ဘန်ဂလိုအိမ်ကြီးကို ပလတ်စတစ်တွေနဲ့ ဖုံးကာ ပစ်လိုက်တဲ့ Shah Rukh Khan

Image:IG/SRK/twitter/@Watsupptoday1

ဘောလိဝုဒ် မင်းသားကြီး Shah Rukh Khan နဲ့ ပတ်သက်ပြီး အွန် လိုင်း ပေါ်မှာ လူ ပြော များနေတဲ့ အ ကြောင်းအရင် တစ်ခုကို Shwemom စာဖတ်သူတွေ အတွက် ပြန်လည် ဝေမျှ ပေးချင်ပါတယ်။ Shah Rukh Khan တစ်ယောက် သူ့ရဲ့ အိမ် ကို ပလတ်စတစ် တွေ နဲ့ ဖုံး ကာ လိုက်တဲ့ အ ကြောင်း  ပါ။ရုတ် တရက် ကြီး အိမ်ကို ပလတ်စတစ်တွေနဲ့ ကာလိုက်တဲ့ အ ကြောင်းကို တော့ hindustantimes မှာ ဖော်ပြ ထားတာပါ။

ပင်လယ်ကို မျက်နှာ မူ ထားတဲ့ ဘန်ဂလို Mannat ကို တော့ ပလတ်စတစ် စ တွေ နဲ့ ကာ လိုက်ပါတယ်။ Mumbai မိုး ကို ကြို တင် ကာကွယ်တဲ့ အ နေနဲ့ ကာလိုက်တာပါ။အိမ်ကို ပလတ်စတစ် နဲ့ ကာ ထားတဲ့ ပုံတွေက တော့ ဆိုရှယ်မီဒီယာ ပေါ် မှာ ပြန့် သွား ခဲ့ပါတယ်။အခုလ အ စောပိုင်း တုန်းက လည်း Mumbai မှာ (၂၀၁၅) နောက်ပိုင်း (၂၄)နာရီ အတွင်း စံချိန် တင် မိုးရွာ သွန်းမှု ဖြစ် ပေါ် ခဲ့ပါတယ်။ဇူလိုင် ပထမ (၁၆) ရက် မှာ ရွာ တဲ့ မိုးက (၁၀၂၄)မီလီမီတာရှိပြီး လစဉ် ပျှမ်းမျှ (၁၂၂)ရာခိုင်နှုန်း ပါ။

Shah Rukh က တော့ Mannat  ဟာ သူ့ရဲ့ ပိုင်ဆိုင်မှု တွေ ထဲမှာ  တန်ဖိုး အကြီးဆုံး လို့ ပြော ခဲ့ဖူးပါတယ်။ Mumb ai ကို ပထမဆုံး အကြိမ် ရောက်လာတုန်းက ဇနီးဖြစ်သူ Gauri Khan နဲ့ အတူတူ တိုက် ခန်း သေး သေးလေး မှာ နေခဲ့ရတာပါ။ ယောက္ခမ ဖြစ်သူ က  အိမ် လေးက သေးလိုက်တာ ဆိုပြီး မကြာခဏ ပြောတာကို လည်း ခံခဲ့ရ ဖူးတယ်လို့  ဆိုပါတယ်။

အဲ့ဒီတည်းက သူ့မှာ အိမ် ၀ယ်ဖို့ စိတ်ကူးရခဲ့တာ  ဖြစ်ကြောင်းMannat  က ပုံမှန် ဘန်ဂလို ဖြစ်ပြီး ၀ယ်သင့်တယ်ထင်လို့ ၀ယ် ခဲ့တာ လို့ Radio Mirchi နဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ အနုပညာ လှုပ်ရှားမှု အ နေနဲ့ ဆိုရင် တော့ Shah Rukh ဟာ လက်ရှိမှာ Netflix original film Class of 83 ထွက် ရှိ ရေး အတွက် ကြိုးစားနေပါတယ်။ထုတ် လုပ် ရေး ပိုင်းမှာ တာဝန်ယူထားတာပါ။ဒါရိုက်တာ Atul Sabharwal က ရိုက်ကူး ထားတာပါ။မင်းသား Bobby Deol  ကို တော့ ဒီကားထဲမှာ ရဲ က နေ ရဲ နည်းပြ ဆရာ အဖြစ် ပြောင်းလဲ သွားတဲ့ အမျိုးသား ဇာတ်ကောင် အ နေနဲ့ မြင်ရမှာပါ။

#SHWEMOM

SHARE