ဝေဟင်ထဲရောက်နေသလိုခံစားရမယ့် တိုကျိုက ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ မြင်ကွင်း

The Smart Local Japan

တိုကျိုမြို့ Shibuya Scramble Square ကနေတွေ့မြင်ရတဲ့ မြင်ကွင်းဟာ ရင်သပ်ရှုမောစရာကောင်းလွန်းလို့ ချက်ချင်း ဂျပန်ကို သွားချင်စိတ်တောင် ဖြစ်မိပါတယ်။ Shibuya Scramble Square ကို (၂၀၁၉) ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့တုန်းကမှ ဖွင့်လှစ်ခဲ့တာပါ။ အဆောက်အဦးဟာ အတော်ကြီးပြီး မြင့်လည်းမြင့်ပါတယ်။ အတွင်းမှာတော့ ရုံးခန်းတွေ၊ စီးပွားရေးလုပ်ငန်းနဲ့သက်ဆိုင်တဲ့ လိုအပ်တဲ့ ပစ္စည်းပစ္စယ၊ အထောက်အပံ့တွေအများကြီး ရှိပါတယ်။

The Smart Local Japan
The Smart Local Japan

Worldofbuzz သတင်းအရ Shibuya Scramble Square ဟာ (၂၃၀) မီတာအမြင့်ရှိပြီး အထပ်ပေါင်း (၄၇) လွှာရှိပါတယ်။ Shibuya ဘူတာရုံရဲ့အပေါ်မှာရှိပါတယ်။ အဆောက်အဦးအတွင်းအပြင်တွေကတော့ ဓာတ်ပုံ ရိုက်လို့ကောင်းတဲ့နေရာတွေနဲ့ အပြည့်ပါပဲ။ လှပတဲ့တိုကျိုတစ်မြို့လုံးရဲ့ မြင်ကွင်းကို အပေါ်စီးကနေ မြင်တွေ့နိုင်ပါတယ်။ ညဘက်ကျရင်တော့ တစ်မြို့လုံးမီးတွေထွန်းညှိပြီဖြစ်လို့ တွေ့ရတဲ့မြင်ကွင်းဟာ ပိုလို့တောင် ကြည်နူးစရာ ကောင်းဦးမှာပါ။

READ
ဒူဘိုင်းနိုင်ငံ အလည်သွားတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အပြုအမူများ
The Smart Local Japan
The Smart Local Japan

ကြည့်လို့မ၀အောင် လှလွန်းတဲ့ တိုကျိုရဲ့အလှအပကို မျက်စိအစာကျွေးနိုင်ရုံတင်မကပါဘူး။ Shibuya Scramble Square ထဲမှာ ရှော့ပင်းထွက်လို့လည်း ရပါသေးတယ်။ အထဲမှာတော့ ဂျပန်လူမျိုးတွေရဲ့ ရိုးရာလက်မှုပစ္စည်းတွေကို ၀ယ်ယူနိုင်မယ့်အပြင် အရသာရှိလှတဲ့ တိုကျိုရဲ့အကောင်းဆုံးဟင်းလျာတွေနဲ့ စားသောက်ဖွယ်ရာတွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။ ဒါကတော့ ကောင်းကင်ထဲရောက်နေသလိုမျိုး ခံစားမှုကို ပေးစွမ်းနိုင်တဲ့ Shibuya Scramble Square ရဲ့ ခမ်းနားလွန်းတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။

Matcha
Time Out
The Smart Local Japan
The Smart Local Japan
The Smart Local Japan

လင်းလင်း (ShweMom)

SHARE