အသားစားတောရိုင်းတိရစ္ဆာန်ကြီးတွေနဲ့ မိတ်ဆွေရင်းတွေပမာဖြစ်နေတဲ့ တောခေါင်းလေး

တောင်အာဖရိကန်တောခေါင်းလေးတစ်ဦးဟာ အန္တရာယ်များတဲ့ တောကောင်ကြီးတွေနဲ့ မိတ်ဆွေဖွဲ့ထားတဲ့ လူငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူဟာ ချီတာ၊ ခြင်္သေ့နဲ့ ဟိုင်အီးနားလို အသားစားသတ္တ၀ါတွေအပြင် သစ်ကုလားအုတ်နဲ့ပါ ရင်းရင်းနှီးနှီးရှိနေတာကို တွေ့မြင်ရပါတယ်။ တောခေါင်းလေးနာမည်ကတော့ ရှန်ဒေါ် လာရန်တီ ဆိုပါတယ်။ အောက်မှာ တွေ့မြင်ရမှာကတော့ ရှန်ဒေါ်ဟာ တောင်အာဖရိက မြို့တစ်မြို့ဖြစ်တဲ့ ဂျိုအန်းစ်ဘာ့ဂ်အနီးမှာရှိတဲ့ ခြင်္သေ့ဥယျာဉ်ထဲ လှည့်လည်သွားလာနေတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။

Barcroft Images
Barcroft Images

အသက်(၂၄) နှစ်သာရှိတဲ့ တောခေါင်းလေးက တိရစ္ဆာန်ကြီးတွေနဲ့ တွေ့ထိရတာကိုတောင် မကြောက်ရွံ့ပဲ သက်တောင့်သက်သာ ရှိနေပုံပေါ်ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ သူ့ကို ဟိုင်အီးနားလို တောခွေးရိုင်းရဲ့ မျက်နှာကို ကိုင်ပြီး သွားဖြဲခိုင်း၊ စနောက်နေတာကို တွေ့ရမှာပါ။ ရှန်ဒေါ်ဟာ ခြင်္သေ့ကြီးတစ်ကောင်ကိုလည်း ပက်လက်လှန်ခိုင်းထားပြီး ခြင်္သေ့ကြီးရဲ့ ခြေထောက်ကို နှိပ်ပေးနေတာကိုလည်း ထူးထူးခြားခြား မြင်ရပါတယ်။

Barcroft Images
Barcroft Images

ဓာတ်ပုံတွေကို ကြည့်ရုံနဲ့တင် ရှန်ဒေါ်နဲ့ သူစောင့်ရှောက်နေရတဲ့ တိရစ္ဆာန်ကြီးတွေကြားမှာ ရှိနေတဲ့ သံယောဇဉ်က အတိုင်းအတာတစ်ခုထိ နက်ရှိုင်းနေပြီဆိုတာကို သိနိုင်ပါတယ်။ သားရဲတိရစ္ဆာန်တွေနဲ့ မကြောက်မရွံ့ လက်ပွန်းတတီးနေနေတဲ့ ရှန်ဒေါ်ရဲ့ သတ္တိကတော့ သြချရလောက်အောင်ပါပဲ။

READ
ဈေးဝယ်သူအဖိုးနဲ့ စတိုးဆိုင်ဝန်ထမ်းလေးတို့ကြားထဲက စိတ်ကြည်နူးဖွယ်ဖြစ်ရပ်လေး
Barcroft Images
Barcroft Images

ရှန်ဒေါ်က အခုသူလုပ်နေတဲ့ အလုပ်ဟာ သူ့ရဲ့ အိပ်မက်အလုပ်ပါလို့ ဆိုပါတယ်။ အလုပ်များတာကြောင့် သူ့အနေနဲ့ အချစ်ရေးကို မစဉ်းစားဖြစ်ပါဘူးလို့လည်း ရှန်ဒေါ်က ပြောပြပါတယ်။ သူ့သူငယ်ချင်းတွေက အလုပ်အားလို့ လူငယ်သဘာဝအလျောက် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည် ပျော်ပါးနေချိန်မှာ သူကတော့ ညဆိုင်းတွေဆင်းရင်း အချိန်ကုန်လေ့ရှိပါတယ်။ ဟိုင်းအီးနားတွေရဲ့ အညစ်အကြေးတွေကို လှည်းကျင်းပေးတာ၊ နေမကောင်းဖြစ်နေတဲ့ ခြင်္သေ့တွေကို ပြုစုတာ၊ အနာဖြစ်နေတဲ့ သစ်ကုလားအုတ်တွေကို လိုက်ကြည့်ပြီး အစာကျွေးတာ စတာတွေနဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိသူပါ။

Barcroft Images
Barcroft Images

သဘာဝသစ်တောကြိုးဝိုင်းထဲ အလည်အပတ်လာသူတွေကတော့ ရှန်ဒေါ်နဲ့ တိရစ္ဆာန်ကြီးတွေကြားက ရင်းနှီးမှုကို ကြည့်ပြီး အံ့သြမဆုံးနိုင်အောင် ဖြစ်နေကြပါတယ်။ ရှန်ဒေါ်ကတော့ “တိရစ္ဆာန်ကြီးတွေနဲ့ ဆက်ဆံရတာကို လွယ်တယ်လို့ မသတ်မှတ်ရဘူးဗျ။ အမြဲတမ်းသတိထားနေရတယ်။ သစ်ကုလားအုတ်ပဲဖြစ်ဖြစ်၊ ခြင်္သေ့ပဲဖြစ်ဖြစ် အမြဲသတိထားရတယ်။ ဘာကြောင့်ဆိုတော့ သူတို့တွေက တောတိရစ္ဆာန်တွေလေ အရိုင်းစိတ်ရှိတယ်။ ကိုယ့်ကို ဒဏ်ရာအနာတရဖြစ်စေနိုင်သလို အသက်အန္တရာယ်တောင် ရန်ပြုနိုင်တယ်ဆိုတာ သိထားရမယ်…” လို့ ပြောပြခဲ့ပါတယ်။

READ
 ကီနူးရိဗ်ရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်ထားကို တွေ့မြင်ရတဲ့ အဖြစ်အပျက်လေး

လင်းလင်း (ShweMom)

Ref: Dailymail

SHARE