အလှအပချစ်သူသူတွေလုပ်တတ်ကြတဲ့ ထူးထူးဆန်းဆန်းပလတ်စတစ်ဆာဂျရီ ၆ ခု

@boomnboom808/Instagram

အခုခေတ်က မိတ်ကပ်လိမ်းရုံတင်မဟုတ်တော့ဘဲ အလှအပချစ်သူများအဖို့ နောက်တစ်ဆင့်တက်ဖို့ မျက်နှာခွဲစိတ်ပြုပြင်တာတွေ မျိုးစုံလုပ်လာခဲ့ကြပါပြီ။ ဒီအထဲကမှ လူလုပ်အများဆုံးနဲ့ ထူးထူးဆန်းဆန်းရှိလှတဲ့ ခွဲစိတ်ပြုပြင်နည်းတွေနဲ့ Fabiosa မှ ကောက်နုတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

ချက်ပြုပြင်ခြင်း

မြန်မာအခေါ် ချက်ထီးတို့၊ ချက်မတို့ရှိကြတဲ့အပြင် ချက်လားရာမလှလို့ ချက်ပေါ်လေးတွေ မဝတ်ရဲသူလေးတွေကတော့ ချက်ကိုလည်း ပြုပြင်လေ့ရှိကြပါတယ်။

@boomnboom808/Instagram

မျက်လုံးအရောင်ပြုပြင်ခြင်း

မျက်ကပ်မှန်တပ်တာမျိုးမဟုတ်ဘဲ မျက်လုံးကိုအရောင်ထည့်ပြီး အရောင်ပြောင်းလိုက်တာပါ။ တစ်ဘဝလုံးစာခံတယ်တဲ့နော်။

@boomnboom808/Instagram

ခြေချောင်းပြုပြင်ခြင်း

တချို့ခြေချောင်းလေးတွေဆို သွယ်သွယ်လေးတွေနဲ့ စင်းစင်းလေးတွေဆိုတော့ ကြည့်ရတာသိပ်လှတာပဲလေ။ အဲဒီလိုချြေောင်းလေးတွေ သွယ်လှဖို့ကိုလည်း ခွဲစိတ်ပြုပြင်ကြပါတယ်တဲ့။

@boomnboom808/Instagram

မျက်တောင်စိုက်ခြင်း

မျက်တောင်စိုက်တာနဲ့ ဆက်တာနဲ့မတူပါဘူးနော်။ ပျိုပျိုမေတွေလုပ်လေ့ရှိတာက မျက်တောင်ဆက်တာဖြစ်ပြီး ဒီမျက်တောင်စိုက်တာကတော့ မျက်ခွံကိုခွဲကာဆံပင်စိုက်သလိုစိုက်တာပါ။

@boomnboom808/Instagram

သွားဖုံးပေါ်တဲ့အပြုံးတွေကိုပြုပြင်ခြင်း

ရယ်လိုက်တဲ့အခါ မြင်းကြီးတွေနဲ့တူတယ်ဆိုပြီး အပြောခံရဖူးတယ်မလား။ Gingivectomy လို့ခေါ်တဲ့ ခွဲစိတ်ပြုပြင်မှုကတော့ botox တွေပါပြီး အပေါ်နှုတ်ခမ်းကို ပြဲပြင်ကာ သွားဖုံးက ပိုနေတဲ့နေရာတွေကို ဖြတ်ထုတ်လိုက်တဲ့ ခွဲစိတ်မှုမျိုးပါ။

READ
ကမ္ဘာအနှံ့အပြားက စိတ်ဝင်စားဖွယ် မတူညီတဲ့ထောင်အစားအစာများ
@boomnboom808/Instagram

Penny

SHARE