ဝက်ဝံကြီးနဲ့တည့်တည့်တိုးခဲ့ပေမယ့် ကံကောင်းလို့မသေခဲ့တဲ့စက်ဘီးသမား

Youtube

ကနေဒါနိုင်ငံတွင်းက Whistler Bike Park အတွင်းမှာ စက်ဘီးစီးနေခဲ့တဲ့ စက်ဘီးသမားတစ်ဦးဟာ ၀က်ဝံကြီးတစ်ကောင်နဲ့တည့်တည့်တိုးမိခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ အသက်ဘေးက လွတ်သွားခဲ့တဲ့ အဖြစ်အပျက်လေးကိုဒီ ဗီဒီယိုမှာ မြင်ရမှာပါ။

အဲဒီပန်းခြံကြီးက လမ်းကြမ်းစက်ဘီးစီးသမားတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ ပန်းခြံကြီးဖြစ်ပြီး သဘာဝဥယျာဉ်ကြီးဖြစ်တာမို့ တိရစ္ဆာန်တွေကလည်းအများကြီးပါ။

ပန်းခြံအနှံ့မှာ ဗီဒီယိုကင်မရာတွေကို တပ်ဆင်ပေးထားပြီး စက်ဘီးသမားတွေအနေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပြန်လည်ကြည့်ရှုလို့ရအောင် ပြင်ဆင်ပေးထားတာပဲဖြစ်ပါတယ်။

Youtube

ပန်းခြံထဲမှာတပ်ထားတဲ့ ကင်မရာတွေထဲက မြင်ကွင်းတစ်ခုမှာတော့ တောင်စောင်းကနေ လျောဆင်းလာတဲ့ စက်ဘီးသမားတစ်ယောက်ဟာ တောင်စောင်းအကွယ်တစ်နေရာမှာ ထိုင်နေတဲ့ဝက်ဝံကြီးတစ်ကောင်နဲ့တည့်တည့်တိုးရမယ့်အရေးနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ဒါပေမယ့် ဖြစ်ချင်တော့ ၀က်ဝံကြီးရှိတဲ့နေရာက အနိမ့်ပိုင်းမှာဖြစ်နေပြီး တကယ်လို့သာ မြေပြင်ညီဆိုရင် စက်ဘီးသမားအနေနဲ့ တည့်တည့်ကြီးတောင် ၀င်တိုက်မိမလားပါဘူး။

Youtube

ဒါပေမယ့် တောင်စောင်းအမြင့်လေးတစ်ခုကြောင့် စက်ဘီးသမားက ၀က်ဝံကြီးရဲ့အပေါ်ကနေ ကျော်သွားသလိုဖြစ်ခဲ့ပြီး တကယ့်ကို လက်မတင်လေးပါ။

READ
ရေအောက်ကြမ်းပြင်မှာ လျင်မြန်တဲ့အရှိန်နဲ့ ခရီးနှင်နိုင်တဲ့ အံ့ဖွယ်ဂုံးကောင်များ

ဝက်ဝံကြီးကလည်း သူ့အပေါ်ကနေ ရုတ်တရက်ဖြတ်သွားတဲ့ စက်ဘီးကြောင့် ထိတ်လန့်သွားခဲ့ပြီး နေရာကနေ ထပြေးသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီ ဗီဒီယိုလေးကို ကြည့်ရှုသူတွေကတော့ စက်ဘီးသမားဟာ တကယ့်ကို ကံကောင်းသွားခဲ့တာဖြစ်ပြီး ၀က်ဝံကြီးထလိုက်တဲ့အချိန်နဲ့သာ တည့်တည့်တိုးရင် မတွေးရဲစရာပဲလို့ မှတ်ချက်ပေးနေကြပါတယ်။

Linn

SHARE