မိသားစုဓာတ်ပုံတွေကို ဆွဲထားတဲ့ပုံတွေနဲ့အစားထိုးခဲ့တာတောင် သတိမထားမိတဲ့အဖြစ်

Facebook- Kristen Vogler

ကိုယ့်အိမ်မှာထားတဲ့ပစ္စည်းတွေ အပြောင်းအလဲဖြစ်သွားရင် ပရိတ်သတ်ကြီးသတိထားမိမယ်လို့ ထင်လား။ သတိထားမိမယ် မထင်နဲ့နော်။ ဥပမာ ဒီမိသားစုကိုပဲကြည့်။ သမီးဖြစ်သူက အိမ်မှာ ဟီးဟီးကြီးတွေချိတ်ထားတဲ့ မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေကို ပြောင်းပစ်တာတောင်မှပဲ အိမ်ကလူတွေက လုံးဝသတိမထားမိခဲ့ကြဘူးတဲ့လေ။

Kristen Vogler ဟာ quarantine ကာလမှာ ပျင်းပျင်းရှိခဲ့ပါတယ်တဲ့။ ဒါနဲ့ပဲ သူမဟာ မိဘတွေကို စဖို့ကြံစည်ပါတော့တယ်။ Kristen Vogler တို့အိမ်က ဧည့်ခန်းမှာ မိသားစုဓာတ်ပုံတွေအများကြီး ချိတ်ထားပါတယ်။ ဓာတ်ပုံတွေကလည်း ထင်သာမြင်သာပါပဲ။

ဒီဓာတ်ပုံတွေကို Kristen Vogler ဟာ တစ်ရက်တစ်ပုံနှုန်းနဲ့ ပြောင်းလဲပစ်ခဲ့ပါတယ်။ တကယ့်ဓာတ်ပုံကို ထုတ်သိမ်းပြီး အဲဒီဓာတ်ပုံနေရာမှာ ဖယောင်းရောင်စုံခဲတံနဲ့ ဆွဲထားတဲ့ ပန်းချီပုံတွေကို ဓာတ်ပုံဘောင်ထဲပြောင်းထည့်ထားခဲ့တာပါ။ ဆွဲထားတဲ့ပုံတွေက ဓာတ်ပုံနဲ့ချွတ်စွတ်တူတာလည်းမဟုတ်ဘဲနဲ့ကို သတိမထားမိခဲ့ကြတာပါ။

ပထမတစ်ပုံ စပါပြီ။

Facebook- Kristen Vogler
နောက်နှစ်ပုံမြောက်..

Facebook- Kristen Vogler
သုံးပုံမြောက်..

READ
ဖယောင်းတိုင်ထွန်းလိုက်တာနဲ့ ဟမ်ဘာဂါစားချင်လာအောင်စီစဉ်ခဲ့တဲ့မက်ဒေါ်နယ်

Facebook- Kristen Vogler
အခုလိုတွေပြောင်းလဲသွားပေမယ့်လို့ Kristen Vogler ရဲ့မိဘတွေကတော့ သတိမထားမိကြသေးပါဘူး။ ဒါတောင် ဓာတ်ပုံချိတ်ထားတဲ့အနားမှာ အဝင်အထွက်တံခါးကြီးရှိနေတာနော်။ သူမကတော့ ပုံတစ်ပုံပြောင်းပြီးတိုင်း Twitter မှာ update post တွေ တင်တင်နေခဲ့ပါတယ်။

Facebook- Kristen Vogler
Facebook- Kristen Vogler
Facebook- Kristen Vogler
၁၁ ပုံမြောက်မှာတော့ Kristen Vogler တစ်ယောက် လူမိမလိုတောင် ဖြစ်ခဲ့ပေမယ့်လို့ မိဘတွေက သတိမထားမိကြသေးပါဘူး။

Facebook- Kristen Vogler
ဒီလို တစ်ရက်ပြီးတစ်ရက် ပုံတွေကို ပြောင်းပြောင်းထည့်သွားရင်းနဲ့မှ နံရံပေါ်မှာ ချိတ်ထားတဲ့ ဓာတ်ပုံစုစုပေါင်း ၁၂ ပုံလုံးကို တစ်ရက်တစ်ပုံနှုန်းနဲ့အကုန်လုံး ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။

၁၂ ပုံလုံးသာပြီးသွားပေမယ့်လို့ မိဘတွေသတိမထားမိတဲ့အဆုံး သူမကိုယ်တိုင်ပဲ မိဘတွေကို ဖွင့်ပြောပြလိုက်ရပါတယ်။ မိဘနှစ်ပါးခင်ဗျာ တော်တော်လေးကို အံ့အားမင်သက်နေခဲ့တာကို ဗီဒီယိုထဲတွေ့ရမှာပါ။

Facebook- Kristen Vogler
https://www.facebook.com/699848562/videos/pcb.10158134374873563/10158134333378563

In case anyone needs a laugh or Some Good News, I’ve been working on a project for the last 12 days, without telling my…

Posted by Kristen Vogler on Tuesday, April 14, 2020

Penny

SHARE