ယန်ဇီမြစ်ထဲမှာ ရေကူးနေတဲ့ အနက်ရောင်သတ္တ၀ါကြီး နောက်ကွယ်က အမှန်တရား

youtube/ Netizen Watchdog

မကြာသေးခင်တုန်းက မြွေလိုလို အမည်မသိရ သတ္တ၀ါကြီးတစ်ကောင်ဟာ ယန်ဇီမြစ်ထဲ ရေကူးနေတာ တွေ့လိုက်ရတယ်ဆိုပြီး သတင်းတွေတက်လာခဲ့ပါတယ်။ အချို့လူတွေက ရုတ်တရက်တွေ့လိုက်ရတဲ့ ဒီမည်းမည်းကြီးဟာ Loch Ness သတ္တ၀ါကြီးများဖြစ်လိမ့်မလားဆိုပြီးလည်း ခန့်မှန်းကြပါတယ်။

ယန်ဇီမြစ်ထဲမှာ တွေ့လိုက်ရတဲ့ သတ္တ၀ါကြီးလို့ယူဆနေကြတဲ့ အရာကြီးကတော့ အနည်းဆုံး (၁၀) ပေရှိပြီး ၄င်းကို ဟူးပေးပြည်နယ် ရီချန်းက ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ Three Gorges Dam Scenic ဧရိယာအနီးမှာ တွေ့လိုက်ရတယ်လို့ ဆိုသူက ဆိုပါတယ်။ နေ့ခင်းကြောင်တောင်ကြီးထဲ အနက်ရောင်သတ္တ၀ါကြီးရဲ့ တစ်ပိုင်းတစ်စပေါ်လာပုံကိုတော့ ဗီဒီယိုထဲမှာလည်း ရိုက်ကူးထားပါတယ်။

youtube/ Netizen Watchdog

ဗီဒီယိုထဲမှာတော့ အဲဒီအရာကြီးက ရေစီးအတိုင်း တလှိမ့်လှိမ့်နဲ့ ကူးခတ်သွားသလိုပါပဲ။ အကောင်အထည်ကို သေသေချာချာ မမြင်ရတဲ့အပြင် ဘာအရာမှန်းလည်း ကွဲကွဲပြားပြားမသိရပေမယ့် လူတွေက တွေးကြောက်နေကြပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ် တွေ့လိုက်ရတဲ့ မည်းမည်းသဏ္ဍာန်ဟာ သတ္တ၀ါကြီးတစ်ကောင်ကောင်ရဲ့ အစိတ်အပိုင်းဖြစ်လောက်တယ် ဆိုပြီးလည်း ထူးထူးဆန်းဆန်း တွေတွေးနေကြပါတယ်။ Huazhong စိုက်ပျိုးရေးတက္ကသိုလ်က ၀မ်ချန်ဖန်းအမည်ရတဲ့ ပရော်ဖက်ဆာတစ်ယောက်ကတော့ ဒီအရာကြီးဟာ ဧရာမမြွေကြီးတစ်ကောင်ဖြစ်လိမ့်မယ်ဆိုပြီး သုံးသပ်ထားပါသေးတယ်။

READ
ဖောက်ပြန်တဲ့မယားငယ်ကို မယားကြီးကလူအများရှေ့မှာရိုက်နှက်ခဲ့

ဒီလိုနဲ့ သို့လော သို့လော စကားပေါင်းများစွာ ထွက်ပေါ်လာအပြီးမှာတော့ လူအများစိတ်ဝင်စားနေကြတဲ့အရာဟာ တကယ်ပဲ သတ္တ၀ါကြီးဟုတ်၊ မဟုတ်ဆိုတဲ့ အဖြေ ထွက်ပေါ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Chizhou  ယန်ဇီမြစ်ကားဖယ်ရီရုံက ၀န်ထမ်းတစ်ယောက်က ဗီဒီယိုဟာ Three Gorges Dam  နားမှာ ရိုက်ထားတာမဟုတ်ပဲ ကားဖယ်ရီရုံအနီးမှာ ရိုက်ကူးထားကြောင်း ဆိုပါတယ်။ တကယ်တော့ အဲ့ဒီအရာဟာ မြွေကြီးလည်းမဟုတ်၊ Loch Ness ကြီးလည်းမဟုတ်ပဲ တာလပတ်စကြီး မျောပါနေတာသာဖြစ်ကြောင်း အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

NetEase
NetEase

လင်းလင်း (ShweMom)

SHARE