နားထဲရေ၀င်ရင် ရေထွက်ဖို့ ခေါင်းအတင်းရမ်းခါခြင်းဟာ အန္တရာယ်ရှိကြောင်း သိရ

unsplash/Haley Phelps

ရေကူးရင်ပဲ ဖြစ်ဖြစ် ရေချိုးရင်ပဲ ဖြစ်ဖြစ် အခန့်မသင့်တဲ့အခါ နားထဲ ရေ၀င်တာမျိုး ရှိတတ်ပါတယ်။ နားထဲရေ၀င်သွားတဲ့အခါ ရေမြန်မြန်ထွက်အောင်ဆိုပြီး အချို့က ခေါင်းကို အတင်း ခါရမ်းလှုပ်ရှားတတ်ကြပါတယ်။ လေ့လာချက်တွေအရတော့ ဒီလိုအပြုအမူဟာ ဦးနှောက်ပျက်စီးခြင်းအပါအ၀င် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဆီ ဦးတည်နေပါတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကလေးတွေဆိုရင် ပိုပြီးစိုးရိမ်ရတယ်လို့ Cornell University ရဲ့ လေ့လာချက်မှာ ဆိုပါတယ်။ လေ့လာချက်ထဲ ပါဝင်တဲ့ အင်ဂျင်နီယာကျောင်းသားဖြစ်သူ အာနူဂ်ျဘာစ်ကိုတာကတော့ နားအတွင်းထဲက ရေအပြင်ကိုထွက်ဖို့ လိုအပ်တဲ့ အရှိန်ပေါ်မှာ အသေးစိတ်သုတေသနပြုခဲ့တယ်လို့ ပြောပြပါတယ်။

unsplash/Jessica Flavia

အာနူဂ်ျအပါအ၀င် ပညာရှင်တွေဟာ 3D ပရင့်ထုတ်ထားတဲ့ နားတွင်းပိုင်းအပါအ၀င် ဖန်ပြွန်ချောင်းတွေနဲ့ လက်တွေ့စမ်းသပ်ခဲ့ကြပါတယ်။ ဒီအခါ တွေ့ရတာက ကလေးတွေရဲ့ နားအရွယ်အစားနဲ့ဆိုရင် နားအတွင်းထဲက ရေအပြင်ထွက်ဖို့သာ လူကြီးတွေထက် ဆယ်ဆ ပိုအရှိန်ပြင်းပြင်းယူရတယ်ဆိုတာပါပဲ။ ဒါကြောင့် ဦးနှောက်ပျက်စီးတဲ့အထိ ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြတာပါ။

READ
ဘယ်လောက်ဝိတ်ချချ ဗိုက်တစ်လုံးက မကျသွားရတဲ့ အံ့သြစရာအကြောင်းရင်းများ

ဒီစမ်းသပ်ချက်ဟာ ဓာတ်ခွဲခန်းပစ္စည်းတွေနဲ့သာ စမ်းသပ်လို့ ရလာတဲ့ ရလဒ်ဖြစ်ပါတယ်။ တကယ့်လူသားအစစ်နဲ့ စမ်းသပ်မှုတွေ မလုပ်ခဲ့ပေမယ့်လည်း ဓာတ်ခွဲခန်း ရလဒ်တွေကိုတော့ လျစ်လျူရှုထားလို့ မရပါဘူး။ ဒါကြောင့် နားထဲ ရေ၀င်ပြီဆိုရင် ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းတာမျိုး မလုပ်ကြဖို့ သတိချပ်သင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE