ဂင်းနစ်စံချိန်အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ်အချက် ၇ ချက်

GuniessWorldRecords.com

ကမ္ဘာမှာ သူမတူတဲ့စွမ်းအင်တွေ၊ ပုံပန်းသဏ္ဍာန်တွေနဲ့ လုပ်ဆောင်ချက်တွေကိုသာ သင့်ဆီမှာ ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင်တော့ ဂင်းနစ်စံချိန်တင်ဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါတယ်။ ကလေးကအစ လူကြီးအဆုံး အကုန်လုံးနဲ့ရင်းနှီးနေခဲ့တဲ့ ဂင်းနစ်စံချိန်ရဲ့ လူသိပ်မသိသေးဘဲ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေထဲက ၇ ချက်ကို Mental Floss မှ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

(၁) ကမ္ဘာ့ဂင်းနစ်စံချိန်ဆိုတာ ပိုင်ရှင်ရှိပါတယ်။

ဒါဟာ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အရာအားလုံး အို်င်ရာလန်က လူကြီးတစ်ယောက်က အစပြုခဲ့တာပါ။ ၁၉၅၄ ခုနှစ်မှာ The Guinness Book of World Records ဆိုတဲ့ နာမည်ကို တရားဝင်မှတ်ပုံတင်သွင်းပြီး အခုသိကြတဲ့အတိုင်း ကမ္ဘာပေါ်မှာရှိတဲ့ သူမတူတဲ့စွမ်းရည်နဲ့ပုံပန်းသဏ္ဍာန်တွေကို နှစ်စဉ်အမြဲတမ်းကောက်ယူစီစစ်နေခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ထဲမှာတောာ့ မူရင်းကုမ္ပဏီကနေပြီး Diageo ဆိုတဲ့ ကုမ္ပဏီက ဝယ်ယူလက်လွှဲဝယ်ယူကာ နာမည်ကိုလည်း Guinness World Records ဆိုပြီး ပြောင်းလဲပစ်ခဲ့ပါတယ်။ အဲဒီကနေမှတစ်ဆင့် Gullane Entertainment ဆိုတဲ့ ဆက်စပ်အခွဲတစ်ခုကိုပြုလုပ်ခဲ့ပြီး ရှိုးတော်တော်များများမှာ ပရိုဂျူဆာအဖြစ် တာဝန်ယူပြီးတဲ့နောက်မှာတော့ Jim Pattison အုပ်စုဆီကို ထပ်မံရောင်းချခဲ့ပါတယ်။

(၂) ပထမဆုံးဂင်းနစ်စံချိန်စာအုပ်ကို တည်ဖြတ်မှုကြာချိန်

အကြိမ်ကြိမ်တည်းဖြတ်ခဲ့ပြီး မထုတ်ဝေခင် နောက်ဆုံးတစ်ခေါက်တည်းဖြတ်မှုနဲ့တင် ၁၃ ပတ်နဲ့ နာရီ ၉၀ ကြာခဲ့ပါတယ်တဲ့။ စာမျက်နှာပေါင်း ၁၉၈ မျက်နှာရှိနေပြီး စစချင်းထုတ်တဲ့စာအုပ်ဖြစ်တာကြောင့် အိုင်ယာလန်နဲ့ ဗြိတိန်တို့မှာ အပ်ရေပေါင်း ၈ သောင်းကျော်ကို အခမဲ့ဖြန့်ချီခဲ့ပါတယ်။ ဒါကြောင့်ပဲလားမသိဘူး၊ ၁၉၅၅ ခုနှစ်ရဲ့ ခရစ်စမတ်မှာတော့ The Guinness Book of Records ဆိုတဲ့ စာအုပ်ဟာ ကမ္ဘာ့ဝယ်လိုအားအများဆုံး နံပါတ်တစ်နေရာမှာရှိသွားခဲ့ပါတယ်။

READ
ကမ္ဘာပေါ်က ထူးခြားဆန်းပြားပြီး ဂြိုလ်သား ကမ္ဘာဆန်တဲ့နေရာများ
GuinessWorldRecord.com

(၃) ဂင်းနစ်စံချိန်ထဲမှာ ပြောင်းလဲမှုအများဆုံးဆု

ပြောခဲ့တဲ့အတိုင်း နှစ်တိုင်းလိုလို၊ လတိုင်းလိုလိုမှာ စံချိန်တစ်ခုကို နောက်ထပ်စံချိန်အသစ်တစ်ခုနဲ့ ကျော်ဖြတ်မယ့်သူတွေ များနေလျက်ပါ။ အဲဒီအထဲကမှ ပြောင်းလဲမှုအများဆုံးကတော့ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးဆိုတဲ့ နေရာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ၁၁၆ နှစ်ရှိနေတဲ့ ဘရွတ်ကလင်းမှ Susannah Mushatt Jones က စံချိန်တင်ထားနိုင်ခဲ့ပြီး အသက်ရှည်ဆေးကတော့ အိပ်တာပါပဲတဲ့။

(၄) ကမ္ဘာ့ဂင်းနစ်စံချိန်အများဆုံးတင်နိုင်ခဲ့သူ

Ashrita Furman .ဆိုတဲ့ အမျိုးသားဟာ ဂင်းနစ်စံချိန်တောင်မှ ပြန်ပြီးစံချိန်ချိုးခဲ့တဲ့ အမျိုးသားလို့ဆိုရမှာပါပဲ။ ၁၉၇၉ ခုနှစ်တုန်းကစတင်ကာ ခြေကား လက်ကား၊ ခြေပြန်စု လက်ပြန်စုကာ ခုန်ပြီးကစားရတဲ့ အားကစားနည်း jumping jacks ကို အခေါက်ပေါင်း ၂၇,၀၀၀ တောင် လုပ်နိုင်ခဲ့တဲ့အတွ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ အဲဒီကနေမှ ဆုပေါင်း ၅၀၀ ရတဲ့အထိ စံချိန်ချိုးနိုင်ခဲ့ပေမယ့် နှစ်တိုင်းလိုလို စံချိန်အသစ်တွေနဲ့ ဂင်းနစ်ဆုရလူတွေကို ကျော်ဖြတ်ဖို့ကြိုးစားနေတဲ့ နောက်လူတွေကြောင့် Ashrita Furman ဟာ ယခုဆိုရင်တော့ ဆုပေါင်း ၂၀၀ တိတိကိုသာ ပိုင်ဆိုင်ထားပါတော့တယ်။

(၅) ဂင်းနစ်စံချိန်ဝင်နိုင်ခဲ့တဲ့ သမ္မတဟောင်းအိုဘားမား

ဂင်းနစ်စံချိန်တင်ခဲ့တာကတော့ Twitter မှာ အချိန်ခဏလေးအတွင်း အမြန်ဆုံး follower ပေါင်း သန်းနဲ့ချီရသွားတဲ့ကိစ္စပါ။ အိုဘားမားးဟာ ၄ နာရီနဲ့ ၅၂ မိနစ်တည်းနဲ့ follower ပေါင်း ၁ သန်းတိတိ မေလ ၁၈ ရက်နေ့တုနန်းက သူ့ကို follow လုပ်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂ ပတ်ပဲအကြာမှာတော့ Kylie နဲ့ Kendell တို့ရဲ့ လိင်ပြောင်းအမျိုးသား ဖခင် Caitlyn Jenner ဟာ ၄၉ မိနစ်တည်းနဲ့ follower ပေါင်း ၁ သန်းပြည့်ခဲ့တဲ့အတွက် အိုဘားမားကို အပြတ်အသတ်စံချိန်ချိုးသွားခဲ့ပါတယ်။

READ
အရပ်(၆၂.၈)စင်တီမီတာသာရှိတဲ့ ကမ္ဘာ့အပုဆုံး အမျိုးသမီး
Caitylyn Jenner and Obamaa Instagram

(၆) ဂင်းနစ်စံချိန်တင်ဖို့ လျှောက်လွှာတွေကြောင့် အမြဲစိတ်ညစ်ရတဲ့ဝန်ထမ်းများ

ဝန်ထမ်းတွေဟာ တစ်ပတ်ကို လျှောက်လွှာပေါင်း ၁ ထောင်ကျော်နဲ့ ရင်ဆိုင်နေရပြီး နှစ်ချုပ်စာရင်းထဲကမှ ၈% သာ ဆုကို ပိုင်ဆိုင်ဖို့ ထိုက်တန်တဲ့လူတွေဖြစ်နေခဲ့ပါတယ်။ လျှောက်လွှာအပယ်ချခံရတဲ့ အများဆုံးအဓိကအကြောင်းအရင်းကတော့ သက်သေသက်ကမခိုင်ခုံလိုပဲဖြစ်ပါတယ်။ လျှောက်လွှာတင်တာနဲ့ ဝန်ထမ်းတွေဖက်က ဗီဒီယိုမှတ်တမ်းတွေ၊ ဓာတ်ပုံတွေနဲ့ မျက်မြင်သက်သေ၊ မီဒီယာအထောက်အထား စတာတွေထဲက သက်သေခိုင်ခိုင်လုံလုံရှိကာမှ လျှောက်လွှာလက်ခံတာပဲဖြစ်ပါတယ်။

(၇) ဂင်းနစ်စံချိန်စာအုပ်ကပဲ ဂင်းနစ်စံချိန်ပြန်တင်သလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်

နှစ်စဉ်ထုတ်ဝေနေကျဖြစ်တဲ့ စာအုပ်တွေထဲ Guinness World Records စာအုပ်ဟာ ၁၉၅၅ ခုနှစ်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ အုပ်ရေပေါင်း ၁၃၂,၀၀၂,၅၄၂ အုပ်နဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး နှစ်စဉ်ထုတ်စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။

Penny

Ref : Wikipedia , GuinnessWorldRecords.com

SHARE