စားပွဲထိုးမရှိဘဲ နည်းပညာနဲ့တည်ခင်းနေတဲ့ ရှန်ကျန်းက စားသောက်ဆိုင်

@chloe_0jyh, @albertw84/Instagram

အရင်တုန်းက လူတွေ တာဝန်ယူခဲ့တဲ့လုပ်ငန်းတာဝန်တွေကို အခုလိုနည်းပညာတွေ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ စက်ရုပ်တွေနဲ့ အစားထိုးအသုံးပြုလာခဲ့ကြပါပြီ။ ဥပမာ- ရုပ်ရှင်လက်မှတ်ရောင်းကောင်တာကနေ ဖုန်းထဲကတစ်ဆင့်ငွေပေးပြီး ကိုယ်တိုင်လက်မှတ်ထုတ်ယူရတဲ့ စက်မျိုး၊ စက်ရုပ်တွေနဲ့ဝန်ဆောင်မှုပေးတဲ့ ဟိုတယ်မျိုး၊ လူမလိုဘဲ မောင်းနှင်နိုင်တဲ့ ကားမျိုး စသည်ဖြင့်ပေါ့။

အခုဆိုရင်လည်း Shanghai IST မှာ ဖော်ပြထားတဲ့ ဆောင်းပါးအတိုင်း ရှန်ဇန်းက စားသောက်ဆိုင်တစ်ဆိုင်ဟာ စားပွဲထိုးတွေ လုံးဝခန့်ထားခြင်းမရှိဘဲနဲ့ စက်တွေနဲ့ ဧည့်သည်တွေဆီကို ဟင်းပွဲတွေ ပို့ပေးနေတယ်ဆိုတဲ့အကြောင်း တွေ့ရပါတယ်။

 

View this post on Instagram

 

#SpaceLabRestaurant

A post shared by Vera ZY Zhang张之羽 (@__verazzy) on

 

View this post on Instagram

 

자매님과 중국투어 3일차🙌🏻 하늘에서 음식이 내려오는 신개념 서빙을 볼 수 있는 이 곳은 형부가 투자한 레스토랑! 평소에 웨이팅이 2시간 걸리지만 형부찬스로 바로 들어옴👍🏻 아이들에게도 인기가 많아서 가족들끼리 많이들 오는 것 같은데 한국에 생기면 엄마들 사이에서 난리 날 듯…? #instadaily #instafood #daily #beijing #spacelabrestaurant #spacelabsolana #restaurant #happyholidays #newyear #familyrestaurant #데일리 #일상 #중국 #베이징 #스페이스랩 #패밀리레스토랑 #레스토랑 #인테리어 #신개념서빙 #맛스타그램 #맛집 #베이징맛집 #베이징맛집추천

A post shared by 🌿Chloe (@chloe_0jyh) on


ဆိုင်နာမည်ကတော့ Spacelab လို့ခေါ်ပြီး ကိုယ်မှာလိုက်တဲ့ ဟင်းပွဲအလိုက်ကို ခေါင်မိုးနားကနေတစ်ဆင့် ကိုယ့်ရှေ့မှောက်ရောက်အောင် လူမပါဘဲ ဝန်ဆောင်မှုပေးတဲ့အတွက် ကျော်ကြားလျက် ရှိနေပါတယ်။ အဓိကကတော့ စက်ရုပ်လိုမျိုး စက်တွေကို အသုံးပြုပြီး မီးဖိုချောင်ထဲက ချက်ပြုတ်ပြီးစီးသွားတဲ့ ဟင်းပွဲတွေကို အဲဒီစက်တွေကတစ်ဆင့် ဧည့်သည်ဆီရောက်ဖို့ အချိန် ၁၇ စက္ကန့်ပဲ လိုပါတယ်တဲ့။

 

View this post on Instagram

 

Spacelab 失重餐廳 – 軌道自動傳菜、食物從天上飛到桌面 #spacelabrestaurant #spacelab

A post shared by Albert Wong | 輝 (@albertw84) on

စက်ပုံစံကတော့ ရေလွှာလျှောလို့ပဲပြောရမလားမသိပါဘူး၊ အကွေ့အဝိုက်တွေ အများကြီးနဲ့ ဖန်တီးထားတဲ့ လျှောလိုပုံသဏ္ဍာန်တွေဖြစ်ပြီး ဟင်းပွဲတွေကို အဲဒီလျှောလမ်းကြောင်းအတိုင်း မီးဖိုချောင်ကနေတစ်ဆင့် စားသုံးသူတွေဆီကို ပို့ပေးနေတာပဲဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးမယ့် စားပွဲထိုးတွေ မရှိတော့တာကြောင့် ဟင်းပွဲမှာတဲ့အခါမှာလည်း မိမိထိုင်တဲ့စားဝိုင်းတွေမှာ ချပေးထားတဲ့ တပ်ဘလက်လိုမျိုးပေါ်ကနေ ဟင်းပွဲတွေကို စိတ်ကြိုက်ရွေးမှာရမှာပါ။ ဝိုင်းမှာ လူတစ်ယောက်ထက်မက ထိုင်နိုင်နေတာကြောင့် ကိုယ့်ဟင်းပွဲက ဘာလဲဆိုတာ ကွဲကွဲပြားပြား သိစေဖို့အတွက် လျှောထဲကနေ ဟင်းပွဲကျလာတဲ့အခါ ဟင်းမှာတုန်းက သတ်မှတ်ပေးလိုက်တဲ့ အရောင်အတိုင်းခွဲခြားကာ ကျလာအောင် ပြုလုပ်ပေးထားပါတယ်။

READ
မဟာတံတိုင်းကြီး ဘယ်မှာရှိလဲဆိုတာကို မေ့နေတဲ့ တရုတ်စက်ရုပ်မလေး ကျောင်းပြန်ပို့ခံရ

Penny

SHARE