ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိတ်ဝင်စားစရာဖြစ်လာနေတဲ့ ဂျပန်က ခွေးလေးသုံးကောင်

ယဉ်ပါးတဲ့ ခွေးလေးတွေဟာ လူကို အရမ်းခင်တွယ်လေ့ရှိပါတယ်။ လူနားမှာနေရရင် ပျော်နေလေ့ရှိပြီး ပတ်ဝန်းကျင်နားမှာရှိနေတဲ့လူတွေကိုလည်း နွေးထွေးစွာနှုတ်ဆက်လေ့ရှိပါတယ်။ ဂျပန်နိုင်ငံ နာဂါဆာကီစီရင်စုနယ် ရှင်မာဘာရာမှာရှိတဲ့ ခွေးကလေးသုံးကောင်ကလဲ အလားတူပါပဲ။

crisdakoo Instagram

လူတွေကို ချောင်းကြည့်ပေါက်တွေထဲကနေ နှုတ်ဆက်တတ်တဲ့ ခွေးကလေးတွေရဲ့ အမူအရာလေးတွေဟာ လတ်တလော ဂျပန်နိုင်ငံမှာ ကျော်ကြားလာနေတာပါ။ ချစ်စရာကောင်းတဲ့ Shiba Inu အမျိုးအစား ခွေးကလေး(၃)ကောင်ကြောင့် ကမ္ဘာလှည့် ခရီးသည်တွေဟာ တကူးတကနဲ့ ခွေးလေးတွေရှိရာ အိမ်ဆီလာပြီး  ဓာတ်ပုံတွဲရိုက်ကြပါတယ်။

dra_lwn Instagram

ခွေးလေးတွေရဲ့ပိုင်ရှင်က ခြံထဲမှာလေ၀င်လေထွက်ကောင်းအောင်လို့ဆိုပြီး ၀င်းနံရံမှာအပေါက်လေးတွေဖောက်ထားပါတယ်။ ဖောက်ထားတဲ့ အပေါက်ကလေးတွေကလည်း ခွေးဦးခေါင်းတစ်လုံးနဲ့ ကွက်တိပါပဲ။ ဒါကြောင့် ၀င်းခတ်ထားတဲ့ခြံထဲကနေ ပြင်ပလောကကို စူးစမ်းချင်ကြတဲ့ ခွေးကလေးတွေဟာ ၄င်းအပေါက်ကလေးတွေကနေ ခေါင်းပြူပြီးကြည့်ကာ ဖြတ်သွားဖြတ်လာသူ မှန်သမျှကို နှုတ်ဆက်လေ့ရှိပါတယ်။

Credit: Miguel Yeh

ခွေးကလည်း (၃)ကောင် ဖောက်ထားတဲ့ အပေါက်ကလည်း(၃)ပေါက်ရှိတာကြောင့် အပေါက်တွေ အကုန်လုံးမှာ ခွေးခေါင်းကလေး(၃)လုံးစလုံး ဆုံတဲ့အခါ ဘယ်လောက်ချစ်စရာကောင်းမလဲ မှန်းကြည့်ရုံနဲ့တင် သိနိုင်မှာပါ။ ခွေးကလေးတွေနဲ့ ဓာတ်ပုံရိုက်ချင်သူတွေဟာ အတူဓာတ်ပုံ တွဲရိုက်နိုင်ပေမယ့် စည်းကမ်းတစ်ခုကိုတော့ လိုက်နာရပါတယ်။ ဒါကတော့ ခွေးကလေးတွေကို အစာကျွေးခွင့် မပေးတာပဲဖြစ်ပါတယ်။

လင်းလင်း (ShweMom)

READ
ရေရှိတဲ့အရပ်မှာ နေထိုင်ခြင်းဟာ လူကို ပိုမိုပျော်ရွှင်စေနိုင်ကြောင်း လေ့လာချက်ကဆို

Ref: pedestrian.tv

SHARE