“အနက်ရောင်လေးတွေကိုပဲ ကြိုက်မိနေတယ်” ဆိုတဲ့ ရှင်ယွန်းမြတ်

ရှင်ယွန်းမြတ်ကတော့ သရုပ်ဆောင်၊မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို  လုပ်ကိုင်နေသူပါ။လက် တလောမှာ သူမရဲ့ သခွားသီးသုပ် ဗီဒီိယိုဖိုင်ဟာ အွန်လိုင်းမှာ အတော်လေး လူပြောများနေပါတယ်။အမိုက်စား body ကြောင့်လည်း ၀န်းရံအားပေးတဲ့ အမျိုးသားပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ ရှင်ယွန်းမြတ် ကတော့ အခု ဆိုရင် ပွဲတွေတက်တာနဲ့ တခြားအနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက် လုပ်ဆောင် နေတာကို တွေ့ရပါတယ်။

မကြာသေးမီကလည်း စာအုပ်လက်မှတ်ရေးထိုးပွဲနဲ့ ဟောက်စားရုပ်ရှင်ကားအထူးပွဲသို့ တက်ရောက်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။စာအုပ်လက်မှတ်ရေးထိုးပွဲမှာတော့ အနက်ရောင်ဖက်ရှင်ကိုပဲ ရွေးချယ်ပြီး ၀တ်ဆင်ခဲ့ပါတယ်။ဒါ့အပြင် သီရိရွှေစင် ရတနာဆိုင်ဖွင့်ပွဲမှာလည်းအနက်ရောင်ဝတ်စုံကိုပဲ ၀တ်ဆင်ခဲ့ပါတယ်။အနက်ရောင်တွေပဲ အ၀တ်များနေတဲ့ သူမကတော့ လက်တလောမှာ အနက်ရောင်လေးတွေကိုပဲ ကြိုက်မိနေတယ်လို့ အခုလို ဖွင့်ဟလာပါတယ်။

🖤အခုတလော အနက်ရောင်လေးတွေကိုပဲ ကြိုက်မိနေတယ်..🖤
အသဲနက်နက်လေး လိုချင်မိတယ်လေ🖤…” ဆိုပြီး သူမရဲ့ အကောင့်မှာ တင်ထားပါတယ်။

သူမရဲ့ Sexy ကျကျ ၀တ်စားမှုတွေနဲ့ပတ်သက်ပြီး ဝေဖန်ကြသူတွေ ရှိသလို တစ်ချို့ကလည်း အားပေး ထောက် ခံ ချစ်ခင်အားပေးသူတွေလည်း ရှိတာကိုတွေ့ရပါတယ်။

READ
White Day မှာ ဒိတ်လုပ်ချင်သူတွေ ၀ိုင်းနေတဲ့ Park Bo Gum

 

Sourcr ရှင်ယွန်းမြတ်

SHARE