ပန်းထိုးအတတ် ထူးချွန်လွန်းလို့ အင်စတာဂရမ်မှာ အထူးဖော်ပြခံရတဲ့ အမျိုးသမီးလေး

မလေးရှားလူမျိုး Sheena Liam ဆိုသူ အမျိုးသမီးလေးဟာ လက်မှုပညာမှာ ထူးချွန်လွန်းတဲ့အတွက် တရားဝင် အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ သူမရဲ့ ပန်းထိုးထည်တစ်ခုမှာတော့ သူမလို့ ယူဆရတဲ့ ကောင်မလေးတစ်ယောက်ဟာ စာအုပ်ဖတ်နေပြီး ဒတ်ခ်ျစတိုင် ကျစ်ဆံမြီးကြီး ကျစ်ထားတဲ့ လက်ရာမြောက်လှတဲ့အနုပညာကို အခုလို တွေ့ရပါတယ်။

instagram
Instagram

Sheena Liam ဟာ လက်ရှိ နယူးယောက်စီးတီးမှာ နေထိုင်ပြီး သူမက အသက်(၂၇) နှစ်ပဲ ရှိပါသေးတယ်။ သူမဟာ ဗလာကင်းဗတ်ရွက်ပေါ်မှာ အစိမ်းရင့်ရောင်ချည်ကြိုးကိုသာ အသုံးပြုပြီး ပန်းထိုးထည်တွေ ဖန်တီးနေတာ ဖြစ်ပါတယ်။ သိရတာက Sheena ဟာ သူ့ရဲ့ ပန်းထိုးပညာကို မိခင်ဖြစ်သူဆီက အမွေဆက်ခံခဲ့ပြီး အားလပ်ချိန်တိုင်းမှာ ပန်းထိုးရင်းနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

instagram

သူမက “ကျွန်မက ထိုင်ပျင်းနေတတ်တဲ့ လူမျိုးမဟုတ်ပါဘူး။ အင်တာနက်ဟာ ကျွန်မကို အနုပညာရှင်တစ်ယောက်အနေနဲ့  လူတွေဆီ မိတ်ဆက်ပေးပါတယ်။ ဒါကြောင့်လည်း ပန်းထိုးပညာရပ်ရဲ့ အလားအလာက အများကြီးရှိနိုင်တယ်ဆိုတာကို သိလာရပါတယ်…” လို့ ပြောပြခဲ့ပါတယ်။ သူမဟာ (၂၀၁၈) ခုနှစ်မှာလည်း ပါရီမြို့က Item Gallery မှာ တစ်ကိုယ်တော်ပြပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

READ
ကော်ဇောနီပေါ်က ဆယ်လီတွေရဲ့ ၀တ်စုံဒီဇိုင်းကို ပြန်လည်တုပဖန်တီးခဲ့တဲ့ သားအမိ
First Classe

Sheena ဟာ (၂၀၁၄) ခုနှစ်မှာ အာရှ reality show တစ်ခုဖြစ်တဲ့ Next Top Model Cycle 2 မှာ ချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံအတွက်တော့ မလေးလူမျိုးတစ်ဦးဖြစ်တဲ့ Sheena ဟာ ဂုဏ်ယူစရာဖြစ်လို့နေပြီး သူမရဲ့ အနာဂတ်ကတော့ ဖြောင့်ဖြူးသာယာလျက်ရှိနေပါတော့တယ်။ အောက်ဘက်မှာတော့ သူမရဲ့ အံ့မခန်းထူးခြားလှတဲ့ ပန်းထိုးဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

instagram
instagram
instagram
instagram
instagram
instagram
instagram
instagram
instagram
instagram
instagram

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE