လူတစ်ယောက်ဖြစ်ပြီး အစ္စကို၊ အဆန်ဆီယိုနဲ့ လူးကပ်စ်ဘက်စ်ကွက်တို့က သူ့ကိုဖခင်တစ်ယောက်လို လေးစားကြတာပါ။

as.com

ကစားသမားတစ်ယောက်ကို ကွင်းအပြင် ထွက်သွားနိုင်အောင် လိုသလို လုပ်နိုင်သူလို့ အားလုံးက လက်ခံထားကြပြီး သူ့ရဲ့ပရိယာယ်ကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ ကစားသမားတွေလည်း တစ်စထက်တစ်စ များလာခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း ကြမ်းတမ်းပြီး ဥပဒေဖောက်ဖျက်တတ်တဲ့ ကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။ အနီကတ် (၂၄) ကြိမ်အထိ ရခဲ့ပြီး ရီးယဲလ်အသင်းသမိုင်းမှာ အနီကတ် ရရှိမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။

READ
ချဲဆီးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ရင် ပြိုင်ဘက် အသင်းဆီသို့ ပြောင်းဖို့ရှိနေတဲ့ တယ်ရီ

ရော်နယ်ဒိုက ရီးယဲလ်အတွက် အဓိက ပုံရိပ်ဆိုရင် ရာမို့စ်က ဒုတိယနေရာမှာ ရပ်တည်နေတယ်လို့ အားလုံးက လက်ခံထားကြပါတယ်။

thesefootballtimes

ရီးယဲလ်အသင်းရဲ့ အကြမ်းတမ်းဆုံး၊ စိတ်ဓာတ်အပြင်းထန်ဆုံး အသင်းခေါင်းဆောင်ဟာ လာမယ့် စနေနေ့မှာတော့ လီဗာပူးလ်ရဲ့ (၃) ယောက်တန်းတိုက်စစ်ကို ကာကွယ်ရတော့မှာဖြစ်ပြီး သူမျှော်လင့်သလို တက်တူးအသစ်ထိုးနိုင်မလား၊ မာနေး၊ဆာလက်တို့ကို ဒူးထောက်အရှုံးပေးလိုက်ရမလား ဆိုတာကတော့….။

Linn

Source : Dailymail

SHARE