ထိပ်ပြောင်ငပုဆိုပြီး ဇနီးက စွန့်ပစ်ခံရပြီးနောက်၊ မိမိကိုယ်ကို အံမခန်း ပြောင်းလဲနိုင်ခဲ့သူ

အသက်အလတ်တန်းအရွယ် ဂျပန်အမျိုးသားတစ်ယောက်ဟာ ဇနီးဖြစ်သူကိုယ်တိုင်က နှိမ်တာကို ခံခဲ့ရပြီး၊ လမ်းခွဲခံခဲ့တယ်လို့ သူ့ရဲ့တွစ်တာပေါ်မှာ ရေးသားထားပါတယ်။ သူရဲ့အမည်ကိုတော့ Shirapyong လို့ ဖော်ပြထားပြီး @lonestarsde66 အကောင့်ပိုင်ရှင်ပါ။

သူ့ဇနီးက သူ့ကို ထိပ်ကလည်းပြောင်၊ ပုကလည်းပု၊ ဒီကြားထဲ ဖတ်တီးပုတ်က ဖြစ်သေးဆိုပြီး အမျိုးမျိုး နှိမ်ခဲ့ရာ နောက်ဆုံး လမ်းခွဲသည်အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက Shirapyong ဟာ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းခဲ့ရတယ်လို့ ပြောပါတယ်။

Twitter

Shirapyong က အရင်တုန်းကတည်း ကျန်းမာရေး လိုက်စားခဲ့သူပါ။ ကောလိပ်ကျောင်းသားဘဝက သူဟာ Gym အမြဲသွားလေ့ရှိပြီး၊ ဘွဲ့ရပြီးနောက် Gym နဲ့ အဆက်သွယ်ပျက်ကာ လုပ်ငန်းခွင်ထဲမှာပဲ အချိန်ပိုကုန်လာပါတော့တယ်။ အဲဒီနောက် မိန်းမ ရခဲ့ပြီး၊ Gym ဘက်ကို ခြေဦးမလှည့်ဖြစ်တော့ပါဘူး။

Twitter

ကွာရှင်းပြတ်စဲအပြီးမှာတော့ Shirapyong ဟာ ယခင်က လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေ ပြန်လည် လုပ်ဆောင်ခဲ့ပြီး၊ ခေါင်းကဆံပင်တွေကိုလည်း အပြောင်တုံးပစ်လိုက်ပါတော့တယ်။ အစတုန်းကတော့ တစ်ရက်ရက် Gym သွားဦးမှပါဆိုတဲ့ စိတ်ကူးဟာ

အခုတော့ သူရဲ့အချိန်ဆွဲတဲ့စိတ်ကို ရပ်တန့်စေခဲ့တဲ့ တစ်ခုတည်းသောအရာပါ။ အံမခန်းခန္ဓာကိုယ်ကို ပြောင်းလဲနိုင်ခဲ့တဲ့သူ့ကို လူမှုကွန်ရက်ပေါ်က Real-Life One Punch Man လို့တောင် တင်စားခေါ်ဝေါ်နေကြပါတယ်။ သူဟာ ကာယဗလပြိုင်ပွဲတောင် ဝင်ပြိုင်လိုက်ပါသေးတယ်။

Twitter

သူ့အနေနဲ့ ဆုတံဆိပ်တွေ မရယူနိုင်သေးပေမယ့် အဆင့်(၁၀)အတွင်းတော့ ဝင်ရောက်နိုင်ခဲ့မြဲပါ။ သူဟာ အမြင့်ဆုံးဆုတံဆိပ်အဖြစ် Tokyo Open Bodybuilding Tournament ပြိုင်ပွဲမှာ အသက်(၄၀)အထက်ကဏ္ဍမှာတော့ အဆင့်(၄)အထိ ရရှိခဲ့ကြောင်း သိရပါတယ်။

READ
ကျွန်းငယ်လေးပေါ်မှာ8လအတွင်း လူ၄၀ကျော်ရဲ့ အဓမ္မကျင့်ခြင်းခံခဲ့ရတဲ့ထိုင်းအမျိုးသမီးငယ်
Twitter

အခုဆိုရင် သူဟာ မော်ဒယ်၊ Costume မော်ဒယ်အဖြစ်လည်းကောင်း၊ Dragon Ball ကာတွန်းဇာတ်ကားထဲမှ သိုင်းပညာရှင် Tien Shinhan ပုံစံမျိုး ဝတ်ဆင်ပြီး ပရိသတ်ရဲ့ အားပေးမှုတွေကို ရရှိနေပါတယ်။ သူဟာ ဇနီးဟောင်းကို ပြန်ကပ်ဖို့ မစဉ်းစားဘဲ Gym မှာဆုံခဲ့တဲ့ ချစ်သူအသစ်နဲ့ အခုဆို ကလေးတစ်ယောက်တောင် ရထားပါပြီတဲ့။

Twitter

Twitter

လင်းသုတ (Shwemom)

Source : worldofbuzz.com

SHARE