ရိုင်းပင်းကူညီတတ်လွန်းတဲ့ စိတ်ဓာတ်ကြောင့် ချီးကျူးခံနေရတဲ့ ဘတ်စကတ်ဘောသမားကြီး

[email protected] shaq [email protected] County Sheriff

တစ်ချိန်တုန်းက နာမည်ကြီး ဘတ်စကတ်ဘောကစားသမားဟောင်းကြီးဖြစ်တဲ့ Shaquille O’Neal ကိုတော့ အားကစားပရိသတ်တိုင်း သိကြပြီး ဖြစ်မှာပါ။ အမေရိကန်ဘတ်စကတ်ဘောသမားဟောင်းကြီးဖြစ်တဲ့ O’Neal ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်ကမှ NBA လောကကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။ O’Neal ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့(၁၃.၇.၂၀၂၀)တုန်းက အဝေးပြေးကားလမ်းမကြီးတစ်ခုပေါ်မှာ ကားမောင်းနေတုန်း အမျိုးသမီးတစ်ယောက် လမ်းဘေးကားထိုးရပ်ထားတာမြင်လို့ ကားရပ်ကာ အကူအညီပေးခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ O’Neal ဟာ အမေရိကန်နိုင်ငံ၊ Florida ပြည်နယ် တစ်ခုရဲ့ အဝေးပြးလမ်းမတစ်ခုအပေါ်မှာ ကားမောင်းနေတုန်း အမျိုးသမီးတစ်ယောက် ကားတစ်ခုခုဖြစ်ပြီး လမ်းဘေး ကားထိုးရပ်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက် O’Neal ဟာလည်း အဆိုပါအမျိုးသမီးကားကို ကျော်ရပ်ပြီး အဆိုပ်အမျိုးသမီးဆီ လျှောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါအမျိုးသမီးရဲ့ကားဟာ ကားဘီးပေါက်ပြီး တာယာပွင့်ထွက်သွားတာကြောင့် ဘာလုပ်လို့လုပ်ရမှန်း မသိတဲ့ အခြေအနေဖြစ်နေမှန်း သိခဲ့ရပါတယ်။ အဲဒီနောက်မှာ O’Neal ဟာ အနီးဆုံး အဝေးပြေးလမ်းမ ရဲစခန်းဆီ ဖုန်းဆက်ခဲ့ပြီး အကျိုးအကြောင်းပြောကာ အကူအညီတောင်းခဲ့ပါတယ်။

Yesterday, Shaquille O'Neal was traveling through Alachua County on I-75 when he witnessed a crash. He stopped to check on the welfare of the driver and remained with her until law enforcement arrived. He fist bumped Deputies Purington and Dillon before going on his way. Hey Basketball Cop Foundation you're not the only one that knows Shaq.

Posted by Alachua County Sheriff on Tuesday, July 14, 2020

အဲဒီနောက် ရဲတွေရောကလာပြီး အခြေအနေကို သိရတဲ့အချိန်မှာတော့ ရဲတွေမလာမချင်း အဆိုအမျိုးကမီးနဲ့ အတူတူစောင့်ပေးခဲ့တဲ့ O’Neal ရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့ကြပါတယ်။ “ကျွန်တော်ကတော့ ရဲတွေမလာမချင်း စောင့်ရမယ့် တာဝန်ရှိတယ်လို့ ခံယူးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအဝေးပြေးလမ်းမကြီးပေါ်မှာ အမျိုးသမီးတစ်ယောက်တည်း ရှိနေတာဟာ လုံးဝမလုံခြုံလို့ပါပဲ” လို့ O’Neal က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE