ဂျပန်မှာ အရမ်းပေါ်ပြူလာဖြစ်နေတဲ့ Shiba Inu ခွေးရုပ်ပုံပါ ငွေစက္ကူများ

twitter/PonkichiM

ယခုနှစ်ဧပြီတုန်းက ဂျပန်နိုင်ငံရဲ့ဘဏ္ဏာရေးဝန်ကြီးဌာနဟာ (၂၀၂၄) ခုနှစ်မှာ အသစ်ထုတ်မယ့် ဂျပန်ငွေစက္ကူဇိုင်းတွေကို ဖော်ပြပေးခဲ့ပါတယ်။ ဒီအခါ မန်ဂါရေးဆွဲသူအနုပညာရှင်တစ်ဦးဖြစ်တဲ့ Ponkichi ကလည်း သူ့ကိုယ်ပိုင် ဂျပန်ယန်းပိုက်ဆံတွေကို ဒီိဇိုင်းဆွဲခဲ့ပါတယ်။ Ponkichi ဟာ သူရေးဆွဲတဲ့ ဂျပန်ပိုက်ဆံတွေထဲမှာ ဂျပန်လူမျိုးတွေရဲ့ အချစ်တော်ခွေးအမျိုးအစားဖြစ်တဲ့ Shiba Inu ကိုပါ ထည့်သွင်းရေးဆွဲခဲ့ပါတယ်။

Ponkichi ရေးဆွဲတဲ့ (၁,၀၀၀) တန်ယန်းဆိုရင် လူကြိုက်အရမ်းများခဲ့ပါတယ်။ Ponkichi ဟာ နောက်ထပ် (၅၀၀) တန်ယန်းကိုလည်း ထပ်မံဖန်တီးခဲ့ပါသေးတယ်။ ဂျပန်မှာတော့ (၅၀၀) တန်ယန်းဆိုတာ မရှိပါဘူး။ ဂျပန်ငွေစက္ကူတွေက ယန်း(၁၀၀၀) ကနေပဲစတင်ပြီး သူ့အောက်တန်ဖိုးနည်းရင်တော့ အကြွေစေ့တွေနဲ့ လဲလှယ်ရပါတယ်။ Ponkichi ရဲ့ ယန်း(၅၀၀) တန် ဒီဇိုင်းဟာ လူကြိုက်များလွန်းလို့ အခုဆိုရင် စာရေးကိရိယာပစ္စည်းကအစ ပိုက်ဆံအိတ်၊ စမတ်ဖုန်းကာဗာ စတာတွေမှာ ယန်း(၅၀၀) တန် Ponkichi ရဲ့ ဒီဇိုင်းကို ရိုက်နှိပ်ပြီး စီးပွားဖြစ်တောင် ရောင်းချနေကြတာကို soranews24 အွန်လိုင်းစာမျက်နှာကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ယန်း (၅၂၈) တန် စာအုပ်

FurBaby Space Factory

ယန်း (၇၇၀) တန် လက်မှတ်အိတ်

FurBaby Space Factory

ယန်း (၇၇၀) တန် ကီးချိန်း

FurBaby Space Factory

ယန်း (၁,၈၇၀) တန် အကြွေထည့်အိတ်

FurBaby Space Factory

ယန်း (၂,၂၀၀) တန် မျက်နှာသုတ်ပုဝါ

FurBaby Space Factory

ယန်း (၃,၂၇၈) တန် ပိုက်ဆံအိတ်

FurBaby Space Factory

ယန်း(၃,၅၂၀) တန် စမတ်ဖုန်းအိတ်

FurBaby Space Factory

၎င်း Mama Shiba ပိုက်ဆံဒီဇိုင်းနဲ့ အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကိုတော့ FurBaby Space Factory အွန်လိုင်းစတိုးနဲ့ အမေဇုန်ဂျပန်တို့မှာ ၀ယ်ယူရရှိနိုင်ကြောင်းလည်း သိရပါတယ်။

READ
လေးနှစ်အရွယ်သားငယ်လေး သေနတ်နဲ့ဆော့ရင်း ကိုယ့်ကိုယ်ပစ်သတ်မိခဲ့

လင်းလင်း (ShweMom)

SHARE