မိုင်(၅,၀၀၀)အကွာက ဂိမ်းကစားဖော် သူငယ်ချင်းရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ ကောင်မလေး

Facebook_Aidan Jackson/Facebook_Dia Lathora

ဆယ်ကျော်သက်ကောင်မလေးတစ်ဦးဟာ မိုင်ပေါင်း(၅၀၀၀)ကျော် ကွာဝေးတဲ့နေရာကနေပြီးတော့ ဂိမ်းအတူကစားနေတဲ့ သူမရဲ့ ငယ်ချင်းကောင်လေးတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အင်တာနက်ပေါ်ကနေ ဗီဒီယိုဂိမ်းတစ်ခုကို အတူတူကစားနေပြီး ကောင်လေးဘက်က တက်နေတဲ့အသံကို ကောင်မလေးဘက်က ကြားရပြီး သူမဟာ အရေးပေါ်ဌာနကို ဖုန်းဆက်ပြီး အကူအညီတောင်ခံခဲ့တာဖြစ်ကြောင်း UK News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၁၇နှစ်ရှိပြီး Aidan Jackson လို့ အမည်ရတဲ့ ကောင်လေးဟာ UK နိုင်ငံ၊ Widnes မြို့မှာ နေထိုင်တာဖြစ်ပါတယ်။ သူဟာ အိပ်ရာထဲမှာ လဲလျောင်းနေပြီး သူ့ရဲ့ဂိမ်းကစားဖော်တစ်ဦးဖြစ်တဲ့ အမေရိကန်နိုင်ငံ Texas ပြည်နယ်က အသက်၂၀အရွယ် Dia Lathora နဲ့အတူ ဂိမ်းကစားနေတာဖြစ်ပါတယ်။ ဂိမ်းကစားနေတုန်း Aidan ဟာ ရုတ်တရက်တက်ပြီး သတိမေ့သွားကြောင်း Dia ဟာသိသိချင်း အရေးပေါ်ဌာနကို ဖုန်းဆက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

READ
ဂေါတမဗုဒ္ဓ၏ဓာတ်တော်များဟုယူဆရသည့် အရိုးအကြွင်းကျန်များ တရုတ်တွင်တွေ့ရှိခဲ့ဟုဆို
[email protected]

အရေးပေါ်ကားနဲ့ ရဲတွေအိမ်ကိုရောက်ရောက်လာချင်း Aidan ရဲ့မိဘတွေဟာ ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ ရဲတွေက အကျိုးအကြောင်းရှင်းပြမှာ အိမ်ပေါ်တက်ကြည့်တော့မှ Aidan သတိလစ်နေတာ တွေ့ရပြီး ဆေးရုံသို့ အချိန်မှီ ပို့ဆောင်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

[email protected]

“ကျွန်မတို့လင်မယားက အောက်ထပ်မှာ တီဗ္ဗီကြည့်နေပြီး Aidan က သူ့အခန်းထဲမှာ သူ့ဟာသူနေနေတာ။ ရဲတွေရောက်လာမှ အပေါ်ထပ်ကို သွားကြည့်မှ Aidan သတိလစ်နေတာတွေ့ရတာ။ ဘာပဲဖြစ်ဖြစ် ကျွန်မ Dia ကို တကယ်ကျေးဇူးတင်ပါတယ်။ သူအချိန်မှီ ဖုန်းဆက်နိုင်ခဲ့လို့ ကျွန်မသားလေး အသက်ရှင်ရတာပါ” လို့ Aidan ရဲ့ မိခင်ဖြစ်သူ Caroline Jackson က Liverpool Echo မီဒီယာကို ပြောပြခဲ့ပါတယ်။

“ ဒီဘက်က ကျွန်မခေါ်နေတာ Aidan ဆီက ဘာတုံ့ပြန်မှုမှ မကြားရဘူး။ သေချာနားထောင်ကြည့်တော့ သူတက်နေတဲ့ပုံပဲ။ ဒါနဲ့ကျွန်မလဲ UKရဲ့ အရေးပေါ်ဖုန်းကို အမြန်ဆက်ပြီး အကြောင်းကြားလိုက်တာပဲ။ ကျွန်မဖုန်းနံပါတ်နှိပ်တာ ဘယ်လောက်မြန်လဲဆိုတာ ပြောတောင်မပြောပြနိုင်ဘူး” လို့ Lathoran က ပြောကြားခဲ့ပါတယ်။

READ
4 လအရွယ် ကလေးငယ်ကို ကားပါကင်မှာ လာရောက်စွန့်ပစ်တဲ့ အမျိုးသမီး

Pyi Hein Kyaw

SHARE