K-Pop လို့ဆိုလိုက်တာနဲ့ လူတွေတော်တော်များများရဲ့ စိတ်ထဲမှာ အရောင်နုနုလေးတွေ၊ ချစ်စရောကောင်းတဲ့ ကောင်မလေးတွေ၊ စကပ်ကားကား၊ ဂါဝန်ကားကားလေးတွေနဲ့ ခုန်ပေါက်ပြီးကနေတဲ့ ကောင်မလေးတွေကို အရင်ဆုံးမြင်မိမှာပါပဲ။ ဒါပေမဲ့ K-pop လောကမှာလည်း တကယ့်ကို အကြမ်းစားကြမ်းပြီး မိုက်လွန်းလှတဲ့ international တန်းဝင် အမျိုးသမီး artist တွေရှိလို့နေပါတယ်။ ဒီတစ်ခေါက်မှာတော့ သူတို့အကြောင်းကို ဖော်ပြပေးသွားမှာပါ။ ဘယ်သူတွေလဲ ကြည့်လိုက်ကြရအောင်။
CL
CL ကတော့ အကြမ်းစား female K-pop artist တွေထဲ ထိပ်ဆုံးမှာ နေရာယူထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ CL ဟာ 2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်သလို solo artist အနေနဲ့ဆိုရင်လည်း internationally ကိုအောင်မြင်သူတစ်ဦးပါပဲ။
View this post on Instagram
Jessi
NUNU NANA နဲ့ ပရိတ်သတ်တွေရဲ့ ရင်ခွင်ကို အပိုင်သိမ်းခဲ့တဲ့ Jessi ကတော့ သာမန် K-pop idol တွေနဲ့မတူဘဲနဲ့ အသွင်အပြင်ကစလို့ ပြောပုံဆိုပုံ၊ သီချင်းပုံစံအဆုံး ကွဲပြားလျက်ရှိနေခဲ့တာပါ။
View this post on Instagram
Lee Hyori
K-pop ရဲ့ first generation အဖွဲ့တွေထဲ ပါဝင်ခဲ့တဲ့ Lee Hyori ဟာလည်း ၂၀၀၃ ခုနှစ်ကတည်းက solo artist အနေနဲ့ ရပ်တည်နေခဲ့ပြီးတော့ sexy ကျတဲ့ အသွင်အပြင်ကြောင့် အကြမ်းစား artist တွေထဲ ချန်ထားလို့မရတဲ့သူတစ်ဦးပါ။
Hwasa
လုံးဝ cool ဖြစ်ပြီးတော့ သာမန် အသားဖြူဖြူ၊ ပိန်ပိန်ပါးပါးနဲ့ ချစ်ဖို့ကောင်းတဲ့ ကိုရီးယားမအသွင်တွေထဲက ခွဲထွက်နေပြီးတော့ အနုပညာအရည်အချင်းမှာလည်း ပြည့်ဝနေသူတစ်ဦးဖြစ်ပါတယ်။ Mamamoo ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် အခုအချိန်မှာလည်း ခပ်မိုက်မိုက်အစ်မတွေနဲ့အတူတူ အဖွဲ့သစ်တစ်ခုကို တည်ထောင်ထားခဲ့ပါတယ်။
View this post on Instagram
HyunA
HyunA ကတော့ အရင် 4Minute အဖွဲ့ဝင်ဟောင်းတစ်ဦးပါ။ လက်ရှိမှာတော့ P Nation ရဲ့ အောက်မှာ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပါတယ်။ Hyun A ဟာလည်း သူမရဲ့ဖျော်ဖြေပုံနဲ့ ၀တ်ပုံစားပုံတွေဟာ သာမန်ကိုရီးယားအမြင်တွေနဲ့ ခွဲထွက်နေတဲ့အတွက်ကြောင့် ခဏခဏကို အဝေဖန်ခံခဲ့ဖူးပါတယ်။
View this post on Instagram
Hyolyn
SISTAR ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ Hyolyn ဟာ သူမရဲ့ ညိုစိမ့်စိမ့်အသားအရကြောင့် ကိုရီးယားတွေရဲ့ beauty standard တွေထဲက ခွဲထွက်ကာ အမိုက်စားဖြစ်နေတဲ့သူတစ်ဦးပါ။ အသံပါဝါကောင်းတာကြောင့်လည်း အနုပညာပညာလောကမှာ ချီးကျူးခြင်းခံထားရသူပါ။
View this post on Instagram
Penny