မိန်းကလေး မွေးဖွားခဲ့သည့်အတွက် မတ်နှင့် အပေါင်းအပါတစ်ဦးတို့ရဲ့ ရိုက်နှက်မှုကို ခံရတဲ့ အမျိုးသမီး

အိန္ဒိယနိုင်ငံ၊ ပန်ချပ်ပြည်နယ်၊ ပါတီယာလာမြို့က အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဟာ မိန်းကလေးမွေးဖွားခဲ့တဲ့အတွက်
ယောက်ျးဖြစ်သူရဲ့မောင်(မတ်)နဲ့ အပေါင်အပါးတစ်ဦးတို့ရဲ့ ဟော်ကီရိုက်တံနဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီအဖြစ်
အပျက်ကို ဖြစ်စဉ်နေရာမှာရှိတဲ့ အမည်မသိလူတစ်ဦးက ဖုန်းနဲ့ရိုက်ကူးခဲ့တာဖြစ်ပြီး အင်တာနက်မှာ ရေပန်းစားနေတဲ့ ဗွီဒီ
ယိုတစ်ခုလည်းဖြစ်ပါတယ်။

Hindustan Times သတင်းစာရဲ့ဖော်ပြချက်အရတော့ ရိုက်နှက်နှိပ်စက်ခံရတဲ့ အမျိုးသမီးရဲ့နာမည်မှာ Meena Kashyap(35)နှစ်ဖြစ်ပြီး သူမဟာ ယောကျာ်းဖြစ်သူရဲ့ မိသားစုနဲ့ အငြင်းပွားမှုတွေ ဖြစ်နေသူဖြစ်တယ်လို့သိရပါတယ်။
kashyapနဲ့ သူမရဲ့ယောကျာ်းတို့ဟာ လွန်ခဲ့တဲ့(၂)နှစ်ကတည်းက ပေါင်းသင်းလက်ထပ်ခဲ့ပေမယ့် ယောကျာ်းဖြစ်သူ
မိသားစုရဲ့ လက်ခံမှုကို မရခဲ့ပါဘူး။

မင်္ဂလာခန်းဝင်ပိုက်ဆံနဲ့ပတ်သက်ပြီး Kashyapရဲ့ မိသားစုနဲ့ ယောကျာ်းဘက်က မိသားစုမှာ အငြင်းပွားမှုတွေဖြစ်ခဲ့တာ
ဖြစ်ပါတယ်။ အဆိုပါလူမျိုးတွေရဲ့ ဓလေ့ထုံစံအရ မိန်းမနဲ့ ယောကျာ်းတို့ မင်္ဂလာဆောင်ရင် မိန်းမဖြစ်သူဘက်က သတိုး
သားဘက်ကို ကား ဒါမှမဟုတ် ငွေကြေးဥစ္စာ ခန်းဝင်ပစ္စည်းတွေ ပေးရပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ သတိုး
သားဘက်က တောင်းဆိုမှုတွေက မြင့်တက်လျက်ရှိပြီး မကြာခဏဆိုသလို ပြဿနာတွေလည်းဖြစ်ပွားလေ့ရှိခဲ့ပါတယ်။

READ
ထောင်ထဲမှာလက်သည်းနီနဲ့မှန်ထားပေးဖို့တောင်းဆိုလိုက်တဲ့ Playboy Model

Kashyapရဲ့ ယောကျာ်းဘက်က မိသားစုဟာ မင်္ဂလာခန်းဝင်ပစ္စည်းအဖြစ် ရူပီ(7)သိန်း (ပေါင် 80000)တောင်းဆိုခဲ့
တာကြောင့် Kashyapမိသားစုက မပေးနိုင်ဘဲ မိသားစုနှစ်ဖက် အငြင်းပွားခဲ့ကြတာဖြစ်ပါတယ်။ နောက်တော့ Kashyap
ဟာ သမီးမိန်းကလေးကို မွေးဖွားခဲ့တာကြောင့် ယောကျာ်းဘက်က မိသားစုဟာ သူမဟာ အလွန်ဒေါသထွက်ခဲ့ပြီး အခု
လို ဟော်ကီရိုက်တံနဲ့ ရိုက်နှက်ကျခြင်းဖြစ်ပါတယ်။ ရိုက်နှက်ခဲ့တဲ့ တရားခံ(၂)ဦးကိုလည်း ရဲတွေကို ဖမ်းဆီးထားပြီး စုံစမ်း
စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အဆိုပါ မင်္ဂလာခန်းဝင်ပစ္စည်းပေးပို့မှုဟာ အိန္ဒိယနိုင်ငံမှာ ဥပဒေအရ တရားမ၀င်တဲ့ ဓလေ့ထုံတမ်းဖြစ်ပြီး နှစ်စဉ် အဲဒီအ
ငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ သေဆုံးဒဏ်ရာရနေကြတယ်လို့ သိရပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; dailymail.co.uk
SHARE