ရေလှိုင်းကြားထဲက လူတွေကို လိုက်ကယ်ရင်းနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ WWE နပန်းသမားဟောင်း

[email protected]

WWE နပန်းသမားဟောင်း တစ်ယောက်ဖြစ်တဲ့ Shad Gaspard ကတော့ မေလ(၂၀)ရက်နေ့က ကွယ်လွန်သွားပြီပဲ ဖြစ်ပါတယ်။ ဒီလိုကွယ်လွန်သွားရတာလည်း တစ်ခြားအကြောင်းကြောင့်တော့ မဟုတ်ပါဘူး။ ရေလှိုင်းကြားမြှ ဒုက္ခရောက်နေတဲ့ လူတွေကို လိုက်ကယ်ရင်းနဲ့ပဲ ရေလှိုင်းနဲ့ မျောပါပြီး ရေနစ်သေဆုံးသွားကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B_8rh6qgUK2/

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်တုန်းက Lockdown စည်းမျဉ်းတွေ ပြန်လျှော့ချလိုက်တဲ့အပြင် ကမ်းခြေတော်တော်များများပါ တရားဝင်ပြန်ဖွင့်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် LA က လူတော်တော်များများဟာ LA မြို့မှာရှိတဲ့ နာမည်ကြီး ကမ်းခြေတစ်ခုဖြစ်တဲ့ Venice ကမ်းခြေမှာ အပန်းဖြေနေကြသလို အဲဒီလူတွေထဲမှာလည်း Shad နဲ့ သူ့သားလေး Aryeh တို့လည်း ပါပါတယ်။ Shad တို့ သားအဖနှစ်ဦးကမ်းစပ်မှာ ရေကစားနေတုန်း ရုတ်တရက်ဆိုသလို ရေလှိုင်းတွေက ကြီးလာပြီး လူတော်တော်များများကို ရေလှိုင်းအရှိန်နဲ့ ပြန်ဆွဲချသွားပါတယ်။

READ
Facebook နဲ့တင် အချိန်ကုန်နေတဲ့သမီးရဲ့ လည်ပင်းကို ဖခင်ဖြစ်သူကဓားနဲ့လှီး

 

အဲဒီလို ရေလှိုင်းဆွဲချသွားတဲ့အထဲမှာ Shad နဲ့ သူ့သားလေး Aryeh တို့လည်း ပါ,ပါတယ်။ ဒီလိုရေလှိုင်းကြီးတွေ တက်လာတာနဲ့ တစ်ပြိုင်နက် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ပင်လယ်ထဲကို အချိန်မှီရောက်လာပြီး ရေလှိုင်းနဲ့ ပါသွားတဲ့သူတွေကို လိုက်လံကယ်ဆယ်ခဲ့ပါတယ်။ သူတို့သားအဖနှစ်ယောက်နားဆီ အသက်ကယ်သမားရောက်တော့ Shad ဟာ Aryeh ကိုပဲ အသက်ကယ်သမားလက်ထဲ ထည့်ပေးရင်း ကမ်းခြေကို အရင်သွားဖို့နဲ့ ခပ်လှမ်းလှမ်းမှာ ရေလှိုင်းနဲ့ ပါသွားတဲ့ လူတစ်ယောက်ကို မြင်လိုက်လို့ သူသွားကယ်အုံးမယ်လို့ ပြောပြီး ထွက်သွားခဲ့ပါတယ်။

READ
ဘေရွတ်ပေါက်ကွဲမှုကြီးကို အနီးကပ်မှတ်တမ်းတင်နိုင်ခဲ့တဲ့ Jet Skier တစ်ဦးရဲ့အဖြစ်

Shad ဟာ အဲ့ဒီလူကို ကယ်တင်နိုင်ခဲ့ပေမယ့် တစ်ခြားလူတွေကို ရှာဦးမယ်ဆိုပြီး ရေထဲ နောက်တစ်ခေါက် ဆင်းသွားရာမှာ ပြန်ပေါ်မလာတော့တာလည်း ဖြစ်ပါတယ်။ ပင်လယ်ထဲထိ လိုက်ရှာပေမယ့် Shad ကို မတွေ့ရပဲ နောက်နှစ်ရက်လောက်ကြာမှ Shad ရဲ့ အလောင်းကို ကမ်းစပ်မှာတွေ့ခဲ့ရပါတယ်။

https://www.instagram.com/p/B_sK4zZgFe3/

Pyi Hein Kyaw

SHARE