နိုင်ငံခြားကျောင်းသားတစ်ယောက်ကို တရုတ်ကျောင်းသူ(၃)ယောက်နဲ့တွဲစေခဲ့တဲ့ တက္ကသိုလ်

Wechat/山东大学研究生会

တရုတ်နိုင်ငံတွင်းက တက္ကသိုလ်တစ်ခုဖြစ်တဲ့ ရှန်ဒေါင်းတက္ကသိုလ်ရဲ့အစီအစဉ်တစ်ခုကတော့ သင် ကြားလိုက်တာနဲ့ လုံးဝကို အံ့သြသွားမှာပါ။ ဒီတက္ကသိုလ်က နိုင်ငံခြားကျောင်းသားတွေ များပြားလာဖို့အတွက် ထူးခြားတဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပြီး အဲဒါကတော့ နိုင်ငံခြားကနေ လာရောက်ကျောင်းတက်ကြတဲ့ ကျောင်းသားတွေကို တရုတ်ကျောင်းသူ (၃)ယောက်နဲ့ တွဲဖက် စာသင်စေတာပဲဖြစ်ပါတယ်။

(၂၀၁၆)ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီ အစီအစဉ်က တကယ်ပဲ အလုပ်ဖြစ်ခဲ့ပြီး တက္ကသိုလ်မှာ လာတက်ကြရတဲ့ နိုင်ငံခြားသားလူငယ်တွေဟာ စာသင်နှစ်တစ်နှစ်အတွက် တရုတ်ကျောင်းသူ(၃)ယောက်နဲ့ တွဲထားပေးခြင်းခံခဲ့ကြရတာပါ။

 

ကျောင်းတာဝန်ရှိသူတွေရဲ့ ရည်ရွယ်ချက်က ဒီကျောင်းသူမိန်းကလေးတွေဟာ နိုင်ငံခြားကျောင်းသားတွေရဲ့ အခက်အခဲတွေ၊ အကူအညီလိုတာတွေကို ကူညီပေးဖို့ဖြစ်ပြီး စာသင်ကြားမှုမှာ အခက်အခဲမရှိစေဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

READ
ခရီးသည်တစ်ဦးက လေအလွန်အကျွံလည်လို့ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ လေယာဉ်

ဒါပေမယ့် (၂၀၁၈)ခုနှစ်အရောက်မှာတော့ နိုင်ငံခြားကျောင်းသား (၄၇)ယောက်အတွက် တရုတ်ကျောင်းသူ (၁၄၁) ဦးကို တွဲဖက်ပေးခဲ့ခြင်းဟာ ဆိုရှယ်မီဒီယာတွေထက်မှာ ပေါက်ကြားသွားခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

 

ဆိုရှယ်မီဒီယာတွေထက်မှာတော့ ဒီ အစီအစဉ်ဟာ နိုင်ငံခြားကျောင်းသားတွေအတွက် ပျော်စရာကောင်းတဲ့အစီအစဉ်တစ်ခုပဲလို့ မှတ်ချက်ပေးနေကြပြီး ကျောင်းသားတွေဟာ ဒီကျောင်းသူ (၃)ယောက်နဲ့အတူ အတူသောက်တာ၊ စားတာ၊ ခရီးသွားကြတာအပြင် အဆင်ပြေရင် လိင်ကိစ္စအတွက်ပါ အသုံးချလို့ရတယ်ဆိုပြီး မှတ်ချက်တွေပေးနေခဲ့ကြတာပါ။

နောက်ဆုံးမှာတော့ ဆိုရှယ်မီဒီယာထက်မှာ တစ်စထက်တစ်စ များပြားလာတဲ့ မှတ်ချက်တွေကြောင့် ရှန်ဒေါင်းတက္ကသိုလ်တာဝန်ရှိသူတွေဟာ လူသိရှင်ကြား ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပြီး သူတို့ရဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ အထင်လွဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် ၀မ်းနည်းကြောင်း အသိပေးခဲ့ရတာပါ။

READ
ဗုံးသယ်လာသူဟု ယူဆရသူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

 

ဒါပေမယ့် လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံအနှံ့က ကျောင်းတွေမှာ “Buddy System” လို့ခေါ်တဲ့ ဒီစနစ်ကို ကျင့်သုံးနေကြပြီဖြစ်ပြီး နိုင်ငံခြားကျောင်းသားတွေအတွက်လည်း အထောက်အကူဖြစ်သလို ၊ ဒေသခံတွေအနေနဲ့လည်း နိုင်ငံခြားဘာသာစကားကို မကြောက်မရွံ့ပြောနိုင်မှာဖြစ်လို့ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပြီလို့ shanghai.ist သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

Source : shanghai.ist

SHARE