သမိုင်းမှာ လူအများဆုံး အနမ်းခံရတဲ့ အမည်မသိ အမျိုးသမီးလေး

flickr

သူမရဲ့ နာမည်ကို ဘယ်သူမှ မသိကြသလို သူမ ပါရီမှာ ဘာအလုပ်လုပ်ခဲ့တယ်ဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး။ အောက်မှာ တွေ့ရမယ့် မျက်နှာပိုင်ရှင် မိန်းမလှလေးရဲ့ ခန္ဓာကိုယ်ကို (၁၉) ရာစုနှစ် အဆုံးမှာ ပြင်သစ်နိုင်ငံ စိမ်းမြစ်ရဲ့နက်မှောင်လှတဲ့ရေထဲကနေ ဆယ်ယူရရှိခဲ့တာ ဖြစ်ပါတယ်။ မယုံနိုင်စရာကောင်းပေမယ့် ဒီအမည်မသိရကောင်မလေးဟာ ကမ္ဘာ့ဆေးဘက်ဆိုင်ရာသမိုင်းမှာ တစ်စိတ်တစ်ဒေသ ပါဝင်ခဲ့သလို လူအများဆုံး နှုတ်ခမ်းနဲ့ အနမ်းခံရတဲ့ ကောင်မလေးလဲ ဖြစ်ပါတယ်။ သူမဟာ သူမသေပြီးနောက်ပိုင်း နောင်နှစ်ပေါင်းများစွာ ရာပေါင်းများစွာကြာအောင် လူတွေရဲ့ အသက်ကို ကယ်တင်နေဆဲပဲ ဖြစ်ပါတယ်။

© Wikimedia Commons

Brightside က သိရတဲ့သတင်းအရ (၁၈၈၀) ခုနှစ်များ အဆုံးပိုင်းလောက်မှာ ပါရီရဲတွေဟာ အမည်မသိမိန်းကလေးတစ်ဦးရဲ့ ရုပ်အလောင်းကို စိမ်းမြစ်ထဲမှာ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီခေတ်က ထုံးစံအတိုင်း ကောင်မလေးရဲ့ခန္ဓာကိုယ်ကို ရေခဲတိုက်မှာ ထားထားပြီး ပိုင်ရှင်စောင့်ခဲ့ပေမယ့် သူမကို သိတဲ့သူတစ်ယောက်မှ ပေါ်မလာခဲ့ပါဘူး။ သေဆုံးသူကောင်မလေးမှာ လှပတဲ့ မျက်နှာလေးရှိတဲ့အပြင် သူ့ရဲ့အပြုံးလေးကလည်း ပဟေဌိဆန်တဲ့အတွက် သူမရဲ့မျက်နှာကို ရေခဲတိုက်ကနေပြီး မျက်နှာဖုံးပလာစတာ ယူထားလိုက်ပါတယ်။

သူမကို စိမ်းမြစ်ထဲက အမည်မသိအမျိုးသမီးလေး (L’Inconnue de la Seine သို့မဟုတ် L’Inconnue ) လို့ ခေါ်ပါတယ်။ သူမဟာ အနုပညာရှင်တွေနဲ့ ကဗျာဆရာတွေအတွက်တော့ အနုပညာလေးတစ်ခုဖြစ်ပြီး သူမကို ရေနစ်နေတဲ့ မိုနာလီဆာ (The Drowned Mona Lisa) လို့တောင် တင်စားခဲ့ကြပါတယ်။ သူမရဲ့ လှပတဲ့မျက်နှာလေးကို အခြေခံပြီး မျက်နှာပေါ်က လျှို့ဝှက်ဆန်းကြယ်မှုအကြောင်းကို အမျိုးမျိုးသော ကဗျာဆရာ၊ ပန်းချီဆရာတွေနဲ့ စာရေးဆရာတွေက စိတ်ကူးပုံဖော်ခဲ့ကြပါတယ်။ သူမဟာ ပန်းချီဆရာတွေနဲ့ ပန်းပုဆရာတွေအတွက်တော့ နတ်မိမယ်လေးဖြစ်ခဲ့သလို များစွာသော ပုံပြင်တွေ၊ ကဗျာတွေနဲ့ ၀တ္ထုတွေထဲမှာလည်း သူရဲကောင်းမလေးတစ်ဦး ဖြစ်ခဲ့ပါတယ်။

READ
သိပ္ပံပညာရှင်ကြီး အက်ဒီဆင်ပေးခဲ့တဲ့ ဘ၀သင်ခန်းစာ
flickr

ပါရီမှာတော့ သူမရဲ့ မျက်နှာဖုံးကို အိမ်အလှဆင်အဖြစ်နဲ့ ထားကြပါတယ်။ (၁၉၅၀) ခုနှစ်များဆီအရောက်မှာတော့ L’Inconnue ဟာ အိမ်တွေမှာ အလှထားတဲ့ မျက်နှာဖုံးအဖြစ်ကနေ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ နမူနာအရုပ် CPR doll ရဲ့မျက်နှာပိုင်ရှင် ဖြစ်လာခဲ့ပါတော့တယ်။

(၁၉၅၅) ခုနှစ်မှာ အက်စ်မန်းလာဒယ်အမည်ရတဲ့ နော်ဝေးက ဖိနပ်ထုတ်လုပ်ရေးသမားတစ်ယောက်ဟာ သားဖြစ်သူကို မြစ်ထဲကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ ကယ်ပြီးပြီးချင်း ကလေးရဲ့ လေလမ်းကြောင်းကို ပါးစပ်ချင်းတေ့ပြီး လေမှုတ်သွင်းတဲ့ အရေးပေါ် CPR နည်းနဲ့ အချိန်မီ ကုသနိုင်ခဲ့ပါတယ်။ နောက်ပိုင်းတော့ လာဒယ်ဟာ CPR training အတွက် အရုပ်တစ်ရုပ်လုပ်ပေးဖို့ တောင်းဆိုခံရတဲ့အခါမှာတော့ သူဟာ အရုပ်ရဲ့မျက်နှာကို ဘယ်လိုပြုလုပ်ရမလဲဆိုပြီး စဉ်းစားခဲ့ပါတယ်။

flickr

ဒါနဲ့ပဲ သူ့အဖွားအိမ်မှာ တွေ့ဖူးခဲ့တဲ့ မျက်နှာလှလှနဲ့  L’Inconnue မျက်နှာဖုံးကို လာဒယ်က သွားသတိရလိုက်ပါတယ်။ လာဒယ်က သူ့အနေနဲ့ CPR လုပ်မယ့် အရုပ်ရဲ့မျက်နှာဟာ သဘာဝလည်း ကျရမယ်၊ ပြီးတော့ training လုပ်မယ့်သူတွေကိုလည်း အရုပ်မျက်နှာကြည့်ပြီး ထိတ်လန့်ခြောက်ခြားတာမျိုး မဖြစ်စေချင်ဘူး၊ အရုပ်မျက်နှာဟာ လှလည်း လှရမယ်၊ စတဲ့အချက်တွေကို စဉ်းစားပြီးတဲ့နောက် L’Inconnue ကိုပဲ CPR အရုပ်မှာ မျက်နှာအဖြစ် တပ်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
ကိုယ်တိုင်အားထုတ်ထားတဲ့ အောင်မြင်မှုတွေကို အခိုးခံခဲ့ရတဲ့ နာမည်ကျော်မိန်းမသား ၄ ဦး

အဲ့ဒီအချိန်ကစလို့ L’Inconnue ဟာ ကယ်တင်ရှင်အန်နီ Resusci Anne ဆိုပြီး အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ CPR လောကမှာ တခြားအရုပ်တွေပေါ်လာပေမယ့်လည်း Resusci Anne ဟာ အထင်ရှားဆုံးဖြစ်နေပါတယ်။ သူမမျက်နှာနဲ့ အရုပ်ကိုတော့ အရေးပေါ်CPR ကယ်ဆယ်ရေး လေ့ကျင့်ခန်းအတွက် လူဦးရေ သန်း(၃၀၀) ကျော်က အသုံးပြုလျက်ရှိကာ ယနေ့ထက်တိုင် အသက်ပေါင်းများစွာကို ကယ်တင်နေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

flickr

လင်းလင်း (ShweMom)

SHARE