မင်းသမီးချော Shin Mina က သူမကို television show တွေမှာ မတွေ့ရတဲ့ အကြောင်းအရင်းကို ပြောပြလာခဲ့ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။ MBC FM4U’s radio show တစ်ခုဖြစ်တဲ့ ‘ Kim Shin-young’s Music Party’ အစီအစဉ်ကို Shin Mina ကဧည့်သည်အဖြစ် ရောက်ရှိလာခဲ့တာပါ။
ဒီအစီအစဉ်မှာ host Kim Shin-young ကနေပြီးတော့ Shin Mina ကို “ ဘာဖြစ်လို့ television show အစီအစဉ်တွေမှာ မတွေ့ရတာလဲ ငါ့အထင်တော့ တစ်ခါမှာကို မတွေ့ဖူးတာ” ဆိုပြီး မေးမြန်းခဲ့တာပါ။ Shin Mina ရဲ့ အဖြေက “ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အရမ်းကို စိတ်လှုပ်ရှားတတ်လို့ပါ ကျွန်မ ဘယ်ကနေစပြီး ဘယ်လို ကျွန်မအကြောင်းကို ပြောရမှန်း မသိတာပါ ကျွန်မက ကျွန်မရဲ့ အကြောင်းကို ဟာသနှောပြီး လူစိတ်ဝင်စားအောင် မပြောပြတတ်ပါဘူး ဒါက အရမ်းကို ခက်ခဲတဲ့ အရာတစ်ခုပါ” ဆိုပြီး ပွင့်လင်းစွာ ဖြေကြားခဲ့ပါတယ်။
သူမက ဆက်လက်ပြီး “ အရင်က ကျွန်မကို ကျွန်မ ဟာသဥာဏ်ရွှင်တဲ့ သူတစ်ယောက်လို့ ထင်မိတယ် ဘာကြောင့်လဲဆိုတော့ ကျွန်မဘေးကလူတွေက ကျွန်မကို အဲလိုပြောခဲ့ကြတဲ့ အတွက်ကြောင့်ပါ ဒါပေမယ့် ကျွန်မ television show တစ်ခုမှာ ဧည့်သည်အဖြစ်ပါဝင်ဖူးခဲ့တဲ့ အစီအစဉ်ကို ပြန်ကြည့်တဲ့အခါမှာ ကျွန်မဟာ လုံးဝကို ဟာသမပြောတတ်တဲ့ သူတစ်ယောက်ဆိုတာကို သိခဲ့ရပါတယ် ဒီတော့ television show တွေက ကျွန်မအတွက် မဟုတ်ခဲ့ဘူးဆိုတာ သိသွားခဲ့တာပေါ့” လို့ သူမရဲ့ အားနည်းချက်ကို ပြောပြလာခဲ့ပါတယ်။
လက်ရှိမှာတော့ မင်းသမီး Shin Mina ဟာ ‘ I Am a Nurse’ ဆိုတဲ့ စီးရီးသစ်မှာ ပါဝင်ရိုက်ကူးဖို့ကို လက်ခံထားတာပဲ ဖြစ်ပါတယ်။
Khin