ပြဇာတ်ရုံမှာ တေးဂီတပွဲကို အေးအေးဆေးဆေးခံစားနေကြတဲ့ ချစ်စရာလုပ်သားခွေးလေးတွေ

k9countryinnerservicedogs

စာဖတ်သူတို့ ရုပ်ရှင်သွားကြည့်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်စရာတွေ ကြုံဖူးကြတယ်မလား။ ဆရာကြီးလုပ်ပြီး ဇာတ်လမ်းကို spoil တဲ့ လူတွေ၊ အမှောင်ထဲမှာ အလင်းအားအပြည့်နဲ့ဖုန်းသုံးတဲ့သူတွေ၊ နောက်ကနေ ခုံကို ဘာမဆိုင် ညာမဆိုင် ကန်နေတဲ့သူတွေ၊ အော်ကြီးဟစ်ကျယ် ဖုန်းပြောလိုက်၊ ရီလိုက်၊ အော်လိုက်ဟစ်လိုက် လုပ်တဲ့ သူတွေကို အားလုံးကြုံဖူးကြမှာ အမှန်ပါပဲ။ အဲ့လိုလူတွေ ကြုံဖူးရင်တော့ ဒီသတင်းလေးကို ပြလိုက်ပါ။

 

ကနေဒါနိုင်ငံ၊ အွန်တာရီယိုမြို့မှာရှိတဲ့ The Stratford Festival ပြဇာတ်ရုံမှာ ပြီးခဲ့တဲ့သြဂုတ်လ (၁၅)ရက်နေ့က အရမ်းချစ်ဖို့ကောင်းတဲ့ တေးဂီတပွဲလေးတခု လုပ်ခဲ့ပါတယ်။ ဂီတပညာရှင် Billy Elliot ရဲ့ ဂီတပွဲတခုဖြစ်ပြီး လာကြည့်တဲ့ပရိသတ်တွေက လုပ်အားပေးခွေးလေး တွေပါ။ အမှန်တကယ်ကတော့ အဲဒီပွဲလေးကို K-9 Country Inn Service Dogs အဖွဲ့ရဲ့ လုပ်အားပေးခွေးလေးတွေအတွက် သီးသန့် လုပ်ပေးတာလို့ သိရပါတယ်။

 

လုပ်ပေးရတဲ့အကြောင်းရင်းကတော့ လုပ်အားပေးခွေးလေးတွေအနေနဲ့ သခင်နဲ့အတူ ဒီလိုရုပ်ရှင်ရုံမှာ သွားကြည့်ရဖို့ ကြုံလာမယ်ဆိုရင် ရုံထဲမှာ ငြိမ်ငြိမ်လေး နေတတ်ဖို့ပါတဲ့။ တခြားကြည့်ရှုသူပရိသတ်တွေရဲ့ တည်ရှိမှုထက် မိမိသခင်အပေါ် အပြည့်အဝ အာရုံစိုက်နိုင်ဖို့၊ ပတ်ဝန်းကျင်မှာ ဘယ်လိုပဲဖြစ်နေပါစေ သခင်ရဲ့ အရိပ်အကဲအပေါ် နားလည်နိုင်ဖို့နဲ့ အေးအေးဆေးဆေး နေနိုင် ဖို့အတွက် ရည်ရွယ်ပြီး လုပ်ပေးတဲ့ ပွဲလေးဆိုရင်လည်း မမှားပါဘူး။

k9countryinnerservicedogs
k9countryinnerservicedogs
Mark Hamill/Twitter

K-9 Country Inn Service Dogs အဖွဲ့ရဲ့ တည်ထောင်သူ အမျိုးသမီး လော်ရာမက်ကင်ဇီရဲ့ အဆိုအရတော့ တချို့ခွေးလေးတွေဟာ ပွဲချိန် တလျှောက်မှာ သူတို့ရဲ့သခင်တွေနဲ့အတူ ငြိမ်ငြိမ်လေးအိပ်ရင်း ဂီတသံကို ခံစားနေကြသလို၊ တချို့ကလည်း ခုံကြားလေးတွေကနေ ရှေ့ကိုချောင်း ကြည့်ရင်း ငြိမ်နေကြပါတယ်တဲ့။ ဒီခွေးလေးတွေရဲ့ ဂီတပွဲကြည့်နေတဲ့ပုံလေးတွေကို The Stratford Festival က သူတို့ရဲ့ twitter မှာ မျှဝေ ခဲ့ရာမှာလည်း အွန်လိုင်းအသုံးပြုသူတွေရဲ့ အားပေးမှုတွေကို ရခဲ့သေးတယ်လို့ သိရပါတယ်။

KYM

SHARE