
Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် မင်းသားတစ်ဦးဖြစ်တဲ့ Shia LaBeouf ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Transformers, Fury, The Tax Collector, Disturbia, Eagle Eye အစရှိတဲ့ နာမည်ကျော် ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Shia ဟာ ပရိသတ်တွေ တော်တော်လေးကို ကြိုက်နှစ်သက်တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်က Shia ဟာ သူနဲ့ အချိန်တော်တော်ကြာတွဲလာခဲ့တဲ့ အမေရိကန်မင်းသမီး Margaret Qualley နဲ့ လမ်းခွဲပြတ်စဲခဲ့ပြီဖြစ်ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
ပရိသတ်တော်တော်များများကလည်း ဒီလိုမျိုး လမ်းခွဲမှုကြောင့် အံ့သြသင့်ခဲ့ကြသလို ဝေဖန်မှုများစွာလည်း ရှိခဲ့ပါတယ်။ ဒီသတင်းကိုတော့ Margaret ဖက်ကနေ ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၇.၁.၂၀၂၁) တုန်းက တရားဝင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး လမ်းခွဲမှုကိုတော့ ပရိသတ်တစ်ချို့က Shai ရဲ့ အမှုကိစ္စကြောင့် သက်ဆိုင်တယ်ဆိုပြီး ထင်ကြေးပေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Shia ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ လိင်အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံထားရလို့ ဖြစ်ပါတယ်။ Shia ရဲ့ ချစ်သူဟောင်းတစ်ယောက်ဖြစ်တဲ့ နာမည်ကျော် အဆိုတော် FKA twigs ဖက်ကနေပြီးတော့ Shia ဟာ သူမအပေါ်ကို လိင်အကြမ်းဖက်ခဲ့ကြောင်း တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
ဒီကိစ္စအပေါ်မှာ Margaret ကတော့ Shia ဟာ အဲဒီလိုလုပ်မယ့်လူတစ်ယောက် မဟုတ်ကြောင်း၊ သူ့အနေနဲ့ Shia အပေါ်ကို ယုံကြည်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒီလိုမျိုး ကာကွယ်ပြောဆိုခဲ့တာကြောင့်လည်း Margaret အပေါ်ကို ပရိသတ်တော်တော်များများက ဝေန်ခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေ ခံရပြီး သိပ်မကြာခင်မှာပဲ Margaret ဟာ Shia နဲ့ တရားဝင်လမ်းခွဲပြီးပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး ရုတ်တရက်ကြီး လမ်းခွဲခဲ့ရတဲ့ အကြောင်းအရင်းကို Insider သတင်းဌာနမှ Margaret နဲ့ Shai ကို ဆက်သွယ်မေးမြန်းခဲ့ရာ နှစ်ဖက်စလုံးက ဘာမှ မဖြေကြားခဲ့ကြောင်းလည်း သိရပါတယ်။
View this post on Instagram
Pyi Hein Kyaw