Jennifer Lopez ရဲ့ ဘဝအကြောင်း လူသိပ်မသိကြတဲ့ အချက် ၇ ချက်အကြောင်း

@jenniferlopez/Instagram

ဟောလိဝုဒ်ကအကျော်မော်တွေထဲ တစ်ကမ္ဘာလုံးအနှံ့အထိ ပေါက်တဲ့ အနုပညာရှင်အနည်းစုထဲမှာ Jennifer Lopez ကတော့ ထိပ်ဆုံးက ပါဝင်လို့နေခဲ့ပါတယ်။ အဆိုတော်၊ အကပညာရှင်၊ ရုပ်ရှင်မင်းသမီး၊ ဖက်ရှက်ဒီဇိုင်နာတစ်ယောက်၊ ပရဟိတသမားကောင်းတစ်ယောက်ဖြစ်တဲ့အပြင်ကိုမှ မိခင်ကောင်း၊ သမီးကောင်းတစ်ယောက်အဖြစ် လူသိများနေပေမယ်လို့ တကယ်တမ်းသူမကြောင်းကို ထဲထဲဝင်ဝင်မသိတဲ့ ပရိတ်သတ်တချို့လည်း ရှိနေပါသေးတယ်။ ဘယ်လိုအချက်တွေဖြစ်မလဲဆိုတာကို Insider မှတစ်ဆင့် ကိုးကားဖော်ပြပေးလိုက်ပါတယ်။

(၁) Jennifer Lopez အဆိုတော်မဖြစ်ခင်တုန်းက New Kids on the Blocks တို့၊ Janet Jackson တို့လိုအဆိုတော်တွေဆီမှာ နောက်ခံအကသမားတစ်ယောက်အဖြစဖ် လုပ်ကိုင်ဖူးပါတယ်။ New Kids on the Blocks နဲ့ ၁၉၉၁ ခုနှစ်တုန်းက American Music Awards မှာ ကပြခဲ့တုန်းက လူသတိထားမိလာကာ နောက်ပိုင်း Janet Jackson ရရဲ့ That’s the Way Love Goes ဆိုတဲ့ သီချင်းဗီဒီယိုမှာ အကသမားအဖြစ်ပါဝင်ကာ သူမအိပ်မက်တစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။

@jenniferlopez/Instagram

(၂) Jlo တစ်ယောက် ရေမွှေးထုတ်တာ သိကြလား။ ၂၀၀၂ ခုနှစ်ကတည်းက ရေမွှေးတွေထုတ်လာတာ ၂၀၁၈ ခုနှစ်မှာတော့ အမျိုးသားရေမွှေးတစ်ခုအပါအဝင် ရေမွှေးပေါင်းး အခု ၂၀ လောက်ရှိနေခဲ့ပါပြီ။ နာမည်အကြီးဆုံးကတော့ JLust ဆိုတဲ့ နာမည်နဲ့ ရေမွှေးဖြစ်ပြီး apple blossom, စံပါယ်အနံ့နဲ့ ဗင်နီလာသစ်ခွတို့ပါဝင်နေပါတယ်။

READ
မိန်းမလိုချင်​ပါတယ်​လို့ ဆိုလာတဲ့ ဂျက်​စတင်​ဘီဘာ

(၃) ရေမွှေးထုတ်တာအပြင် Jlo ဟာ သူမရဲ့မန်နေဂျာ Benny Medina နဲ့အတူတူ Nuyorican ဆိုတဲ့ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ၂၀၀၀ ခုနှစ်အစောပိုင်းတုန်းက တည်ထောင်ခဲ့ပါတယ်။ ရုပ်ရှင်တွေနဲ့ TV show တော်တော်များများကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီအထဲကမှ နာမည်ကြီးတွေကတော့ “The Fosters” တို့၊ World of Dance တို့ဖြစ်ပါတယ်။

@jenniferlopez/Instagram

(၄) Jennifer Lopez ဟာ အစ်မဖြစ်သူနဲ့ Lopez Family Foundation ဆိုတဲ့ ပရဟိတလုပ်ငန်းတစ်ခုကို ၂၀၀၉ ခုနှစ်တုန်းက တည်ထောင်ခဲ့ပါတယ်။ အဓိကကတော့ ကျန်းမာရေးအပိုင်းအတွက်ဖြစ်ပြီး အစ်မဖြစ်သူ Lynda Lopez နဲ့အတူတူ ဦးဆောင်နေပါတယ်။ ကျန်းမာရေးလုပ်ငန်းတွေအပြင်ကိုမှ အမျိုးသားနဲ့ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေအတွက်ပါ ပူးတွဲဆောင်ရွက်ပေးနေခဲ့တာပါ။ စစချင်းတုန်းကတော့ The Maribel Foundation လို့ Jennifer Lopez အမျိုးသားရဲ့ ကလေးဘဝတုန်းကဦးနှောက်အကျိတ်နဲ့ ဆုံးသွားခဲ့တဲ့ ညီမဖြစ်သူနာမည်ကိုအစွဲပြုပေးထားခဲ့ပေမယ့် နှစ်အနည်းငယ်လောက်အကြာမှာပဲ နာမည်ပြန်ပြောင်းခဲ့ပါတယ်။

Lopez Family Foundation

(၅) ၂၀၀၈ ခုနှစ်တုန်းက Jennifer Lopez ဟာ အားကစားသုံးခုပေါင်ကိုတပြိုင်နက်တည်းကစားရတဲ့ triathlon ကို ၂ နာရီ၊ ၂၃ မိနစ်နဲ့ ၂၈ စက္ကန့်အတွင်းမှာ ပြီးအောင်ကစားနိုင်ခဲ့ပါတယ်။ အားကစားသုံးမျိုးထဲမှာ ရေကူး၊ စက်ဘီးစီးနဲ့ အပြေးပြိုင်ခြင်းတို့ပါဝင်ပြီး ၃ နာရီအတွင်းအပြီးလုပ်နိုင်ဖို့ဆိုတာ ပုံမှန်အပြေးသမားတောင် မလုပ်နိုင်တဲ့အရာပါတဲ့။

READ
မင်္ဂလာပွဲအကြောင်း ထုတ်ပြောလိုက်တဲ့ Dj Push နဲ့ Jooy Warattaya
@jenniferlopez/Instagram

(၆) နောက်ထပ်လူသိပ်မသိကြတဲ့ အချက်တစ်ချက်ကတော့ Jlo ဟာ reality TV shows တွေကို သိပ်သဘောကျတယ်ဆိုတာပါပဲ။ Jlo ဟာ American Idol အပါအဝင် World of Dance, Mob Wife စတဲ့ နာမည်ကျော် reality show တွေမှာလည်း ပျော်ပျော်ကြီးပါဝင်နေခဲ့တာပါ။

(၇) ၁၉၉၉ ခုနှစ်မှာ ပထမဆုံးထုတ်ခဲ့တဲ့ တေးအယ်လ်ဘမ်ရဲ့နာမည်ဟာဆိုရင် နယူးယောက်အရှေ့မြောက်ပိုင်း ဘရောင့်စ်နဲ့ မန်ဟက်တန်တို့ကို နေ့စဉ်ပြေးဆွဲနေတဲ့ မြေအောက်ရထားနံပါတ်ပါ။ သူမအဆိုတော်ဖြစ်ဖို့အတွက် နေ့စဉ် နံပါတ် ၆ ကို နေ့တိုင်းခေါက်တုန့်ခေါက်ပြန်စီးခဲ့ရတာပါတဲ့။ နာမည်ကတော့ On the 6 ဖြစ်ပြီး If You Had My Love တို့ Waiting for Tonight တို့လို နာမည်ကြီးသီချင်းတွေပါဝင်နေပါတယ်။

@jenniferlopez/Instagram

Penny

 

SHARE