The Rock နဲ့ အတူတူ သရုပ်ဆောင်ခွင့်ရဖို့ စိတ်လှုပ်ရှားနေတဲ့ Shazam မင်းသား

[email protected] shazammovie

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မတ်လထဲမှာ ထွက်ရှိခဲ့တဲ့ Shazam လို့ အမည်ရတဲ့ စူပါဟီးရိုးဇာတ်ကားကတော့ DC ပရိသတ်တွေနဲ့ စူပါဟီးရိုး ပရိသတ်တွေ တော်တော်လေးကို အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ Shazam အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Zachary Levi ဟာလည်း သူကျရာ ဇာတ်ရုပ်မှာ ကောင်းကောင်းလေး သရုပ်ဆောင်နိုင်ခဲ့သလို Shazam ဇာတ်ကားနဲ့ လူသိများလာတဲ့ မင်းသားတစ်ဦးဆိုလည်း မမှားပါဘူး။

 

 

View this post on Instagram

 

That summer glow up. #SHAZAM!

A post shared by SHAZAM! (@shazammovie) on

မကြာသေးခင် အချိန်တုန်းက The Rock ကြီးဟာ Balck Adam လို့ အမည်ရတဲ့ ဟီးရိုးနေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးတာကိုတော့ DC ပရိသတ် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Black Adam အဖြစ် သရုပ်ဆောင်ထားတဲ့ The Rock ကြီးကို Shazam ! Fury of the Gods ဇာတ်ကားမှာ မြင်တွေ့ရဖွယ် ရှိ၊ မရှိတော့ မသေချာသေးပါဘူး။ ဒါပေမယ့် Zachary Levi ကတော့ The Rock နဲ့အတူ တွဲဖက် သရုပ်ဆောင်ခွင့်ရဖို့ အထူး စိတ်လှုပ်ရှားနေခဲ့ပါတယ်။ Shazam 2 ဇာတ်ကားဟာလည်း အစပိုင်းမှာတော့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ထွက်ရှိမယ်လို့ တရားဝင်ကြေညာခဲ့ပေယ့် COVID 19 ကပ်ရောဂါ အခြေအနေတွေကြောင့် ထွက်ရှိမယ့် ရက်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ကို ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

READ
ရေဘုရင်ကြီး Jason Momoa ရဲ့ ဒီအကြောင်းတွေကို သင်သိပြီးပြီလား..?

 

“ကျွန်တော့်အနေနဲ့ ဘဝမှာ The Rock နဲ့ အတူတူ တွဲသရုပ်ဆောင်ဖို့ တစ်ခါမှ စိတ်တောင် မကူးခဲ့မိပါဘူး။ ဒါပေမယ့် The Rock တစ်ယောက် Black Adam အဖြစ် သရုပ်ဆောင်မယ်ဆိုတဲ့ သတင်းကို ကြားကြားချင်း ညတောင်တော်ရုံနဲ့ အိပ်မပျော်ခဲ့ရပါဘူး။ ကျွန်တော့်အနေနဲ့ The Rock နဲ့အတူတူ တွဲဖက် သရုပ်ဆောင်ခွင့်ရဖို့ တော်တော်လေးကို စိတ်လှုပ်ရှားနေမိပါတယ်။  ကျွန်တော့်ပရိသတ်တွေ စိတ်မပျက်စေရပါဘူး”လို့ Zachary Levi က ပြောကြားခဲ့ပါတယ်။

READ
မောင်... ဘာကြောင့်မို့ချစ်တာလဲလို့မေးလိုက်တဲ့ အိချောပို

 

 

View this post on Instagram

 

Meet DC’s next hero ⚡@ZacharyLevi has just arrived at the #SHAZAM! World Premiere!

A post shared by SHAZAM! (@shazammovie) on

Pyi Hein Kyaw

SHARE