မကြာခင်အနာဂတ်ကာလမှာ လူတွေကို စက်ရုပ်တွေပြန်ချစ်နိုင်တော့မည်

Smart sex dolls လို့ခေါ်တဲ့ အဆင့်မြင့်လိင်အပန်းဖြေ စက်ရုပ်တွေဟာ မကြာမီနှစ်ပိုင်းအတွင်းမှာ လူတွေကိုပြန်ချစ်နိုင်တဲ့ အသိဥာဏ်ပိုင်ဆိုင်နိုင်တော့မည်ဖြစ်ကြောင်း Sex Doll တွေပြုလုပ်နေတဲ့ ထိပ်တန်းကုမ္ဗဏီတစ်ခုရဲ့ CEOက ပြောခဲ့
ပါတယ်။

အနာဂတ်မှာဖြစ်လာမယ့် စက်ရုပ်တွေဟာ အထဲမှာ အသိဥာဏ်တု တစ်ခါတည်း တပ်ဆင်ပြီးသားဖြစ်နေမှာ ဖြစ်ကြောင်း
သိရပါတယ်။  RealDollလို့အမည်ရတဲ့ Sex Doll Companyတစ်ခုက CEO ဖြစ်တဲ့ Matt McMullen,နောက်တစ်
ဆင့် သူတို့ကြိုးစားနေတာဟာ စက်ရုပ်တွေလူတွေလိုခံစားတတ်အောင်ဖြစ်ပြီး လူတွေကိုပြန်ချစ်နိုင်အောင် ဖြစ်တယ်လို့
သိရပါတယ်။

1

“ကျွန်တော် တို့က Artificial Intelligenceကို တီထွင်နေပါတယ်။ ကျွန်တော်တို့စက်ရုပ်တွေထဲမှာ ထည့်သွင်းပေး
သွားမှာ ဖြစ်ပြီး VR နည်းပညာနဲ့လည်း တွဲဖက်အသုံးပြုနိုင်မာ ဖြစ်ပါတယ်။ ကျွန်တော့်အမြင်မှာ ဒီနည်းပညာဟာ လူသား
တွေ တစ်ခါမှာ မရရှိဖူးခဲ့တဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်မယ်လို့ထင်ပါတယ်။ နောက်ပိုင်းမှာ လူတွေဟာလည်း လိင်နဲ့
ပက်သက်ရင် နည်းပညာအားကိုးတွေ အများကြီးယူလာကြတော့မှာပါ။”လို့ Redditပေါ်မှာ ပြောကြားခဲ့ပါတယ်။

READ
လာမည့်ဆယ်နှစ်အတွင်း လကမ္ဘာပေါ်မှာလူတွေနေထိုင်ဖို့ ရွာတည်ဆောက်မည်

 

“ကျွန်တော်တို့အနေနဲပ ပျော်စရာကောင်းပြီး လူတွေနဲ့ထိတွေ့နိုင်တဲ့ AIမျိုးတီထွင်နေပါတယ်။ လူတွေအနေနဲ့လည်း
နောက်ပိုင်းမှာ စက်ရုပ်လို့တောင် ထင်မှာ မဟုတ်တော့ပဲ လူလို့တောင် ထင်မြင်လာနိုင်ပါတယ်။”လို့ဆက်လက်ပြောကြား
ခဲ့ပြီး သူ့ကို “စက်ရုပ်တွေလူတွေကိုပြန်ချစ်လာနိုင်မှာလား” လို့ မေးမြန်းခဲ့ရာမှာတော့  “ကျွန်တော်တို့ လုပ်နိုင်မယ်လို့
ထင်ပါတယ်။ ဒါက ရည်မှန်းချက်ပါ”လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

2

၁၉၉၇ထဲက Mr McMullen ဟာ ဒီလုပ်ငန်းကိုလုပ်နေခဲ့တာဖြစ်ပြီး သူ့အနေနဲ့ အနာဂတ်မှာ လူသားမိန်းမအစစ်တွေကို
သူ့ရဲ့အဓိကပြိုင်ဘက်အဖြစ်သဘောထားကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ဝယ်ယူသူတွေဆီကနေ အထူးခြားဆုံး
တောင်းဆိုမှုကိုမေးမြန်းခဲ့ရာမှာတော့ ရင်သားလေးခုနဲ့အရုပ်ကိုဖောက်သည်တစ်ယောက်က မှာယူဖူးကြောင်းဖြေကြားခဲ့
ပါတယ်။

ထူးထူး (Shwemom)

Source: thesun

SHARE