America’s Got Talent မှာ ချန်ပီယံတွေရဲ့ချန်ပီယံဖြစ်သွားခဲ့တဲ့ အာရှသားမျက်လှည့်ဆရာ

မျက်လှည့်ပညာရှင် Shin Lim ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ ပြီးဆုံးသွားတဲ့ America’s Got Talent မှာ ချန်ပီယံအဖြစ်သတ်မှတ်ခံရပြီး အနိုင်ရရှိခဲ့ပါတယ်။ ဒီတစ်ခေါက်ပြုလုပ်တဲ့ America’s Got Talent ဟာ ချန်ပီယံကို ရွေးထုတ်ပေးတာမျိုးမဟုတ်ဘဲ Got Talent ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံတွေအကုန်စုကာ ထိပ်တန်းချန်ပီယံတစ်ဦးကို ပြန်လည်ရွေးထုတ်ပေးတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

အသက် (၂၇) နှစ်ရှိပြီဖြစ်တဲ့ Lim ဟာ ကနေဒါမှာမွေးပြီး စင်္ကာပူမှာကြီးပြင်းလာခဲ့သူပါ။ နောက်ပိုင်းမှာတော့ မိဘများက အမေရိကမှာ ပြောင်းရွှေ့နေထိုင်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Instagram

သူဟာ လူကြိုက်များတဲ့ ပြိုင်ဖက်တစ်ဦးဖြစ်တဲ့ ဗြိတိသျှအဆိုရှင် Susan Boyle ကို ကျော်ဖြတ်ကာ ဒီပြိုင်ပွဲမှာ အနိုင်ရရှိသွားခဲ့တာပါ။

ပြိုင်ပွဲတစ်လျှောက် ကဒ်တွေကိုအသုံးပြုကာ အများဆုံး မျက်လှည့်ပြသွားခဲ့ပြီး သူအနိုင်ရတယ်လို့ ကြေငြာစဉ်က လုံးဝမယုံနိုင်ခဲ့လို့ ကိုယ့်အသားကိုယ်ကိုယ် ပြန်ဆွဲဆိတ်ကြည့်ခဲ့ရသေးတယ်လို့ Lim ကဆိုပါတယ်။ ဆုကြေးအနေနဲ့ကိုတော့ အမေရိကန်ဒေါ်လာ  (၂၅,၀၀၀) တောင်ရရှိသွားခဲ့ပါတယ်။

Instagram

အခြားသောပြိုင်ဖက်တွေက တကယ့်ကိုပါရမီထူးကဲကြတဲ့ ပညာရှင်တွေနဲ့ Deadly Games တို့လို ဓားတွေပစ်ကာ သက်စွန့်စံဖျားဝင်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေကို ကျော်ဖြတ်ပြီး ကဒ်လေးတွေသာအသုံးပြုပြီး ကစားပြတဲ့သူလိုလူဟာ အခုလို ချန်ပီယံတွေရဲ့ချန်ပီယံဖြစ်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိခဲ့ပါဘူး။

READ
မူးယစ်ဆေးဝါးဝယ်တာကို အတုရောင်းပြီး လိမ်လိုက်လို့ ရဲသွားတိုင်တဲ့ ဉာဏ်ကြီးရှင်
AFP

Lim ကိုသိတဲ့လူတိုင်း Lim ငယ်ငယ်တုန်းက စန္ဒရားတီးဆရာဖြစ်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ Lim ရဲ့အဖွားဟာ သူ့ကို တယောတစ်လက်စဝယ်ပေးခဲ့သော်လည်း တယောတီးရတာ စိတ်မပါဘူးဆိုပြီး တယောကိုရိုက်ချိုးကာ စန္ဒယားပညာရပ်ကို စတင်လေ့လာခဲ့ပါတယ်။ ဒီလိုနဲ့ အသက် (၉) နှစ်လောက်ကစပြီး တစ်နေ့ကို (၃) နာရီအချိန်ပေးကာ စန္ဒရားလေ့ကျင့်ခဲ့ပါတယ်။

AFP

အထက်တန်းကျောင်းပြီးတုန်းကလည်း ထိုင်ဝမ်ရဲ့ Lee University ဆိုတဲ့ ဂီတကျောင်းကို လျှောက်ရာ ဝင်ခွင့်ရခဲ့သော်လည်း ကံမကောင်းစွာနဲ့လက်ကောက်ဝတ်မှာ ဒဏ်ရခဲ့တဲ့အတွက် စန္ဒရားကိုစွန့်လွှတ်ခဲ့ရပါတယ်။ ငယ်ကတည်းကဖြစ်ချင်ခဲ့တဲ့ ဆန္ဒတစ်ခုကို စွန့်လွှတ်လိုက်ရတဲ့အတွက်ကြောင့် စိတ်ဓာတ်ကျနေတုန်း မျက်လှည့်ပညာကို YouTube ပေါ်မှတစ်ဆင့် စတင်ထိတွေ့ခွင့်ရခဲ့တာပါ။

သူ့ရဲ့အထင်ကရ မျက်လှည့်အကွက်ကတော့ SSS လို့ခေါ်တဲ့ Sleeveless Silent Smoke ပြကွက်ပဲဖြစ်ပါတယ်။

Facebook

Magician Shin Lim wins America's Got Talent

America's Got Talent winner Shin Lim is known for his Sleeveless Silent Smoke magic routine. But it was not all smooth sailing as an accident in 2016 threatened to derail the magician's career. http://str.sg/oszg

Posted by The Straits Times on Friday, September 21, 2018

လက်ကောက်ဝတ်ဒဏ်ကြောင့် စန္ဒယားတီးခြင်းမှ အနားယူခဲ့ပြီး မျက်လှည့်ပညာဖက်ကို ခြေစုံပစ်ဝင်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ် မတ်လမှာ အကွက်သစ်ဖန်တီးရင်း ဘယ်ဖက်လက်မရဲ့ အရွတ်နှစ်ခုဟာ ထပ်မံထိခိုက်ခဲ့ပါတယ်။ ခွဲစိတ်မှုလုပ်ခဲ့ရပြီး မျက်လှည့်ကို တစ်လကျော်လောက်အထိ လုံးဝလေ့မကျင့်ဘဲ နေခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် မျက်လှည့်ဆက်ပြလို့မရတော့ဘူးလားဆိုပြီး တွေးကာ Lim တစ်ယောက် စိတ်ဆင်းရဲခဲ့ရပါသေးတယ်။

READ
လက်သည်းကို ရတနာ တစ်ခုလို စောင့်ရှောက်ထားတဲ့ ဗီယက်နမ်အမျိုးသား
Instagram

 

Lim ဟာ လာမယ့်သြဂုတ်လထဲ ဟာဝိုင်အီမှာ သူ့ရဲ့ချစ်သူ အကပညာရှင်ဖြစ်တဲ့ သြစတေးလျသူလေး Casey Thomas နဲ့ လက်ထပ်တော့မှာဖြစ်တယ်လို့ အနိုင်ရခဲ့တဲ့ America’s Got Talent မှာ ကြေငြာခဲ့ပါတယ်။ Casey ကို လက်ထပ်ခွင့်တောင်းတုန်းကလည်း ပရိတ်သတ် (၂၀၀၀) ကျော်ရှိနေတဲ့ စင်ပေါ်မှာပဲ surprise လုပ်ကာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။

Source: The Straits Times

Penny

SHARE