အမျိုးသမီး(၁၁)ယောက်ကိုသတ်ခဲ့သည့် တရုတ်လူသတ်မုဒိန်းကောင်ကိုဖမ်းဆီးရမိ

နှစ်ပေါင်း (၂၈)နှစ်ကျော် ၀ရမ်းပြေးဘ၀နဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရုတ်လူသတ်ရာဇာကြီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
နိုင်ခဲ့ပါတယ်။ တရုတ်တွေရဲ့ Jack the Ripper လို့ တင်စားခေါ်ဝေါ်ခြင်းခံထားရတဲ့ လူသတ်ရာဇာဟာ အခုအချိန်မှာ
အသက် (၅၅)နှစ်အရွယ်ကို ရောက်နေပြီဖြစ်ပြီး အမည်ရင်းကတော့ Gao Chengyong ဖြစ်ပါတယ်။

Gao ဟာ 1988 ခုနှစ်မှာ 2002 ခှုနှစ်အတွင်း အမျိုးသမီး (၁၁)ဦးကို သတ်ခဲ့ပြီး အသတ်ခံရသည့် အမျိုးသမီးတွေထဲမှာ အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ Gao ဟာ ရာဇ၀တ်မှုတွေ ကျူးလွန်ပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Baiyin ပြည်နယ်ထဲမှာ ဇနီးနဲ့အတူ ကုန်စုံဆိုင်လေးတစ်ခုဖွင့်ပြီး ခြေရာဖျောက်နေခဲ့ပါတယ်။ ဒါပေ
မယ့် အဲဒီဒေသမှာပဲ Gao က လူသတ်မှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်ပြီး ပိရိစွာ ပုန်းအောင်းနေခဲ့ပါတယ်။

Gao ဟာ များသေားအားဖြင့် လူသတ်မှုကျူးလွန်တိုင်း လည်ချောင်းတွေကို ဖြတ်ခြင်း၊ ခန္ဓာကိုယ်ကို ဓားနဲ့ နှုတ်နှုတ်စင်း
ခြင်း အပါအ၀င် မမျိုးပွားအင်္ဂါကိုပင် လှီးထုတ်ပစ်တာမျိုးတွေအထိ ရက်ရက်စက်စက် ကျူးလွန်ခဲ့ပါတယ်။ Gao 1998 ခု
နှစ်မှာ ပထမဆုံး လူသတ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး အဲဒီ (23နှစ်အရွယ် မိန်းမပျိုလေးရဲ့ ခန္ဓာကိုယ်ကို ဓားနဲ့ 26 ပိုင်းအထိ
ခုတ်ပိုင်းခဲ့ပါတယ်။

READ
ထိုင်းနိုင်ငံမှာခေတ်စားနေတဲ့ ထူးထူးဆန်းဆန်း လူကြိုက်များနေတဲ့ မြွေမာဆက်အကြောင်း

၎င်းဟာ ဒီလိုပုံစံနဲ့ ဆင်ဆင် ရာဇ၀တ်မှုများကို ကျူးလွန်လေ့ရှိပြီး များသောအားဖြင့်တော့ တစ်ယောက်တည်းနေတဲ့ အ
မျိုးသမီးငယ်ငယ်နဲ့ မိန်းမပျိုလေးတွေကို ဦးတည်သတ်ဖြတ်လေ့ရှိပြီး အနီရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားလေးရှိပါတယ်။  2001 ခုနှစ်မှာ လူသတ်တရားခံရဲ့ လက်ဗွေနဲ့ မျက်နှာသွင်ပြင်ကို ခြေရာခံနိုင်ခဲ့ပါတယ်။ အဲဒီ
နောက်မှာ တရုတ်ရဲတပ်ဖွဲ့က လူသတ်တရားခံကို သတင်းပေးနိုင်သူကို ပေါင် 22819 ပေးမည်ဟု ၀ရမ်းထုတ်ခဲ့တဲ့အထိ တုန်လှုပ်စရာကောင်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ အမျိုးသားတွေရဲ့ လက်ဗွေကိုတောင် ပုံစံတွေယူပြီး တိုက်ဆိုင်စစ်ဆေးတဲ့အထိ အမှုဟာ ကြီးမားခဲ့ပေ
မယ့် အရာမရောက်ခဲ့ပါဘူး။ ဒါ့အပြင် အဲဒီအချိန်မှာ Gao ဟာ Lanzhou မြို့အစွန်က ရွာကလေးတစ်ရွာမှာ နေထိုင်နေတာ ဖြစ်လို့ ဒီလက်ဗေစနစ်ဟာ သူ့အပေါ်မှာ ထိရောက်မှု မရှိခဲ့ပါဘူး။

READ
ကိုဗစ်စစ်တာ positive ရော negative ပါ အဖြေထွက်နေလို့ စိတ်ညစ်နေတဲ့ Elon Musk

ဒါပေမယ့် အခုအခါမှာတော့ Gao ဟာ DNA သက်သေနဲ့တကွ ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့ အကြီးအကဲက ” သူက သူတော်ကောင်းယောင်ယောင်နဲ့ လူသိမခံ သိုသိုသိပ်သိပ်နေပါတယ် … ဒါပေမယ့် သာမာန်အချိန်မှာ ကြင်နာသနားတတ်သူ ဖြစ်တယ် “လို့ ဆိုခဲပါတယ်။ Gao ဟာ အခုအချိန်မှာ အမျိုးသမီး (၁၁)ယောက်ကို သတ်မှု၊ အဓမ္မမှုတွေနဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

(Jack the Ripper ဆိုသည်မှာ လန်ဒန်မှ လူသတ်ရာဇာတစ်ယောက်ဖြစ်ပြီး 1888 ခုနှစ်မှာ အမျိုးသမီးပေါင်းများစွာကို
သတ်ဖြတ်ခဲ့သူ ဖြစ်ပါတယ်။ ဘယ်သူက ကျူးလွန်းမှန်းလဲ မသိရဘဲ … အမျိုးသမီးငါးယောက်အထိ သေဆုံးခဲ့ပြီး လက်သည်မပေါ်ဘဲ အသတ်ခံခဲ့ရပါတယ်)

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE