ဒုစရိုက်မှုမရှိတာကြောင့် အိမ်တိုင်းတံခါးမတပ်ထားတဲ့ ထူးထူးဆန်းဆန်းရွာငယ်လေး

အိမ်တစ်အိမ် လုံခြုံဖို့အတွက် တံခါးတွေဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ လူတိုင်း ညရောက်ပြီဆိုတာနဲ့ အိမ်တံခါးတွေ၊ ပြူတင်းပေါက်တွေ ချက်ချထားလား၊ သော့ခတ်ထားရဲ့လားဆိုပြီး ပြန်စစ်တတ်ကြပါတယ်။ တံခါးမပိတ်ထားလို့ဆိုပြီး အလစ်သုတ်သွားတဲ့ အမှုတွေ ရှိသလို ပိတ်ထားတဲ့ တံခါးတောင်မှ ဖျက်ဆီးပြီး အိမ်ထဲ ဝင်ခိုးသွားတတ်တာတွေ ရှိတတ်ကြပါတယ်။

Los Angeles Times

ဒါပေမဲ့ အိန္ဒိယက ရွာငယ်လေးတစ်ရွာမှာတော့ အိမ်တိုင်း၊ အဆောက်အဦတိုင်းမှာ တံခါးမကြီး လုံးဝရှိမနေပါဘူး။ ရွာရဲ့ နာမည်ဟာ Shani Shingnapur လို့ ခေါ်ပြီး Shani Shinganapur သို့မဟုတ် Shingnapur သို့မဟုတ် Sonai လို့လည်း ခေါ်ပါတယ်။

Shani Shingnapur ရွာလေးဟာ အိန္ဒိယရဲ့ Maharashtra ပြည်နယ်၊ Ahmendnagar ခရိုင်၊ Nevasa tuluka ဒေသမှာ တည်ရှိပါတယ်။ ရွာရဲ့ အထင်ကရအနေနဲ့ လူသိများတာကတော့ ဟိန္ဒူဘုရားကျောင်းကြောင့်ပါ။ Shnai နတ်ဘုရားရဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ ရက်အတော်ကြာ မိုးတွေ အကြီးကျယ်ရွာပြီး နောက်တစ်ရက်မှာတော့ မြစ်ကမ်းပေါ်ကို ကျောက်ပြင်ကြီးတစ်ချပ် ကမ်းတင်လာခဲ့ပါတယ်။ ရွာကလူတွေဟာ ထူးဆန်းတဲ့ ကျောက်ပြင်ကြီးကို သွားကိုင်ကြည့်တဲ့အချိန်မှာတော့ ကိုင်တဲ့နေရာကနေ သွေးလို အရည်တွေ ထွက်လာခဲ့တယ်လို့ ဆိုကြပါတယ်။ မကြာခင်ညမှာပဲ ရွာသားတစ်ယောက်က အဲဒီကျောက်ပြင်ဟာ Shnai နတ်ဘုရားဖြစ်ကြောင်း အိပ်မက်မက်ခဲ့တဲ့အတွက် အဲဒီကျောက်ပြင်ကြီးကို လူတိုင်းကိုးကွယ်လို့ရအောင် ရွာလည်ခေါင်မှာ ထားထားပေးခဲ့ပါတယ်။

READ
ထူးထူးဆန်းဆန်း မျက်လုံးပိုင်ရှင်များအကြောင်း
Mouthshut.com

Ahmendnagar မြို့ပေါ်ကဆိုရင်တော့ ရွာလေးဟာ (၃၅) ကီလိုမီတာလောက်အကွာမှာ ရှိပြီး မြို့တော် မွန်ဘိုင်းနဲ့ဆိုရင်တော့ အရှေ့ဘက်စူးစူးမှ ကီလိုမီတာ (၃၀၀) အကွာ ရှိနေပါတယ်။

Shani Shingnapur ကို တစ်ကမ္ဘာလုံးက သိပ်မသိကြသေးခင်ကတည်းက အိမ်တိုင်းလိုလိုမှာ တံခါးဘောင်သာရှိပြီး တံခါးရွက်တွေ မတပ်ထားကြတာပါ။ ရွာထဲ ခိုးမှု၊ လုယက်မှု အပြင် အခြားသော ဒုစရိုက်မှုတွေ၊ ပြစ်မှုတွေ လုံးဝမရှိခဲ့တာကြောင့် ဂုဏ်ယူစွာနဲ့ တံခါးရွက်တွေ မတပ်ထားခဲ့တာပဲဖြစ်ပါတယ်။

Surfolks.com

သို့ပေမယ့် ဒီရွာလေးအကြောင်းကို ဘောလိဝုဒ်ရုပ်ရှင်လောကထဲ ဖော်ပြခံပြီးတဲ့နောက်မှာတော့ အိန္ဒိယတစ်ခွင်မှာသာမက ကမ္ဘာမှာပါ နာမည်ကြီးသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ လာရောက်လည်ပတ်သူတွေများပြားခဲ့ကာ Shnai ဘုရားကျောင်းကိုလည်း လာရောက်ကိုးကွယ်သူတွေ များပြားခဲ့ပါတယ်။

Shani Shingnapur ရွာလေးဟာ တစ်ကမ္ဘာလုံးကမသိခင် ၂၀၁၀ ခုနှစ်မတိုင်ခင်အထိပဲ ဒုစရိုက်မှုကင်းစင်ရာနယ်မြေဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစလို့ အခုအချိန်အထိ ရာဇဝတ်မှုပေါင်း (၅၀) လောက်ရှိနေခဲ့ပါပြီ။ ရွာသားတွေကလည်း သူတို့ရွာရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းမှာဆိုးလို့ဆိုပြီး သက်ဆိုင်ရာတွေထံကို သူခိုးတွေ အပ်လေ့မရှိဘဲ ရွာသားတွေကပဲ ကြိတ်ဖြေရှင်းခဲ့ကြပါသေးတယ်။ သို့ပေမယ့် တစ်နေ့တစ်ခြား များပြားလာတာကြောင့် မတတ်နိုင်တဲ့အဆုံး သက်ဆိုင်ရာရဲ့ အကူအညီကို ယူခဲ့ကြရပါတယ်။

READ
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတို့ ဘယ်တော့မှ မပြောတဲ့ စကားရပ်များ
Elite Readers

အခုအချိန်မှာတော့ အိမ်တိုင်းကိုအပြင်ပန်းက ကြည့်မယ်ဆိုရင်တော့ တံခါးဘောင်ကိုသာ မြင်ကြရမှာဖြစ်ပေမယ့် အိမ်ရဲ့အတွင်းဖက်မှာတော့ အပြင်က မမြင်အောင်တပ်ထားတဲ့ တံခါးဝှက်တွေကို အိမ်တိုင်းတပ်ဆင်လာကြပြီပဲဖြစ်ပါတယ်။

Source: Wiki, Elite Readers , BBC

Penny

SHARE