အမျိုးသားက လိင်တူချစ်သူမှန်း သိရပြီးနောက် ကိုယ့်ကိုကိုယ်သေကြောင်းကြံခဲ့တဲ့ အမျိုးသမီး

Oriental Daily

အသက် (၃၁) နှစ်အရွယ် အမျိုးသမီးတစ်ယောက်က သူမရဲ့ လင်ယောက်ျားဖြစ်သူဟာ လိင်တူချစ်သူမှန်း သိရှိပြီးတဲ့နောက် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ကြောင်း worldofbuzz သတင်းအရ သိရပါတယ်။ သေကြောင်းကြံသူအမျိုးသမီးဟာ တရုတ်နိုင်ငံ ချုံကင်းက ဆရာဝန်မတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဘွဲ့ရပြီးတဲ့နောက် အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြတာပါ။ ဒါပေမယ့် လက်ထပ်ပြီး (၅) လအကြာမှာတော့ အရာရာတိုင်းဟာ သူမထင်သလို ဖြစ်မလာခဲ့ပါဘူး။

သူမတို့ လင်မယားဟာ မင်္ဂလာဦးမှာ တစ်ယောက်ကိုတစ်ယောက် အရမ်းနှစ်သက်ပြီး ပျော်ရွှင်ခဲ့ကြပါတယ်။ သိပ်တော့မကြာလိုက်ပါဘူး။ အမျိုးသားဘက်က အိပ်ရာချင်းခွဲအိပ်ရအောင်ဆိုပြီး သူမကို ခွင့်တောင်းလာခဲ့ပါတယ်။ လင်ယောက်ျားဆီက ဒီလိုစကားမျိုးကြားရတော့ သူမပဲ ချို့ယွင်းချက်ရှိနေလို့ နေမှာပါလေ ဆိုပြီး အမျိုးသမီးက ဖြေသိမ့်ခဲ့ပါတယ်။

Oriental Daily

သူမက သူမရဲ့အကြောင်းကို အွန်လိုင်းပေါ်ပြောပြပြီး အကူအညီတောင်းပါတယ်။ လိုင်းပေါ်က လူတွေကတော့ ဒီအတိုင်းဆိုရင်တော့ အမျိုးသားက လိင်တူချစ်သူဖြစ်နိုင်တယ် ဆိုပြီး ပြောလာကြပါတယ်။ ဒီနောက်မှာတော့ သူမက သူမရဲ့ ယောကျာ်းကို တိုက်ရိုက် မေးခွန်းထုတ်ခဲ့ပါတယ်။ အကြာကြီး စကားတွေ ပြော၊ မေးခွန်းတွေမေးပြီးတဲ့နောက်မှာတော့ ထိုသူက သူဟာ လိင်တူရော လိင်ကွဲရော စုံမက်သူတစ်ယောက်ပါဆိုပြီး အဖြေပေးခဲ့ပါတယ်။ သူမမေးတဲ့အချိန်မှာတော့ ထိုအမျိုးသားက မျက်ရည်တွေကျပြီး သူဟာ သူမကို အမှန်ပဲ ချစ်ကြိုက်လို့ လက်ထပ်ခဲ့တာ ဖြစ်တဲ့အကြောင်းနဲ့ သူ့ကို ခွင့်လွှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

READ
ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အရှည်ဆုံး ခြေထောက်ပိုင်ရှင်ကို စိန်ခေါ်ဖို့ တွေးနေသူ

အမျိုးသမီးကလည်း လင်ယောက်ျားဖြစ်သူက သူမကို ငိုယိုပြီး တောင်းပန်နေတာတွေ့ရတော့ သနားတဲ့စိတ်နဲ့ ခွင့်လွှတ်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာတော့ သူမဟာ သူမအမျိုးသားရဲ့ ဖုန်းထဲမှာ မသင်္ကာဖွယ် message အချို့ကို လှမ်းတွေ့လိုက်ပါတယ်။ Message တွေက အမျိုးသမီးတစ်ယောက်ဆီက မဟုတ်ပဲ အမျိုးသားတစ်ယောက်ဆီက လာတဲ့ message တွေပါ။

Oriental Daily

သူမဟာ သူမအမျိုးသားနဲ့ ထိပ်တိုက် ထပ်မံတွေ့ဆုံခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ၄င်းအမျိုးသားက သူဟာ လိင်တူချစ်သူတစ်ယောက်ဆိုတာ ဟုတ်မှန်ကြောင်း အတိအလင်း ၀န်ခံခဲ့ပါတယ်။ မကြားချင်တဲ့ စကားကိုမှ ကြားလိုက်ရတဲ့အတွက် ၄င်းအမျိုးသမီးဟာ စိတ်ရဲ့ဖိစီးမှုကို မခံနိုင်ခဲ့ရှာပါဘူး။ အဲ့ဒီညမှာပဲ လင်ယောက်ျားဖြစ်သူနဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် နောက်တစ်နေ့မနက်မတိုင်ခင် တိုက်ပေါ်ကနေ ခုန်ချပြီး သတ်သေခဲ့ပါတယ်။

အမျိုးသမီးဘက်က မိဘတွေကတော့ သူတို့သမီး သေဆုံးရတဲ့အကြောင်းရင်းက သားမက်ဖြစ်သူနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ယူဆပြီး သားမက်ကို တရားစွဲခဲ့ပါတယ်။ သေဆုံးသူအမျိုးသမီးဟာ မသေခင် သူမရဲ့ မိဘတွေဆီကို ဖုန်းဆက်ခဲ့တာပါ။ သူမယောက်ျားက ယောက်ျားလေးတွေသာ ကြိုက်ပြီး မိန်းကလေးတွေကို မကြိုက်ကြောင်း မိဘတွေဆီ ပြောပြခဲ့တာ ဖြစ်ပါတယ်။

READ
ဝေးလ်တံငါသည်တစ်ဦးမှ (၈)လက်မအရှည်ရှိတဲ့ ဧရာမ ပုဇွန်လက်မကြီးကို တွေ့ရှိ

သေဆုံးသူမိန်းကလေးရဲ့ မိဘတွေဘက်က ရှေ့နေကတော့ အမျိုးသမီးဟာ သေဆုံးစဉ်မှာ အသက် (၃၁) နှစ်အရွယ်သာ ရှိသေးပြီး လက်ထပ်တာ (၆) လပဲ ရှိသေးကြောင်း တရားရုံးကို လျှောက်ထားပါတယ်။ ဒါ့အပြင် သေဆုံးသူရဲ့ အမျိုးသားဟာ မိမိလိင်တူချစ်သူဆိုတာကို ဖုံးကွယ်ပြီး သေဆုံးသူကို လိမ်ညာလက်ထပ်ယူခဲ့ကြောင်း၊ ဒါကြောင့်ပဲ ပြင်းထန်တဲ့ အိမ်ထောင်ရေးအခြေအနေနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပြီး နောက်ဆုံး လူသေတဲ့ထိ ဖြစ်ခဲ့ရကြောင်း ရုံးတော်မှာ ထောက်ပြပြောဆိုခဲ့ပါတယ်။ သေဆုံးသူဘက်က တရားလိုရှေ့နေက လူသေမှုအတွက် လျော်ကြေးအဖြစ် ယွမ် (၆၃၀,၀၀၀) ကို တရားပြိုင်ဘက်ဆီ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် အဆုံးမှာတော့ တရားသူကြီးမင်းက တရားလိုဘက်က တရားစွဲဆိုမှုကို ဖယ်ရှားခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE