နေ့ချင်းညချင်း အော်စကာစတားဖြစ်သွားတဲ့ Parasite ဒါရိုက်တာရဲ့ စကားပြန်မလေး

twitter/TheAcademy

(၂၀၂၀) ခုနှစ် အော်စကာဆုပေးပွဲမှာ ဆုလက်ခံရရှိသူမဟုတ်ပါပဲနဲ့ ဆိုရှယ်မီဒီယာပေါ် ညတွင်းချင်း ကျော်ကြားခဲ့တဲ့ စကားပြန် အမျိုးသမီးလေးတစ်ယောက် ရှိပါတယ်။ အဲ့ဒီစကားပြန်လေးကတော့ Sharon Choi ဆိုသူ မိန်းမချောလေးပါ။ သူမဟာ Parasite ရုပ်ရှင်ဇာတ်ကားနဲ့ ဆုရရှိခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ကိုယ်စား အော်စကာစင်မြင့်ထက်မှာ ကိုရီးယားဘာသာကနေ အင်္ဂလိပ်ဘာဘာ ပြန်ဆိုပေးခဲ့သူလေး ဖြစ်ပါတယ်။

Sharon ဟာ ဒါရိုက်တာ Bong ပြောသွားတဲ့ အော်စကာဆုနဲ့ပတ်သက်ပြီး ကျေးဇူးတင်စကားတွေကို အထစ်အငေါ့မရှိပဲ ဘာသာပြန်ပေးခဲ့တာ ဖြစ်ပါတယ်။ Bong က ကိုရီးယားလို ပြောပြီးတာနဲ့ သူမက အင်္ဂလိပ်လို လက်တန်း ချောမွေ့စွာ ပြန်ပြောပြခဲ့တာပါ။ ချစ်စရာကောင်းတဲ့ မျက်နှာလေးအပြင် အင်္ဂလိပ်လူမျိုးတစ်ယောက်လို ပီပီသသကြီး စကားပြောသွားတဲ့ Sharon ကို အားလုံးက သတိထားမိခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ Sharon ဟာ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်ဖြစ်ပါတယ်။ အသက် (၂၅) နှစ်ရှိပြီဖြစ်ပြီး ကိုရီးယန်း-အမေရိကန် သွေးနှောတစ်ယောက် ဖြစ်ပါတယ်။ Boon ကတော့ Sharon ဟာ ရုပ်ရှင်ရိုက်ကူးတဲ့နေရာမှာ ထူးချွန်သူတစ်ဦးဖြစ်ကာ ရုပ်ရှင်အဖွဲ့ထဲမှာလည်း အဖွဲ့ရဲ့မရှိမဖြစ် မှီခိုအားထားရသူတစ်ဦးဖြစ်တယ်လို့ ချီးကျုးထားပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ ဟောလီးဝုဒ်သတင်းထောက်တစ်ယောက်က Sharon ကို အော်စကာစင်မြင့်ထက်မှာ ဘာသာပြန်လုပ်ရတဲ့ ခံစားချက်နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါသေးတယ်။ Sharon ကတော့ အဲ့ဒီအချိန်မှာ သူမဟာ အရမ်းကို စိတ်လှုပ်ရှားနေခဲ့တာဖြစ်ပေမယ့် အားလုံးအဆင်ပြေချောမွေ့ခဲ့ပါတယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ လက်ရှိမှာတော့ Sharon ဟာ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်ညွှန်းကိုရေးသားနေတယ်လို့လည်း huffpost အရ သိရပါတယ်။

READ
ဈေးဝယ်နေချိန် တင်ပါးကိုကိုင်သွားတဲ့ အမျိုးသားကို လှလှပပတုန့်ပြန်ခဲ့တဲ့ အမျိုးသမီး

လင်းလင်း (ShweMom)

SHARE