သီချင်းသစ်ထွက်လာပြီးတဲ့နောက် ပရိတ်သတ်တွေ အောင်သွယ်ပေးနေကြတဲ့ Shawmilla

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ (သောကြာနေ့) က Shawn Mendes နဲ့ Camila Cabello ရဲ့ နှစ်ယောက်တွဲ သီချင်းသစ် Senorita ထွက်ရှိလာခဲ့ပါတယ်။

အဲ့ဒီ သီချင်းကို ကြည့်ရှုပြီးတဲ့နောက် သူတို့နှစ်ယောက်ကို တကယ် အတွဲဖြစ်စေချင်တဲ့ ပရိတ်သတ်တွေရှိသလို၊ ရိုက်ချက်တွေက ပြင်းထန် ထိရှလွန်းတာကြောင့်နဲ့ အသည်းကွဲနေကြတဲ့သူတွေလည်း ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ နာမည်တွေကိုလည်း “Shawmilla” လို့ တွဲပေါင်းပြီး ပရိသတ်တွေက တွစ်တာပေါ်မှာ ပိုစ့်တွေတင်တာကိုလည်းတွေ့ရတယ်။

Shawn Mendes နဲ့ Camila Cabello ဟာ သူတို့နှစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေးအကြောင်းကို အမြဲတမ်းမှာ ထုတ်ဖော်ပြောပြလေ့ရှိပါတယ်။ သူတို့နှစ်ယောက် ဒိတ်လုပ်နေတာ မဟုတ်ဘူးဆိုတဲ့အကြောင်းကို ၂၀၁၅ ခုနှစ်လောက်ကတည်းက ပြောပြဖူးကြပါတယ်။

လက်ရှိမှာ Cabello က စာရေးဆရာ Matthew Hussey ဆိုတဲ့တွဲနေပြီး ၂၀၁၈ ခုနှစ်ကတည်းကလို့ သိရပါတယ်။ Mendes ကတော့ လက်ရှိမှာ စင်ဂယ်ဖြစ်နေဆဲပဲ။ အရင်ကတော့ Hailey Bieber နဲ့ ပွဲတက်တာ ဘာညာတွေ့ခဲ့ရပေမယ့် သူတို့ ဘာလဲဆိုတာတော့ Mendes က ခေါင်းစဉ်မတပ်ခဲ့ဖူးဘူးဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

READ
ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်

 

Matthew (ShweMOM)

SHARE