Vape နဲ့ ပြင်းထန်အဆုတ်ရောဂါဟာ ဆက်စပ်နေကြောင်း ဆရာဝန်များဆို

Pexels/Thorn Yang

ကျန်းမာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တွေက အီးစီးကရက်တွေ သောက်သုံးခြင်းကြောင့် လူငယ်တွေကြားမှာ ပြင်းထန်တဲ့အဆုတ်ဝေဒနာတွေ ရလာနိုင်တယ်ဆိုတာကို စုံစမ်းစစ်ဆေးလျက် ရှိနေကြောင်း Healthline အွန်လိုင်းသတင်းအရ သိရပါတယ်။ သြဂုတ်လအစောပိုင်းတုန်းကလည်း အမေရိကန် အီလီနွိုက်ပြည်နယ်က ၀င်ကာဆန်မြို့မှာ ဆယ်ကျော်သက်(၁၁) ဦးနဲ့ လူငယ်အချို့ဟာ vape သောက်ပြီး အဆုတ်ပျက်စီးခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရတဲ့အပြင် မကြာသေးခင်လည်း vape သောက်သုံးလို့ လူတစ်ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း သတင်းတွေထွက်လာခဲ့ပါသေးတယ်။ Vape သောက်သုံးပြီး အဆုတ်ပျက်စီးတဲ့လူတွေထဲမှာ အသက်(၄၀) အောက်ထိ ပါဝင်တယ်လို့ သိရပါတယ်။

National Center for Health Research မှ ဆရာဝန် ဒိုင်ယာနာဇက်ကာမန်းဆိုသူကတော့ တော်တော်လေး ကြောက်ဖို့ ကောင်းပါတယ်။ များသောအားဖြင့် အသက်ငယ်ငယ်လေးထဲက ဒါမှမဟုတ် ဆယ်ကျော်သက်တည်းကစပြီး အချို့ဆေးလိပ်သောက်တဲ့သူတွေတောင် သူတို့အသက် လေး၊ငါးဆယ် ၀န်းကျင်မှာတောင် အဆုတ်ကင်ဆာရှိတယ်လို့ မကြားမိပါဘူး။ အခုကလေးတွေကတော့ ကြည့်ပါဦး။ ဆယ်ကျော်သက်အရွယ်ကလေးတွေနဲ့ ဆေးရုံမှာ နေရရှာတယ်..” လို့ ဆိုပါတယ်။

Pexels/Ruslan Alekso

ဒီစစ်တမ်းဟာ ၀င်ကာဆန်နေ လူငယ်လေးတစ်ယောက်က လမ်းဘေးအရောင်းသမားတစ်ယောက်ဆီကနေ ဈေးပေါပေါနဲ့ vape cartridge တွေကို ၀ယ်သုံးရာမှ ဆေးရုံမှာ ကိုမာဖြစ်ခဲ့ရတာပါ။ အဆိုပါလူငယ်လေးဟာ အသက်(၂၆) နှစ်ပဲ ရှိပါသေးတယ်။ ဈေးပေါတဲ့ cartridge တွေကို ၀ယ်သုံးပါများတဲ့အခါ အဆုတ်အပြင် အခြားကိုယ်တွင်းအင်္ဂါတွေလည်း ပျက်စီးခဲ့ရပါတယ်။ လူ့အသက်ကို ဆုံးရှူံးလုနီးနီးအထိ အန္တရာယ်ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ဖလော်ရီဒါပြည်နယ်နေထိုင်သူ လူငယ်လေးတစ်ယောက်ဟာလည်း podထဲမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် သူလည်း အသက်ထိခိုက်လုနီးနီးထိ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ တာဝန်ရှိသူတွေဟာ vape နဲ့ ပတ်သက်တဲ့ပစ္စည်းတွေနဲ့ ဈေးပေါပေါ ဓာတုပစ္စည်းများများနဲ့ လမ်းဘေးရောင်းနေတဲ့ တရားမ၀င်ဆိုင်တွေကို လိုက်လံဖမ်းဆီးနေကြောင်းလည်း သိရပါတယ်။

National Academies of Sciences က ထုတ်ပြန်တဲ့ (၂၀၁၈) ခုနှစ် မှတ်တမ်းမှာတော့ အီးစီးကရက်အများစုဟာ နီကိုတင်းအပြင် အခြားအဆိပ်ရှိတဲ့ပစ္စည်းတွေလည်း အများကြီးပါကြောင်း ဆိုထားပါတယ်။ ၄င်းပစ္စည်းတွေကတော့ ဆဲလ်တွေကို ပျက်စီးစေပြီး အဆုတ် ဒါမှမဟုတ် နှလုံးနဲ့ဆက်စပ်တဲ့ရောဂါတွေကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အီးစီးကရက်တွေမှာ ultrafine particles လို့ခေါ်တဲ့ အမှူန်တွေကို လွှင့်ထုတ်ပေးတာကြောင့် ရလဒ်အနေနဲ့ အဆုတ်မှာ ရောင်ယမ်းဝေဒနာမျိုးတွေ ဖြစ်ပွားစေနိုင်ပါသေးတယ်။

Pexels/Isabella Mendes

အီးစီးကရက်တွေကြောင့် အဆုတ်ပျက်စီးတာအပြင် အတက်ရောဂါ၊ နှလုံးရောဂါနဲ့ စိတ်ကျဝေဒနာတွေလည်း ၀င်ရောက်နိုင်ပါတယ်။ ကျန်းမာရေးပညာရှင်တွေအနေနဲ့ နောက်ထပ်စိုးရိမ်နေတာတစ်ခုက ဈေးကွက်မှာရှိနေတဲ့ အီးစီးကရက်တွေအားလုံးမှာ မ၀ယ်ခင် preview ပေးထားတာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် FDA အနေနဲ့ အီးစီးကရက်ပစ္စည်းတွေကို ဈေးကွက်ထဲ မရောက်ခင်မှာ သေချာ review ပေးပြီးမှ သူတို့ရဲ့ အကျိုးရလဒ်ကို သုံးစွဲသူတွေထံ သိစေသင့်တယ်လို့လည်း ပညာရှင်တွေက ဆွေးနွေးနေကြပါတယ်။

လင်းလင်း (ShweMom)

SHARE