ဝှီးချဲပေါ်ကကောင်လေးနဲ့ မိန်းမလှလေးတို့ရဲ့ အပြင်းအထန်ဝေဖန်ခံနေရတဲ့ အချစ်ရေး

Instagram

အသက် (၂၆) နှစ်အရွယ် Shane Burcaw နဲ့ အသက် (၂၅) နှစ်အရွယ် Hannah Aylward တို့ဟာ သိပ်ကိုချစ်ကြတဲ့ချစ်သူတွေအဖြစ် သူတို့ရဲ့ YouTube Channel မှာ တင်ထားတဲ့ ဗီဒီယိုတွေကိုကြည့်ရင် သိနိုင်မှာပါ။

Instagram

လွန်ခဲ့တဲ့ (၃) နှစ်က The Office’s Rainn Wilson ဖန်တီးရိုက်ကူးထားတဲ့ Shane ဘဝရဲ့ အတ္ထုပတ္တိ documentary ဗီဒီယိုကို Hannah ကြည့်မိခဲ့ပါတယ်။ ဗီဒီယိုထဲမှာပါဝင်တဲ့ Shane ရဲ့ ဟာသပါရမီကိုကြိုက်သဘောကျနှစ်သက်တဲ့အတွက် Hannah ဖက်မှစတင်ကာ ဆက်သွယ်ခဲ့ပါတယ်။ ဟိုဟိုဒီဒီ စကားပြောဖြစ်ရင်း ကြာလာတဲ့အချိန်မှာတော့ Shane ဟာ Hannah ရဲ့ အကြောင်းတွေကို ပိုပြီးသိချင်လာပြီး စတင်စိတ်ဝင်စားလာခဲ့ပါတယ်။

Shane Burcaw ဟာ အသက် (၂) နှစ်အရွယ်ကတည်းက Spinal Muscular Atrophy (SMA) ဆိုတဲ့ ရောဂါဆိုးကြောင့် အချိန်ပြည့် ဝှီးချဲနဲ့သွားလာနေရသူဖြစ်ပါတယ်။ Hannah နဲ့ Shane တို့ဟာ video call ပြောပြောကြ၊ ဖုန်းတွေဆက်ကြ၊ စာတွေပို့ကြရင်း Minnesota မှ ကောလိတ်တစ်ခုမှာ ပညာသင်နေတဲ့ Hannah ဟာ Pennsylvania မှာနေထိုင်တဲ့ Shane ဆီကို လာလည်ခဲ့ပါတယ်။

READ
Relationshipတစ်ခုကို ဘယ်လိုအခြေအနေမျိုးမှာ ရပ်တန့်လိုက်ဖို့ အသင့်တော်ဆုံးလဲ
Instagram

Hannah ဟာ Pennsylvania မှာ Shane နဲ့ အတူတူ (၄) ရက်တာအချိန်ဖြုန်းခဲ့ကြပြီးမှာတော့ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျသိသွားခဲ့ပြီး သံယောဇာဉ်တွေစတင်တွယ်လာခဲ့ပါတယ်။

နောက်တော့ Hannah ဟာ ကျောင်းတက်နေဆဲဖြစ်တာကြောင့် Minnesota သို့ပြန်သွားခဲ့ပြီး သူတို့နှစ်ဦးရဲ့ အဝေးရောက်အချစ်ဇာတ်လမ်းကို သိပ်မကြာခင်မှာပဲစတင်ခဲ့ပါတယ်။ တစ်ယောက်တစ်မြို့စီဖြင့် အချင်းချင်းအချစ်မပြတ်ကြဘဲ နှစ်အတော်ကြာရှိနေခဲ့ပါတယ်။၂၀၁၈ မှာတော့ Minnesota မှာ ကျောင်းတက်နေတဲ့ Hannah အဆင်ပြေအောင်ဆိုပြီး အဲဒီမြို့မှာပဲ တိုက်ခန်းတစ်ခန်းစီစဉ်ကာ Shane ပါ Pennsylvania မှ ပြောင်းကာအတူတူနေထိုင်ခဲ့ကြပါတယ်။

Instagram

သူတို့နှစ်ဦးရဲ့အကြောင်းကို မှတ်တမ်းဗီဒီယိုရီုက်ကူးကာ YouTube မှာ Squirmy and Grubs ဆိုတဲ့ နာမည်နဲ့ Channel တစ်ခုထောင်ကာ Shane လို မသန်စွမ်းဖြစ်နေတဲ့ လူများအတွက် တစ်ဖက်တစ်လှမ်းမှ အားပေးကူညီတဲ့အနေနဲ့ ဗီဒီယိုတွေတင်ပေးလေ့ရှိပါတယ်။

READ
သူ့ကို ဒုတိယအကြိမ်အခွင့်အရေးပေးသင့်လား….?
Instagram

နှစ်ယောက်ဟာအနာဂတ်မှာ ကလေးယူဖို့တောင်တိုင်ပင်ထားကြပါတယ်။ Shane နဲ့ Hannah တို့ အပြင်ထွက်လည်တဲ့အခါမျိုးမှာ သူတို့နှစ်ယောက်ကို ဘယ်သူမှ သမီးရည်းစားလို့မထင်ဘဲ မောင်နှမ သို့မဟုတ် Hannah ဟာ Shane ခေါ်ထားတဲ့ အချိန်ပိုင်းစောင့်ရှောက်ပေးသူလို့ထင်ကြပြီး တချို့ဆိုလျှင် Hannah ကို Shane ရဲ့ အမေလို့တောင် ထင်ကြတယ်လို့ ဆိုပါတယ်။

Instagram

ပြင်ပလောကမှာတင်သူတို့နှစ်ဦးရဲ့ အချစ်ရေးကို မယုံကြည်နိုင်ကြတာမဟုတ်ဘဲ ဗီဒီယိုတွေတင်ထားတဲ့ YouTube မှာပါ Shane လိုမသန်စွမ်းတစ်ဦးနဲ့ Hannah လိုမျိုး သာမန်မိန်းကလေးတစ်ယောက်က ချစ်သူတွေဖြစ်နေတယ်ဆိုတာကို မယုံကြည်ကြတဲ့အပြင် ပုတ်ခတ်မှုတွေပါရှိနေပါတယ်။

Instagram

တချို့တွေကတော့ လူသားအချင်းချင်းဖြစ်တာကြောင့် ကာယကံရှင်တွေရဲ့စိတ်သဘောအတိုင်း ထပ်တူကျနေလို့ ဝမ်းသာတယ်လို့ဆိုကြပေမယ့် တချို့ကတော့ ရွံစရာ၊ စက်ဆုတ်စရာအရမ်းကောင်းတယ်လို့ comment တွေဝင်ရေးကြပါတယ်။

Shane လိုမျိုး SMA ရောဂါသည်အချို့ကတော့ သူတို့နှစ်ဦးရဲ့ ဗီဒီယိုလေးတွေဟာ ချစ်သူရည်းစားရဖို့ဆိုတာ အိပ်မက်တောင်မမက်ရဲဘဲ အထီးကျန်နေတဲ့ သူတို့ဘဝအတွက်တော့ စိတ်သက်သာရာရစေပြီး မျှော်လင့်ချက်ရှိစေတယ်လို့ဆိုပါတယ်။

Source: Metro, The Sun, YouTube

Penny

SHARE