စတိုးဆိုင်မှာ ပိုက်ဆံတွေ အများကြီး ပိုရှင်းခဲ့ရပေမယ့် အံ့သြစရာနဲ့ ကြုံတွေ့ခဲ့ရသူ

Freepik- jofreepik, Facebook- Angel Supermarket

ပိုက်ဆံပေးပြီး ပိုက်ဆံရှင်းတဲ့အခါ ပိုလား၊ လိုလားကြည့်ရတာ လွယ်ပေမယ့်လို့ ခရက်တစ်ကတ်နဲ့ရှင်းတဲ့အခါ မစစ်မိရင် ကိုယ့်ကိုက်ဆံ ဘယ်လောက်ဖြတ်သွားလဲမစစ်မိရင် ပိုဖြတ်သွားလား၊ လိုဖြတ်သွားလားဆိုတာကို အလွယ်တကူသိနိုင်မှာမဟုတ်ပါဘူး။ တကယ်လို့တချို့ဆိုင်တွေဆိုလည်း ပိုရင်လည်း ပြန်ပေးတော့မှာမဟုတ်ဘူးမလား။ ထုံးစံပဲလေ။

ဒါပေမဲ့ စင်္ကာပူက စတိုးဆိုင်တစ်ဆိုင်မှာတော့ လူသားအဆန်ဆုံးကိစ္စလေးဖြစ်ပွားခဲ့ပါတယ်။ စင်္ကပူ၊  Ang Mo Kio မှာရှိနေတဲ့ Angel ဆိုတဲ့ စတိုးဆိုင်လေးမှာဖြစ်ပွားခဲ့တာပါ။ စတိုးဆိုင်လေးဟာ ရပ်ကွက်စတိုးဆိုင်လိုလေးဖြစ်နေတဲ့အတွက် ဘယ်သူမှ တော်ရုံပိုက်ဆံအများကြီး မသုံးတတ်ပါဘူး။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့မေလ ၃၁ ရက်နေ့၊ ဥာဉ့်နက်အချိန်တုန်းက လူငယ်လေးတစ်ယောက်ဟာ မုန့်လာဝယ်ခဲ့ပါတယ်။ တကယ်တမ်းဘောက်ချာမှာ မုန့်ဝယ်တဲ့ စုစုပေါင်းကျသင့်ငွေဟာ ၁၃.၉၇ သာ ရှိပေမယ့်လို့ စတိုးဆိုင်ရဲ့ကောင်တာဝန်ထမ်းကနေပြီး စင်္ကာပူဒေါ်လာ (၁,၃၉၇) တောင် ယူလိုက်ပါတယ်။ လူငယ်လေးကလည်း ခရက်တစ်ကတ် ရှင်းလိုက်တဲ့အတွက် ပိုပြီး ပိုက်ဆံဖြတ်လိုက်တာကို သတိမထားမိခဲ့ပါဘူး။

Posted by Angel Supermart on Monday, June 1, 2020

စတိုးဆိုင်အနေနဲ့ လကုန်ပြီး ၁ ရက်နေ့၊ ဇွန်လ ၁ ရက်နေ့လောက်ကျတော့ စာရင်းချုပ်တဲ့အခါ ပိုက်ဆံပိုနေတာကို တွေ့ခဲ့ရပါတယ်တဲ့။ ဒါကြောင့် ခရက်တစ်အကောင့်အတိုင်း ပိုင်ရှင်ကို ပိုယူမိလိုက်တဲ့ငွေတွေကို ပြန်ပေးဖို့ စတိုးဆိုင်မှ လိုက်ရှာခဲ့ပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ ဇွန်လ ၂ရက်နေ့ ဥာဥ့်နက်ချိန် ၁၂ နာရီခွဲလောက်မှာ သူတို့ရှာနေတဲ့ လူငယ်လေးဟာ ဆိုင်ကိုထပ်လာကာ မုန့်ဝယ်ခဲ့ပါတယ်တဲ့။ CCTV မှတ်တမ်းအရ သိနေတဲ့အတွက် ချက်ချင်းပဲ အကျိုးအကြောင်းရှင်းပြကာ ပိုယူမိတဲ့ပိုက်ဆံကိုလည်း ပြန်ပေး၊ တောင်းလည်းတောင်းပန်ရင်း စတိုးဆိုင်ရဲ့ VIP member card အပါအဝင် မုန့်တွေကိုလည်း လက်ဆောင်ပေးခဲ့ပါသေးတယ်တဲ့။

READ
ကလေးနှလုံးခုန်ရပ်သွားချိန်မှာ ဆေးရုံမပို့ပဲဆုပဲတောင်းနေတဲ့မိဘ(၂)ပါး

လူမှုကွန်ယက်မှာတော့ ဒီကိစ္စကို တခြားလူတွေက စတိုးဆိုင်ပိုင်ရှင်နဲ့တာဝန်ရှိသူတွေဟာ လူသားဆန်ပါတယ်ဆိုပြီး ချီးကျုးနေခဲ့ကြပါတော့တယ်။

Penny

SHARE