သူမ ငယ်ငယ်က ရိုက်ထားတဲ့ ချစ်စရာ video လေးကို ဝေမျှလိုက်တဲ့ Shin Sae Kyeong

ig/@sjkuksee

မင်းသမီးချောလေး Shin Sae Kyeong က သူမရဲ့ ချစ်စရာကောင်းလှတဲ့ video လေးကို သူမရဲ့ instagram အကောင့်မှာ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ သူမ အသက်ခြောက်နှစ်လောက်မှာ ရိုက်ကူးထားခဲ့တဲ့ ဒီ ဗီဒီယိုလေးဟာ ‘Let’s Hang Out, Song-yi’ ဆိုတဲ့ television show တစ်ခုမှာ ပါဝင်တုန်းက ရိုက်ထားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/B-ttMQxluP4/?utm_source=ig_embed&utm_campaign=loading

ဒီဗီဒီယိုလေးထဲမှာတော့ Shin Sae Kyeong ငယ်ငယ်လေးက အခန်းတစ်ခုထဲကို ဝင်လာပြီး သီချင်းလေးနောက်ခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အရမ်းကိုချစ်စရာကောင်းပြီး ငယ်ငယ်ကတည်းက ချောမောတဲ့ သူမရဲ့ ငယ်ဘဝလေးကို အမှတ်တရနဲ့ ဒီဗီဒီယိုလေးကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။

View this post on Instagram

A post shared by 신세경 (@sjkuksee) on

Shin Sae Kyeong ဟာ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်အလုပ်တွေကို လုပ်ကိုင်နေသူ တစ်ယောက်ဖြစ်ပြီးတော့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရထားတဲ့ သူလည်းဖြစ်ပါတယ်။ သူမက ထူးချွန်ဆုတွေကိုလည်း ရရှိထားသူတစ်ယောက်ဖြစ်ပြီးတော့ အခုအချိန်မှာတော့ သူမက အသက် ၂၉ နှစ်ရှိပါပြီ။ သူမရဲ့ ငယ်ဘဝက ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

READ
ချစ်သူကို ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တဲ့ ကိုရီးယား Idols များ

 Khin

SHARE