ကပ်ဘေးအလွန်ကာလမှာ ခရီးသွားလုပ်ငန်းတွေ အထွတ်ထိပ်ရောက်နိုင်တဲ့ နိုင်ငံ (၇) ခု

Shutterstock- Patrick Foto

လက်ရှိအချိန်မှာတော့ နိုင်ငံတကာခရီးသွားလုပ်ငန်းတွေမပြောနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေတောင် ရပ်နားထားရတဲ့အခြေအနေမလို့ ခရီးသွားလုပ်ငန်းနယ်ပယ်တွေတော်တော်များများဟာ သိပ်အခြေအနေမဟန်ကြတော့ပါဘူး။ ဒါပေမဲ့လည်း ကပ်ရောဂါကြီးကို ကျော်ဖြတ်နိုင်တာနဲ့ အရင်ဆုံးတိုးတက်လာမယ့်လုပ်ငန်းတွေထဲ ခရီးသွားလုပ်ငန်းက ထိပ်ဆုံးပဲလို့ ပညာရှင်တွေကတော့ ဆိုထားကြပါတယ်။

Forbes မဂ္ဂဇင်းမှလည်း ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့တုန်းက ကပ်ဘေးအလွန်ကာလတွေမှာ ခရီးသွားလပ်ငန်းတွေ အထွတ်အထိပ်ရောက်လာနိုင်တဲ့ နိုင်ငံ (၇) နိုင်ငံစာရင်းကို ခန့်မှန်းထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီနိုင်ငံတွေကတော့..

တူနီးရှား

Shutterstock- Mahara

မြေထဲပင်လယ်ကမ်းခြေတွေ၊ ရှေးဟောင်းအဆောက်အဦတွေနဲ့ပြည့်နှက်နေတဲ့ တူနီးရှားမှာတော့ သဲဖြူကျွန်းက အထင်ကရဖြစ်နေပြီး trekking သွားတဲ့ စွန့်စားခရီးတွေ၊နောက် ကမ္ဘာ့အချမ်းသာဆုံ့းမြို့ Garthage လည်းရှိတာကြောင့် လေ့လာစရာနဲ့ အပမ်းဖြေစရာတွေ ကုန်နိုင်မှာတောင်မဟုတ်ပါဘူး။

Shutterstock- YU_M

ဆလိုဗေးနီးယား

Shutterstock- RossHelen

ဆလိုဗေးနီးယားဟာ အီတရီ၊ ခရိုအေးရှား၊ သြစတီးယားတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် အများစုသော ခရီးသွားတွေကတော့ အဲဒီအိမ်နီးချင်းနိုင်ငံတွေဆီကပဲ ရောက်လာတတ်ကြပါတယ်။ တောင်ထူထပ်တဲ့ နိုင်ငံလေးတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ရေမြေတောတောင်သဘာဝ ပေါကြွယ်ဝနေသေးတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံလို့ ဆိုရမှာပါပဲ။

READ
အမြဲတမ်း သတိရနေမယ့် ချင်းတောင်တန်းတွေဆီ…

ဖိလစ်ပိုင်

Shutterstock- Mahara

ကျွန်းပေါင်း ၇,၅၀၀ လောက်နဲ့ ဖွဲ့ဆီးထားတဲ့ ကျွန်းစုနိုင်ငံလေးဟာ တခြားသောအာရှနိုင်ငံတွေလိုပဲ ယဉ်ကျေးမှုပိုင်းမှာ ပေါကြွယ်ဝတဲ့အပြင် မထိတွေ့ရသေးတဲ့ ကျွန်းလေးတွေနဲ့ ရေမြေတောတောင်သဘာဝတွေရှိနေတာမလို့ စိုထိုင်းထိုင်း အိုက်စက်စက် ရာသီဥတုလေးနဲ့ ကမ်းခြေကြိုက်သူတွေအတွက် စိတ်ကြိုက်ဖြစ်စေမှာပါ။

ဂျော်ဂျီယာ

Shutterstock- Boris Stroujko

ဘုရားကျောင်းတွေ၊ ရောင်စုံအိမ်လေးတွေနဲ့ ဖော်ရွေတဲ့ နိုင်ငံသူ နိုင်ငံသားတို့ကြောင့် အေးချမ်းတဲ့ မြို့လေးတွေအများကြီးနေတဲ့ ဂျော်ဂျီယာနိုင်ငံပါ။ Mtkvari မြစ်ကြီးဘေးက စားသောက်ဆိုင်တွေ၊ ဗိသုကာလက်ယာပြောင်မြောက်တဲ့ ဘုရားကျောင်းကြီးတွေဟာ တကယ့်ကို ဆွဲဆောင်မှုရှိတဲ့နေရာတွေပါပဲ။

မြန်မာ

Shutterstock- lkunl

Golden land လို့တင်စားထားကြတဲ့ မြန်မာနိုင်ငံကိုတော့ ကမ္ဘာလှည့်ခရီးသွားတွေ တော်တော်များများဟာ ပုဂံလို ဘုရားပုထိုးတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို လေ့လာလိုတဲ့အတွက် လာရောက်တတ်ကြပါတယ်။ ဒီအပြင် ကမ္ဘာ့အလှဆုံး ကမ်းခြေများထဲမှာ ပါဝင်နေတဲ့ ငပလီတို့၊ ဘိတ်ကျွန်းစုက ကမ်းခြေအသစ်တွေဟာလည်း ရင်သပ်ရှုမောဖွယ်ကောင်းလွန်းလို့ ကမ်းခြေလာချင်ရုံသက်သက် မြန်မာကိုလာခဲ့ကြတဲ့နိုင်ငံခြားသားတွေလည်း မနည်းမနောပါပဲ။ ရေခဲတောင်၊ တောင်ပေါ်၊ မြေပြန့်အပြင် ကမ်းခြေပါရှိနေတာမလို့ မြန်မာနိုင်ငံရောက်ရင် သွားချင်တဲ့နေရာတွေများလွန်းလို့ နှံ့အောင်လည်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ခရီးသွားတွေက စနောက်လေ့ရှိကြပါတယ်။

READ
ထိုင်းကိုသွားမယ်ဆိုရင် ဒါတွေရှောင်ပါ။

အီရန်

Shutterstock- YOUSEFI

Persepolis လို့ခေါ်တဲ့ မြို့ကြီးဟာ ရှေးနှစ်ပေါင်း ၂၅၀၀ လောက်ကတည်းက ရှိနေခဲ့တဲ့ Achaemenid အင်ပါယာရဲ့ ရှေးဟောင်းမြို့တော်ကြီးပါ။ ရှေးခေတ်အမွေအနှစ်ပေါင်းများစွာကို အီရန်မှာ လေ့လာလို့ရမယ့်အပြင် ခေတ်မှီတဲ့ စွန့်စားခရီးတွေကိုလည်း ခံစားနိုင်မှာဖြစ်သလို တောင်တန်းသွားမလား၊ မြေပြန့်လား၊ ပင်လယ်ကမ်းခြေလား အစုံရှိနေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

အီသီယိုးပီးယား

Shutterstock- Aleksandra H. Kossowska

အာဖရိကနိုင်ငံပေါင်း ၅၄ နိုင်ငံရှိတဲ့အနက်မှ အီသီယိုးပီးယားမှာပဲ ရှေးဟောင်းအကျဆုံး ရေမြေတောတောင်သဘာဝတွေဟာ ရင်သပ်ရှုမောဖွယ်တွေ့ရှိရတယ်လို့ ဆိုထားပါတယ်။ မိုးသစ်တောကြီးတွေ၊ အရှေ့ဖက်က တောင်ကြီးတွေနဲ့ ယဉ်ကျေးမှုပေါကြွယ်ဝတဲ့နိုင်ငံဖြစ်တာကြောင့် စိတ်ဝင်စားဖွယ်ကောင်းလွန်းလှပါတယ်။

Penny

 

 

SHARE