အစိုးရမှအင်တာနက်ပိတ်ပစ်ဖူးခဲ့တဲ့ နိုင်ငံ ၇ နိုင်ငံနဲ့ ပိတ်ခဲ့ရတဲ့ အကြောင်းအရင်းများ

Frederic Legrand - COMEO/Shutterstock

အင်တာနက်ဆိုတာ screen မျက်နှာပြင်လေးတစ်ခုထဲကနေပြီး ကမ္ဘာကြီးတစ်ခုလုံးသာမက ကမ္ဘာ့အပြင်ဖက်က ဂြိုဟ်ထုစလောင်းတွေအထိပါ ဆက်သွယ်ထိန်းချုပ်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ နည်းပညာရဲ့ တိတ်ပုန်လက်နှက်တစ်ခုလို့လည်း သတ်မှတ်လို့ရတာကြောင့် လူတိုင်းနီးပါး အင်တာနက်နဲ့ ရင်းနှီးအကျွမ်းဝင်နေတဲ့ ခေတ်ကြီးမှာ နိုင်ငံ့အစိုးရအဖွဲ့အစည်းတွေ အမြဲစောင့်ကြည့်ရတာလည်း လွန်ဖွယ်ရာမကျပါဘူး။

Google.com

အင်တာနက်ပိတ်ချလိုက်ပြီဆိုတာနဲ့ အဲဒီပြည်နယ်ဒေသမှာ တစ်ခုခုမှားယွင်းနေပြီ၊ တစ်ခုခုတော့ဖြစ်နေပြီဆိုတာလည်း အလွယ်တကူသိနိုင်ပါတယ်။ ဒီဖက်နှစ်ပိုင်းအတွင်း အင်တာနက်ပိတ်ပစ်လိုက်ခဲ့ဖူးတဲ့ နိုင်ငံတွေနဲ့ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်လေးတွေကို Insider မှ ကောက်နုတ်ပြီး အကြမ်းဖျဉ်းဖော်ပြသွားမှာဖြစ်လို့ ဆက်လက်ဖတ်ရှုပေးကြပါဦး။

အီသီရိုးပီးယား

၂၀၁၈ ခုနှစ်တုန်းက အီသီရိုးပီးယားအစိုးရကိုယ်တိုင်ကိုက ပြည်သူတွေအနေနဲ့ လွတ်လပ်စွာ ဝေဖန်ပြောဆိုပိုင်ခွင့်ရှိတယ်လို့ ပြောခဲ့ပေမယ့် ၂၀၁၉ ခုနှစ် ဇွန်လထဲမှာတော့ ဝန်ကြီးချုပ် Ably Ahmed ကို ဆန့်ကျင်တဲ့ စကားလုံးတွေကြောင့်  Amhara ဒေသအတွင်း လူသေသည်အထိ ဆူပူမှုတွေ ဖြစ်လာခဲ့တဲ့အတွက်ကြော်င့ အဓိကအမုန်းစကားပျံ့ပွားစေခဲ့တဲ့ နေရာဖြစ်တဲ့ အင်တာနက်ကို အဲဒီပြည်နယ်အတွင်း ပိတ်ချပစ်ခဲ့ပါတယ်။

Aron Simeneh_Flickr

အိန္ဒိယ

တစ်နေ့တည်းနဲ့ အင်တာနက်ပိတ်ပစ်ခဲ့တာ အများဆုံးနိုင်ငံဆိုရင် အိန္ဒိယလို့ အပြတ်အသတ်ကိုပြောနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကဆိုရင် အိန္ဒိယအစိုးရဟာ ကက်ရှ်မီးယားဒေသတစ်ဝိုက်ကို တစ်ရက်တည်းနဲ့ ၁၃၄ ကြိမ်တောင် အင်တာနက်ကို ပိတ်ပစ်ခဲ့ပြီး အဲဒီအချိန်တုန်းကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုရဲ့ အနိဌာရုံမြင်ကွင်းတွေကို မပျံ့ပွားအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ပစ်ခဲ့တာပါ။

ရုရှား

အောက်တိုဘာ ၂၀၁၈ ခုနှစ်တုန်းကတော့ ရုရှားမှ Ingushetia နဲ့ Chechnya တို့ကြား နယ်နိမိတ်အစည်းမျဉ်းနဲ့ ပတ်သက်ပြီး ပြဿနာတက်ခဲ့တဲ့အတွက် အဲဒီဒေသတွေမှ အင်တာနက်အသုံးပြုခွင့်ကို ၂ ပတ်တိတိပိတ်ပစ်ခဲ့ပါတယ်။ အဓိကအားဖြင့်တော့ Wahtsapp မှာ ပျံ့ပွားနေတဲ့ အမုန်းစကားတွေနဲ့ လုပ်ကြံဖန်တီးသတင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကြားက ဆက်သွယ်မှုတွေနဲ့ သတင်းအပေးအယူတွေကို မရှိတော့တော့အောင် ထိန်းသိမ်းပစ်ခဲ့တာလို့တော့ ပြောခဲ့ပါတယ်။

READ
ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အများဆုံး မီးတောင်ကြီးများ
Frederic Legrand – COMEO_Shutterstock

Mauritania 

ဒီအဖြစ်အပျက်ကတော့ လောလောလတ်လတ်ကမှ ဖြစ်ပွားခဲ့တာပါ။ ၂၀၁၉ ခုနှ် ဇွန်လ ၂၅ ရက်နေ့၊ ညနေ ၃ နာရီခွဲလောက်မှာ Mauritania တစ်ခုလုံးနီးပါး အင်တာနက်တွေ ပျက်တောက်သွားခဲ့ပါတယ်။ အဲဒီနေ့က ပါတီရွေးကောက်ပွဲရဲ့ ရလဒ်ကြေငြာမယ့်ရက်ဖြစ်ပြီး လူသိရှင်ကြား မဲရေတွက်မှု မလုပ်ဘဲနဲ့ ကြေငြာထားတဲ့အချိန်ထက်စောကာ Mohamed Ould Ghazouani ဦးဆောင်တဲ့ပါတီမှ အနိုင်ရခဲ့တယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။ အဲဒီနောက်မျာတော့ ချက်ချင်းဆိုသလို ပါတီရဲ့ခိုင်းစေမှုကြောင့်လို့ အများပြည်သူတွေ ခေါင်းစဉ်တပ်နေခဲ့တဲ့ ဆန့်ကျင်ဘက်ပါတီဝင်တွေကို ရဲတွေမှ လိုက်လံဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတော့တယ်။

 

Chad

၂၀၁၉ မတ်လမှစတင်ကာ ချက်ပြည်သူများဟာ Whatsapp, Facebook. Twitter တို့အပြင် email ပါ စစ်လို့မရေတေော့အောင် အစိုးရကနေ ယာယီပိတ်ပင်ခဲ့ပါတယ်။ ယာယီဆိုပေမယ့်လည်း CNN မှာ ဖော်ပြထားကတော့ ၃၆၅ ရက်၊ ၁ နှစ်တိတိဖြစ်ပြီး အကြောင်းအရင်းကတော့ နိုင်ငံရဲ့မြောက်ဖက်မှာရှိနေတဲ့ သမ္မတ Idriss Deby ကို ဆန့်ကျင်မယ့် အဖွဲ့ရဲ့ အင်အားကြီးလာမျာကို စိုးရိမ်ပြီး လုပ်ခဲ့တာပါတဲ့။

READ
(၁၅)နှစ်အောက် ကလေးတွေကို ကျောင်းမှာ ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ပြင်သစ်နိုင်ငံ
By Office of the White House (Amanda Lucidon), CC /Google

ဗင်နီဇွဲလား

ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတ Nicolas Maduro ကတော့ သူ့ကိုဆန့်ကျင်တဲ့ အဓိကအင်အားကြီးပုဂ္ဂိုလ်တစ်ယောက် မိန့်ခွန်းပြောနေတုန်း တစ်နိုင်ငံလုံးနီးပါးအတိုင်းအတာနဲ့ အင်တာနက်ကို ခေတ္တပိတ်ချပစ်လိုက်ခဲ့တဲ့ဖြစ်ရပ်တစ်ခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလထဲမှာ ဖြစ်ပွားခဲ့ပါတယ်။

 

ဇင်ဘာဘွေ

၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက လောင်စာဆီဈေးတက်မှုကြောင့် နိုင်ငံတွင်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြပြီး လူ၈ ယောက်တိတိ အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။ ဒီလိုအထိကရုဏ်းဖြစ်ရပ်တွေကြောင့် သမ္မတ Emmerson Mnangagwa ဟာ အင်တာက်ကို ခေတ္တပိတ်ချပစ်ဖို့အတွက် အမိန့်ပေးခဲ့ပြီး အထိကရုဏ်းမှာဖြစ်နေတဲ့ စိတ်မချမ်းမြေ့ဖွယ်ကာ မြင်ကွင်းတွေကို မီဒီယာတွေနဲ့ ကမ္ဘာအနှံ့ကလူတွေနဲ့ ကန့်လန့်ကာချပစ်ခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ဇင်ဘာဘွေရဲ့ နိုင်ငံတော်တရားရုံးကိုယ်တိုင်က ဇင်ဘာဘွေအစိုးရ အဖွဲ့ကို အင်တာနက်တွေ အသုံးပြုခွင့် ပြန်ပေးဖို့ အမိန့်ချမှတ်ပြီး ဖိအားပေးခဲ့ပါတယ်။

Penny

 

SHARE