SRK နဲ့ Amitabh Bachchan တို့အတူ ပေါင်းဆုံမယ့် ဘောလိဝုဒ်ဇာတ်ကားသစ်

ဘောလိဝုဒ်ရဲ့ အကျော်အမော် ဒိတ်ဒိတ်ကြဲ နှစ်ယောက် ဖြစ်တဲ့ မင်းသားကြီး Amitabh Bachchan နဲ့ Shah Rukh Khan တို့ကတော့ ဇာတ်ကားတစ်ခုကို အတူဖန်တီးသွားကြမယ်လို့ သိရပါတယ်။ ဒါရိုက်တာ Sujoy Ghosh ရဲ့ ရာဇ၀တ်မှု သည်းထိတ်ရင်ဖို ဇာတ်ကား Badla မှာ အတူပေါင်းဆုံကြမှာပါ။ မင်းသမီးTaapsee Pannu လည်း ဒီကား မှာ ပါဝင်သွားမှာပါ။ ဒီကားဟာဆိုရင် မင်းသမီး  Taapsee  နဲ့ မင်းသားကြီး Amitabh Bachchan တို့ရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်လာမှာပါ။ သူတို့နှစ်ဦးဟာ အရင်က Pink ဇာတ်ကားမှာအတူ ဆုံခဲ့ဖူးပါတယ်။

indianexpres

Shah Rukh Khan ကတော့ ဒီကားမှာ producer အဖြစ် ပါဝင်သွားမှာပါ။” Amitabh Bachchan ကို မင်းသား အဖြစ် ရလိုက်တာဟာ တိုက်ပွဲကို တစ်ဝက်နိုင်လိုက်တာပါပဲ.. သူဟာ ဒါရိုက်တာတစ်ယောက်ရဲ့ ပျော်ရွှင်ဝမ်းမြောက်စရာ တစ်ခုပဲ..မင်းသားကြီး Amitabh Bachchan နဲ့ ရိုက်ရမှာမို့ အရမ်း စိတ်လှုပ်ရှားမိပါတယ်။ အဲ့လိုပဲ တစ်ဖက်မှာလည်း မင်းသမီး Taapsee နဲ့လည်း လက်တွဲလုပ်ဖို့ ကြိုးစားနေပါတယ် .. သူမနဲ့အတူ ရိုက်ကူးဖို့အတွက် Perfect ဇာတ်ကားပါ .. ဒီကားကို Shah Rukh Khan က ထုတ်လုပ်မယ် ဆိုတာကလည်း ကျတော့်ရဲ့ စိတ်လှုပ်ရှားမှုကို နှစ်ဆပိုတိုးသွားစေပါတယ်..” ဆိုပြီး Badla ရဲ့ ဒါရိုက်တာ Sujoy Ghosh  ကပြောပါတယ်။

READ
ဆက်ဆံရေး ပြန်အဆင်ပြေသွားတဲ့ Selena Gomez နဲ့ Justin Bieber
indianexpress

Sujoy Ghosh ဟာ Amitabh နဲ့ အတူ တွဲပြီး  Aladin နဲ့  Te3n ဇာတ်ကားတွေကို ရိုက်ခဲ့ဖူးပါတယ်။Amitabh နဲ့  SRK တို့ကတော့ လွန်ခဲ့တဲ့ (၁၀)နှစ်က Bhoothnath ဇာတ်ကားမှာ အတူဆုံခဲ့ဖူးပါတယ်။ အခုရိုက်မယ့် Badla ကတော့ စပိန်ဇာတ်ကား The Invisible Guest ကို ဘောလိဝုဒ်ဗားရှင်းနဲ့ ပြန်ရိုက်မှာပါ။

Source indianexpress

SHARE