အထူုးဖြင့် နိုင်ငံခြားရုပ်ရှင်တွေမှာပေါ့။ မရင်းနှီးသေးတဲ့ သိပ်လှတဲ့ပတ်ဝန်းကျင်က ရှုခင်းတွေကို ရုပ်ရှင်တွေထဲမှာ တွေ့လိုက်ရတဲ့အခါ အဲဒီနေရာတွေကို ကိုယ်တိုင်သွားလည်ချင်စိတ်တွေ ဖြစ်ဖူးကြမယ်လို့ထင်ပါတယ်။ ဒီတစ်ခေါက် ခရီးသွားကဏ္ဍမှာတော့ Marvel က superhero ပရိတ်သတ်တွေအတွက် အထူး ဦးစားပေးထားတာပါ။ The Travel ဆိုတဲ့ ဝဘ်ဆိုဒ်မှာဖော်ပြထားတဲ့ MCU ရုပ်ရှင်တွေထဲက တကယ်သွားလည်လို့ရတဲ့နေရာ တွေထဲက တချို့ကို ကိုးကားဖော်ပြလိုက်ပါတယ်။ ဒီတော့ ဘယ်နေရာတွေဟာ CGI effect တွေနဲ့မလုပ်ထာားဘဲ အပြင်မှာတကယ်ရှိတာလဲ၊ ဘယ်နေရာတွေကို ကိုယ်တိုင်သွားပြီး ကြည့်နိုင်မလဆိုတာ ဆက်ဖတ်လိုက်ရအောင်။
(၁) The Avengers ထဲက Loki စကားပြောတဲ့နေရာ
အဲဒီအခန်းမှာ Loki ဟာ Captain America နဲ့ လူတွေရှေ့မှာ စကားအများကြီးပြောကြတာကို မှတ်မိမယ်ထင်ပါတယ်။ အဲဒီဇာတ်ဝင်ခန်းကိုတော့ အိုဟိုင်းရိုးက ကလိဗ့်လန်းရဲ့ Public Square မှာ ရိုက်ကူးထားတာပါ။

(၂) Black Panther ထဲက Warrior Falls
MCU ရုပ်ရှင်တွေထဲ အလှဆုံးရှုခင်းတွေကို ခံစားရတဲ့ ရုပ်ရှင်တစ်ကားကတော့ Black Panther လို့ပဲ ပြောပါရစေ။ Black Panther နဲ့ Erik Killmonger တို့ အချင်းချင်း တိုက်ပွဲဝင်ခဲ့ကြတဲ့ Warrior Falls ဟာ အပြင်မှာ Iguazú နာမည်နဲ့ ရေတံခွန်ကြီးတစ်ခုဖြဖစ်ပါတယ်။ အာဂျင်တီးနားနဲ့ ဘရာဇီးနယ်စပ်မှာတည်ရှိပါတယ်။
(၃) Iron Man ထဲက STARK Industries
၂၀၀၈ ခုနှစ် ပထမဆုံး Iron Man ရုပ်ရှင်ထဲမှာ စတွေ့ခဲ့ရတဲ့ Tony Stark ရဲ့ အောက်အဦကတော့ Irvine California ထဲက Masimo Headquarters ပါတဲ့။ Masimo ဟာ ဆေးဝါးနည်းပညာဆိုင်ရာ ကုမ္ပဏီအဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ တီထွင်မှုအသစ်တွေကို စမ်းသပ်လေ့ရှိတဲ့နေရာတစ်ခုပါ။

(၄) Civil War ထဲက လေဆိပ်အခန်း
Captain America နဲ့ Tony Stark တို့ နှစ်ဖွဲ့ကွဲသွားပြီးနောက် လေဆိပ်မှာအပီအပြင်ဖိုက်တင်ပလေးကြတဲ့အခန်းကတော့ ဂျာမဏီ၊ Schkeuditz က Leipzig/Halle လေဆိပ်မှာ ရိုက်ကူးထားခဲ့တာပါ။

(၅)Iron Man II ထဲက ဒိုးနပ်ဆိုင်
ဒိုးနပ်ကွင်းဆိုင်းဘုတ်ကြီးပေါ်မှာ ထိုင်နေတဲ့ Iron-Man ကို ဒီကားထဲမှာ မြင်တွေ့ရမှာဖြစ်ပြီး အဲဒီနေရာကတော့ Randy’s Donuts ဆိုတဲ့ ဒိုးနပ်ဆိုင်လေးပါ။ ကယ်လီဖိုးနီးယားရဲ့ Inglewood မှာ တည်ရှိနေပါတယ်။
(၆) Spider-Man တက်တဲ့ကျောင်း
ကျောင်းကိုတော့ အပြင်ပိုင်းတွေနဲ့တချို့ကဒ်တွေမှာ ဘရွတ်ကလင်းက Franklin K.Lane အထက်တန်းကျောင်းမှာ ရိုက်ကူးထားပေမယ့် တချို့ကဒ်တွေကိုတော့ ဂျော်ဂျီယာ၊ အတ္တလန္တာက Henry W.Grady ဆိုတဲ့အထက်တန်းကျောင်းမှာ ရိုက်ကူးထားခဲ့တာပါတဲ့။
(၇) Captain Marvel ထဲက လေတပ်စခန်း
ကယ်လီဖိုးနီးယား၊ Kern County ရဲ့ Edwards လေတပ်စခန်းမှာ ရိုက်ကူးထားခဲ့တာပါ။ လည်ပတ်လေ့လာခွင့်ပြုထားပေမယ့် သွားလည်မယ်ဆိုရင်တော့ သူတို့ကိုကြိုတင်ဆက်သွယ်ကာ ငြှိရမှာဖြစ်ပါတယ်။
(၈) Avengers Tower
အပြင်ပိုင်းကိုတော့ CGI effect တွေနဲ့ လုပ်ထားပေမယ့် အတွင်းပိုင်းကတော့ မန်ဟန်တန်၊ 200 Park Ave မှာ တည်ရှိတဲ့ MetLife Building ပါ။
Penny