MCU မိသားစုထဲ ပါဝင်လာမယ့် အဖွဲ့ဝင်အသစ် တစ်ယောက်ကိုကြေငြာခဲ့တဲ့ Marvel

Marvel, Instagram

Marvel အနေနဲ့ ပြီးခဲ့တဲ့ The Avengers: End Game မှာ အစောပိုင်းတုန်းက စစချင်းပါခဲ့တဲ့ superhero ဇာတ်ကောင်တွေချို့ဟာ သေဆုံးသွားတာတွေရှိသလို အနားယူသွားတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်နေတဲ့အတွက်ကြောင့် နောက်လာမယ့် Avengers ဇာတ်ကားအသစ်တွေမှာတော့ ရုပ်ရှင်ထဲ တစ်ခါမှ မပါဝင်ခဲ့ဖူးတဲ့ superhero ဇာတ်ကောင်အသစ်တွေ ပါလာဦးမယ်ဆိုတာ မခန့်မှန်းဘဲနဲ့တောင် သိနိုင်နေပါပြီ။

ပြီးခဲ့တဲ့ အပတ်တုန်းက Marvel ကနေပြီး ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ superhero အသစ်ကို မိတ်ဆက်ပေးတာပါ။ Superhero ကတော့ She-Hulk ပါတဲ့။

Marvel
Marvel

Marvel ရဲ့ နာမည်ကြီးဇာတ်ကောင်တစ်ခုဖြစ်တဲ့ အစိမ်းရောင်အကောင်ကြီးကို အားလုံးသိထားကြမှာပါ။ အခု She-Hulk ကတော့ အဲဒီအကောင်ကြီးလိုမျိုးကိုမှ အမျိုးသမီးပေါ့။ ဒီ ဇာတ်ကောင်ကိုတော့ မင်းသမီး Tatiana Maslany Lands ကနေပြီး သရုပ်ဆောင်မှာပါတဲ့။

 

View this post on Instagram

 

A post shared by Tat Maslany (@tatianamaslany) on

အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ ကနေဒါမင်းသမီးတစ်လက်ဖြစ်တဲ့ Tatiana Maslany ဟာ ငယ်ဘဝ ၂၀၀၂ ခုနှစ်ကတည်းကိုက အနုပညာလောကထဲ စစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့ အဲဒီအချိန်ကတည်းကိုက တောက်လျှောက်ဆိုသလိုပဲ အနုပညာလောကထဲမှာ ကျင်လည်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း Best Leading Actress in Drama Series ဆုကို ရခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Tat Maslany (@tatianamaslany) on

 

 

View this post on Instagram

 

A post shared by Tat Maslany (@tatianamaslany) on

 

READ
Ronaldo နဲ့မော်ဒယ်Allesandra Ambrosio ရဲ့အလန်းစား မဂ္ဂဇင်းကာဗာဓာတ်ပုံ

Marvel ရဲ့ She-Hulk ကတော့ အရင်တုန်းက ကာတွန်းတွေထဲမှာ ခဏခဏပါခဲ့ပေမယ့်လို့ လူတွေသရုပ်ဆောင်တဲ့ ရုပ်ရှင်မှာတော့ ၁၉၉၁ ခုနှစ်တုန်းက Brigitte Nielsen ရဲ့ SheHulk ကလွဲရင် ကျန်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ မတွေ့ခဲ့ဖူးသေးပါဘူး။

အခု She-Hulk အသစ်လေးကိုလည်း အရင်မူရင်း Hulk သရုပ်ဆောင် Mark Ruffalo က Twitter မှာ အခုလိုပဲကြိုဆိုခဲ့ပါတယ်။

Marvel

 

View this post on Instagram

 

A post shared by Tatiana Gabrielle Maslany TR (@tatmaslanytr) on

 

penny

READ
ညီမဖြစ်သူရဲ့ မင်္ဂလာဂုဏ်ပြုစကားကြောင့် မျက်ရည်ကျခဲ့တဲ့ ပိုင်ဖြိုးသု

 

SHARE