ကိုယ်ကြိတ်ခိုက်နေတဲ့ Crushရဲ့ ပုံစံတူအတိုင်း Sex Robotတွေကို မှာယူနိုင်တော့မည်

မကြာသေးခင်ကာလတုန်းက Sex Robot တွေကို မိမိနှစ်သက်တဲ့ Cele တွေရဲ့ ပုံစံအတိုင်း မှာယူနိုင်တော့ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပဲ အခုအခါမှာတော့ ကိုယ် တိတ်တိတ်ကလေး ခိုးပြီး Crush နေမိတဲ့ တစ်စုံတစ်
ယောက်ရဲ့ ပုံစံမျိုး Sex Robot တွေကို စိတ်ကြိုက် မှာယူနိုင်တော့မှာ ဖြစ်ပါတယ်။

2010 ပြည့်နှစ်နောက်ပိုင်းမှာ Sex Doll စက်ရုံတွေရဲ့ ၀င်ငွေပမာဏဟာ တဟုန်ထိုးမြင့်တက်လာခဲ့ပြီးနောက် ကမ္ဘာတစ်
ဝှမ်းက အမှာတွေကိုလည်း တိုးမြင့်လက်ခံရရှိခဲ့ကြပါတယ်။ အထူးသဖြင့်တော့ အိမ်ထောင်မရှိတဲ့ အမျိုးသားတွေက မှာယူမှု အများဆုံးဖြစ်ပြီး၊ ရောင်းချရမှုမှာလည်း တွင်ကျယ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ Sex Doll ထုတ်လုပ်တဲ့ စက်ရုံတွေဟာ နည်းပညာတွေကို အဆင့်မြင်တင်ထုတ်လုပ်လာကြပြီး၊ စကား
ပြောနိုင်သော၊ လိုသလို ကွေး၍ဆန့်၍ရသော၊ လူသား၏ အထိအတွေ့နဲ့ မခြားတဲ့ အသားအရေပုံစံနဲ့ Sex Robot တွေကို တီထွင်နိုင်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ပိုပြီး အဆင့်မြင့်တဲ့အနေနဲ့ မိမိတို့ကြိုက်နှစ်သက်ရာ Cele တွေရဲ့ မျက်နှာသွင်ပြင် ခန္ဓာကိုယ်အချိုးအစားအတိုင်း Sex Robot တွေကို ထုတ်လုပ်ရောင်းချတော့မယ်လို့ Sex Doll လုပ်ငန်းခွင်တွေက အပြိုင်အဆိုင် ကြေငြာ ခဲ့ကြပါတယ်။ ဒါပေမယ့် ပြဿနာအနည်းငယ်တော့ ရှိနေသေးပြီး အခုအချိန်ထိတော့ ကာယကံရှင် Cele တွေရဲ့ ခွင့်ပြု
ချက်က မရရှိသေးပါဘူး။

READ
ဖုန်းပြောတဲ့အသံကို ဘေးလူတွေမကြားအောင် ကာကွယ်ပေးမယ့် Mask

အခု ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ Sex Robot တွေကို မိမိ Crush နေတဲ့ တစ်စုံတစ်ယောက်ရဲ့ ပုံစံအတိုင်း၊ စကားပြောတဲ့ အသံကလည်း တစ်သွေမတိမ်း တူညီမှာဖြစ်တယ်လို့ ဆိုပါတယ်။ Love and Sex with Robots စာအုပ်ကို ရေးသားထုတ်ဝေခဲ့တဲ့ ပါမောက္ခ ဒေါက်တာ David Levy က မိမိသဘောကျတဲ့ ဆန့်ကျင်ဘက်လိင်ရဲ့ ပုံစံနဲ့ အသံနဲ့ ခန္ဓာကိုယ်အနေအထားအတိုင်း မှာယူနိုင်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

David Levy က ” နည်းပညာတွေက တိုးတက်လာပါပြီ … လျှပ်စစ်အသံကို ထည့်သွင်းပေးထားမှာမို့ ပြင်ပမှာ တကယ့်လူအစစ်ရဲ့ အသံတိုင်း ဖြစ်စေရမှာပါ … သင်တို့ နှစ်သက်မြတ်နိုးတဲ့သူတစ်ယောက်ရဲ့ ပုံစံ အသံတွေကအစ တူညီပါလိမ့်
မယ် … ဒီလို လုပ်ဖို့အတွက်တော့ သာမန်ကာယကံရှင်ဟာ Cele တွေလို တူညီတဲ့ အခွင့်အရေးတော့ မရနိုင်ပါဘူး … “လို့ ဆိုပါတယ်။

READ
ပြန်လည်အသုံးပြုနိုင်သော အာကာသ ဒုံးပျံကို လွှတ်တင်နိုင်ခဲ့တဲ့ SpaceX

ဟောလီဝုဒ်စတားတွေရဲ့ ရုပ်ပုံတွေနဲ့ဖန်တီးထားတဲ့ Sex Robot တွေကိုလည်း မကြာမီမှာ ကျယ်ပြန့်စွာ ရောင်းချသွားဖို့ ရှိနေပြီး၊ ဒီလို ပုံရိပ်တွေ အသုံးပြုခွင့်တွေအတွက်လည်း အလွန်များပြားတဲ့ ငွေကြေးပမာဏနဲ့ Cele တွေအဖို့ ကမ်းလှမ်းခံရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Crush ရဲ့ ပုံစံအတိုင်း လိုချင်လို့ ကာယကံရှင်ကို သွားရောက်ခွင့်တောင်းရင်
ဘယ်သူကမှ သဘောတူမှာ မဟုတ်တဲ့အတွက် ဒီကိစ္စမှာတော့ နားလည်မှုနဲ့သာ ပြုလုပ်ဖန်တီးပေးသွားဖို့ ရှိနေပါတယ်။

လင်းဇော်ကို (Shwemom)

source : dailystar.co.uk

SHARE