သမီးဖြစ်သူကို အဓ္ဓမကျင့်မယ်ဆိုပြီး ခြိမ်းခြောက်သူတွေကို အကြမ်စား တုန့်ပြန်ခဲ့တဲ့ မင်းသမီး

Hangout, Instagram- @reallysharoncuneta

ဖိလစ်ပိုင်ရဲ့ လူကြိုက်များ ကျော်ကြားတဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ Sharon Cuneta ဟာ လက်တလောမှာတော့ ပရိတ်သတ်တွေနဲ့ ပြဿနာတစ်ခုတက်နေခဲ့ပါတယ်။ အဲဒါကတော့ သမီးဖြစ်သူနဲ့ပတ်သက်နေတာပါ။

Sharon Cuneta မှာ Frankie Pangilinan ဆိုတဲ့သမီးတစ်ယောက်ရှိနေပါတယ်။ Frankie ဟာ ခေတ်လူငယ်ပီပီ ပယ်ဖျက်ရမယ့်ရှေးရိုးစွဲအယူတွေကို ဆန့်ကျင်နေပုံပါပဲ။ အထူးသဖြင့် ဖိလစ်ပိုင်ရဲ့လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ဒါကြောင် သူမရဲ့ လူမှုကွန်ရက်မှာ victim blaming နဲ့ပတ်သက်တာတွေကို ရှုံ့ချတယ်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဆိုတာ အဝတ်အစားနဲ့မဆိုင်ကြောင်း စတာတွေကို ရဲဝံ့စွာ ထုတ်ဖော်ရေးသားမှုပြုလာခဲ့ပါတယ်။

View this post on Instagram

at least i get the sun

A post shared by kakie (@frankiepangilinan) on

Frankie ပြောတဲ့ကိစ္စဟာ အမှတ်တရားဖြစ်ပေမယ့်လည်း လူတွေရဲ့ထုံးစံအတိုင်း ပိုစ့်အောက်မှာ ဝေဖန်မှုဗတွအပြင် အမုန်းပွားစရာစကားတွေအပြင်ကိုမှ ခြိမ်းခြောက်မှုတွေပါ ရရှိနေခဲ့တာပါ။ အဆိုးဆုံးကတော့ Frankie လေးကို အဓမ္မကျင့်မယ်လို့တောင် ခြိမ်းခြောက်မှုတွေ ပြုလာခဲ့တာပဲဖြစ်ပါတယ်။ အခုတော့ Frankie ဟာ ပိုစ့်ကို ပြန်ဖျက်သွားခဲ့ပါပြီ။

READ
အပြာမယ်ဘဝနဲ့ ရပ်တည်နေပေမယ့်၊ မိမိကိုယ်ကို ကာကွယ်ပြောကြားလိုက်တဲ့ ကျောင်းသူလေး

ဒီကိစ္စနဲ့ပတ်သက်ပြီး မိခင် Sharon Cuneta အနေနဲ့ ပြတ်ပြတ်သားသားပဲ တုန့်ပြန်လာခဲ့ပါတယ်။ ဒီနေရာမှာတော့ အနုပညာရှင်အနေနဲ့မဟုတ်ဘဲ မိခင်တစ်ယောက်အနေနဲ့ တင်လာခဲ့ပုံပါပဲ။ Sharon Cuneta အနေနဲ့ သမီးဖြစ်သူ Frankie ပြောခဲ့တဲ့ အကြောင်းအရောတွေ အားလုံးကို ထောက်ခံကြောင်း ချက်ကျလက်ကျရေးလာခဲ့ပြီးနောက် သမီးဖြစ်သူကို လုပ်ရဲလုပ်ကြည့် နင်တို့ကိုပါ အဲဒီအတိုင်း ပြန်လုပ်မယ်ဆိုပြီး ခပ်မိုက်မိုက်ပဲ ရေးလာခဲ့တာပါ။

ဒီအပြင် တရားဥပဒေအရလည်း အရေးယူသွားမယ်လို့ SCMP မှ သိလိုက်ရပါတယ်။

Penny

SHARE