တစ်ယောက်နဲ့တစ်ယောက်လိမ်ညာခြင်းဟာ အချစ်ရေးကိုပိုပြီးကောင်းမွန်စေတယ်လို့ဆို

Victoria 1/Shutterstock

အိမ်ထောင်ရေးအတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးက စုံတွဲတွေအနေနဲ့ မိမိရဲ့ကြင်ယာဘက်က လိမ်ညာနေတယ်ဆိုရင် များများ ခွင့်လွှတ်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လူတစ်ယောက်ဟာ ဟန်ဆောင် လိမ်ညာတာများရင် အိမ်ထောင်ရေးတစ်ခုကို ပြိုကွဲစေတယ်ဆိုပြီး အများက လက်ခံထားခဲ့တာပါ။

ဒါပေမယ့် ဒီ Sex therapist ကတော့ အများနဲ့ မတူပါဘူး။ သူမ အမည်ကတော့ Matty Silver ဖြစ်ပြီး၊ လိမ်ညာတယ်ဆိုတဲ့ ပြစ်ချက်ကြောင့်၊ လက်ရှိအိမ်ထောင်ရေး ပြိုကွဲစရာမလိုအပ်ကြောင်း၊ လိမ်ညာခြင်းက အချစ်ရေးကို ပိုမိုခိုင်မာစေကြောင်း အကြံပြုခဲ့ပါတယ်။ သူမက ဒီအကြောင်းကို news.com.au မှာလည်း ဆောင်းပါး ရေးသားခဲ့ပါသေးတယ်။

fizkes/Shutterstock

Matty က “ ဖောက်ပြန်မှုတစ်ခု ဘယ်လိုဖြစ်လာလဲဆိုတာကို စတင်နားလည်လာချိန်မှာ … စုံတွဲတွေကြား အဖြေမရှိသေးတဲ့ ပုစ္ဆာတွေကို ရှင်းရှင်းလင်းလင်းနဲ့ အဖြေတွေရှာဖို့ ကူညီပေးနိုင်ပါတယ် ”လို့ ပြောပါတယ်။ Matty ဟာ Sex Down Under ကို ရေးသားသူဖြစ်ပြီး၊ သြစတြေးလျမှာ ပြိုကွဲတဲ့ အိမ်ထောင်ရေးအများစုဟာ လိမ်ညာခြင်းထက်၊ ဖောက်ပြန်ခြင်း ပြစ်ချက်တွေကြောင့်လို့ ပြောပါတယ်။

ဒီကနေဆင့်ကဲဖြစ်လာတဲ့ ကွာရှင်းမှုတွေဟာ လုံးဝမရှိသင့်ဘူးလို့ ပြောခဲ့ပါတယ်။ သူမက ဥရောပနိုင်ငံတစ်ချို့မှာ လိမ်ညာခြင်းရဲ့ အခြေခံသဘောထားတွေကို ပိုလက်ခံလာခဲ့ပြီးနောက်ပိုင်း၊ လင်မယားကွာရှင်းမှုတွေလည်း နည်းပါးလာတယ်လို့ ပြောပါတယ်။

fizkes/Shutterstock

ဒါပေမယ့် အများခံယူထားတဲ့ အချက်တွေနဲ့ ကွဲလွဲနေတဲ့ သူမရဲ့အကြံပြုမှုတွေဟာ တကယ်တမ်း လက်ခံဖို့ လွယ်ပါ့မလားဆိုတာတော့ မသေချာပါဘူး။ Matty က “ လိမ်ညာမှုနဲ့ ပတ်သက်လို့ တစ်ဖက်မှာ ဖောက်ပြန်နေတယ်ဆိုပြီး ခွင့်မလွတ်နိုင်ဘူးဆိုတဲ့ သဘောထားတွေ ရှိနေပါတယ် … ဒါဟာ စုံတွဲတွေကို ကွဲကွာစေပြီး၊ ထိခိုက်နစ်နာမှုတွေ ဖြစ်စေသလို၊ ကလေးတွကိုပါ စိတ်ဒဏ်ရာတွေ ရစေနိုင်ပါတယ် ”လို့ ထောက်ပြခဲ့ပါတယ်။

လိမ်လည်မှုကို သဘောတရားအရ နားလည်လာတဲ့အခါ အချစ်ရေး ပိုပြီးအဆင်ပြေလာမယ်လို့ သူမက ပြောခဲ့တာပါ။ သူမက လိမ်ညာတာက အချစ်ရေးကို အဆုံးသတ်စေတာ မဟုတ်ဘဲ၊ အဲဒီအစား အချစ်ရေးကို ပိုပြီးသန်မာစေတယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

Victoria 1/Shutterstock

နေသူရိန်

SHARE