မူးယစ်ဆေးကြောင့် သတိလစ်နေသော ချစ်သူကို ကယ်ခဲ့တဲ့ အမျိုးသမီးရဲ့ ဗွီဒီယိုဖိုင် နာမည်ကြီးနေ

မူးယစ်ဆေးအလွန်အကျွံသုံးစွဲပြီး သတိမေ့နေတဲ့ ချစ်သူကို ကယ်ခဲ့တဲ့ အင်္ဂလန်အမျိုးသမီးတစ်ဦးရဲ့ ဗွီဒီယိုဖိုင်ဟာ
အွန်လိုင်းမှာ ကြည့်ရှုသူများနေပြီး အလွန်နာမည်ကြီးလျက်ရှိပါတယ်။ အဲဒီဗွီဒီယိုဖိုင်ကို Junior JayRoc DiSola
အမည်ရတဲ့ Facebookအကောင့်က ဇွန်လ(၂၁)ရက်နေ့က စတင်ခဲ့ပြီးနောက်ပိုင်း အခုအချိန်ထိ ကြည့်ရှုသူ (၁၂)
သန်းကျော်ခဲ့ပြီး နာမည်ကြီးခဲ့တာပါ။

အဆိုပါဖြစ်ရပ်ရဲ့ဖြစ်စဉ်မှာ အင်္ဂလန်နိုင်ငံ၊ ဒွန်ချက်စတာမြို့ကားလမ်းမဘေးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ယောက်ျားနဲ့
မိန်းမစုံတွဲတစ်တွဲဟာ ကားကိုလမ်းဘေးထိုးရပ်ပြီး မူးယစ်ဆေးဝါးသုံးစွဲနေခဲ့တာပါ။ လူအနည်းစုတစ်စုက ကားကို ထု
ပြီးအော်နှိုးခဲ့တာကြောင့်  မိန်းမဖြစ်သူဟာ နိုးလာခဲ့ပြီး သူမရဲ့လက်ပေါ်မှာ မူးယစ်ဆေးထိုးတဲ့ အပ်ကိုလည်း တွေ့ခဲ့ရပါ
တယ်။ နောက်ထပ် အမျိုးသားကို နိုးပေးမယ့် သူက မနိုးတာကြောင့် လူအုပ်စုက ယောကျာ်းမှာ သေနေပြီလို့ ထင်ခဲ့ပါ
တယ်။

READ
အကြားအာရုံချို့တဲ့နေတဲ့ ကောင်မလေးရဲ့ ပျော်စရာအကောင်းဆုံးနေ့

ဒါပေမယ့် သတိထားမိတဲ့ မိန်းမဟာ သူမရဲ့အဖော်ကို လှုပ်နိုးပေးမယ့် မနှိုးတာကြောင့် အခြေခံအသက်ကယ်တဲ့
နည်းနဲ့ အဖော်ဖြစ်သူကို ကယ်ခဲ့ပါတယ်။ သူမရဲ့ ခေါ်ပုံအရ သတိလစ်နေတဲ့ အမျိုးသားရဲ့ နာမည်မှာ Danဖြစ်ပြီး
သူမ အသက်ကယ်နေရင်းနဲ့ တစ်စုံတစ်ယောက်ကိုလည်း လူနာကားခေါ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ခဏကြာ
တော့ အာဏာပိုင်တွေနဲ့ လူနာကားလည်းရောက်လာတဲ့အခါမှာ အမျိုးသားဟာ ပြန်လည်အသက်ရှုခဲ့တယ်လို့သိရ
ပါတယ်။

အဆိုပါအမျိုးသမီးရဲ့ဗွီဒီယိုကြာချိန်ဟာ (၇)မိနစ်နဲ့ (၁၂)စက္ကန့်ဖြစ်ပြီး လူအုပ်စုတွေထဲက တစ်ယောက်က အမျိုးသမီး
နဲ့အမျိုးသားစုံတွဲကို စတင်လှုပ်နိုးကတည်းက ဖုန်းနဲ့ရိုက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါအမျိုးသမီးနဲ့ အမျိုး
သားတို့ အဖမ်းခံရလား၊ မခံရဘူးလားဆိုတာကိုတော့ မသိဘူးလို့ သိရပါတယ်။

M2T (Shwemom)

Source ; dailymail.co.uk

SHARE