မီးဖိုချောင်စရိတ်ကို လျှော့ချပေးမယ့် ဆရာကျကျ ဈေးဝယ်နည်း(၆) မျိုး

Image: shutterstock( By Chinaview)

မီးဖိုချောင် ဆိုတာ အိမ်တစ်အိမ်ရဲ့ ငွေ ယို ပေါက် တစ်ခုလည်း ဖြစ်နိုင်သလို အဲ့ဒီအိမ် အတွက် ငွေ ကြေးတွေ ပိုလျှံ လာအောင် လုပ်ပေးနိုင်တဲ့ နေရာ တစ်ခု လို့လည်း ပြောလို့ရပါတယ်။မဖြစ် မနေ နေ့စဉ် ကုန်ကျနေရတဲ့ အထဲမှာ စားသောက်စရိတ်ဆိုတာ ပါပါတယ်။ချွေတာလို့သာရချင်ရမယ် မဖြစ် မနေ သုံးနေရမယ့် စရိတ်ထဲမှာ စားသောက်စရိတ်၊မီးဖိုချောင် စရိတ်လည်း ပါပါတယ်။အရမ်းတွေ ခြစ်ကုတ်ပြီး ချွေ နေစရာလည်း မလိုသလို စားဖိုမှူးတစ်ယောက်လို အထာကျကျ ဈေးဝယ်ထွက်ပြီး မီးဖိုချောင်စရိတ်ကို လျှော့ ချ ပေးနိုင်တဲ့ နည်းလေးတွေ ရှိပါတယ်။

(၁)ဈေးဝယ်မယ့် ပစ္စည်းစာရင်းကို ချရေးပါ

Image:pixabay (by cocoparisienne )

မီးဖိုချောင်စရိတ်ကို ခြွေချင်တယ်ဆိုရင်တော့ နံပါတ်တစ် အရင်ဆုံး လုပ်ရမယ့် အရာပါ။ဈေးဝယ်ထွက်ရင် သုံးမယ်လို့ မှန်းထားတဲ့ ပမာဏ ထက် ပိုသုံးမိသွားတဲ့ အဓိက တရားခံက Plan မရှိလို့ပါ။စားဖို့ သောက်ဖို့ ချက်ဖို့ ပြုတ်ဖို့ ဈေးမ၀ယ်ခင်မှာ အရင်ဆုံး လုပ်ရမှာက ၊ဘာတွေ ချက်ပြုတ်ချင်တာလဲ ၊ဈေးဖိုး ဘယ်လောက် သုံးမလဲ ဆိုတာကို အရင်သတ်မှတ်ပါ။ပြီးရင်တော့ ဘာ ပစ္စည်း တွေ လိုလဲ ဆိုတာကို ချ ရေးပါ။ချရေးတဲ့ အခါမှာလည်း မရှိမဖြစ် ၀ယ်ရမယ့် အရေးကြီးဆုံး အရာကနေ မှ နောက် သိပ် အရေးမကြီးတဲ့ အရာလေးတွေကို အစဉ်လိုက် ချရေးပါ။ ပိုက်ဆံကို နည်းနည်းလေးတော့ ပိုပြီး ယူသွားပါ။

(၂)အရည်အသွေးကောင်းတဲ့ ပစ္စည်းသုံးဖို့ မနှမြောပါနဲ့

ဈေးဖိုးကို ခြွေတာချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ပေါချောင် ကောင်းပစ္စည်းတွေ ကို မရွေးပါနဲ့။ပိုက်ဆံကို နှမြောပြီး အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေကို သုံးပြီး ဆေးဖိုး ထွက်ရမှာထက် စာရင် ဈေးဖိုးမှာ တန်ရာတန်ကြေး ပေးပြီး အရည်အသွေးကောင်းတာ ကို ရွေးချယ်ပေးပါ။Product ရဲ့ ဈေးနှုန်းထက် ကိုယ်ပေးရတဲ့ ပိုက်ဆံနဲ့ ထိုက်တန်လား ဆိုတာကိုပဲ စဉ်းစားပြီး ရွေးချယ်ပေးပါ။နှစ်ခု ယှဉ်ရွေးရမယ်ဆိုရင်လည်း ဈေးနှုန်းထက် အရည်အသွေးကိုပဲ ကြည့်ပြီး ရွေးချယ်ပါ။အဲ့အတွက်လည်း ပိုက်ဆံ ပိုကုန် မှာကို မစိုးရိမ်ပါနဲ့။အပေါ်မှာ ရေးထားတဲ့ Plan ကို သေချာပြင်ဆင်ထားရင် ပိုကုန်စရာ အကြောင်းမရှိပဲ အားလုံး Ok မှာပါ။

READ
အဓိပ္ပါယ်ရှိတဲ့ဘ၀ကိုရောက်ဖို့ ဘာတွေလိုအပ်သလဲ .. ?

(၃)ပစ္စည်းစာရင်းထဲက ဈေးအကြီးဆုံးကို အရင်ဝယ်ပါ

Image:pixabay (Alexas_Fotos )

နံပါတ်တစ်မှာ ပြောထားသလို ဘာတွေ ချက်မယ်၊ဘာတွေ လိုတယ် ဆိုတာကို ပြင်ဆင်ထားတဲ့ ဈေးဝယ်မယ့် စာရင်း အသင့်ဖြစ်ပြီလား..? ဈေးစ၀ယ်တော့ မယ်ဆိုရင်တော့ ပစ္စည်းစာရင်းထဲက ဈေးအကြီးဆုံး အရာကို အရင်ဝယ်ပါ။ပြီးမှ စာရင်းထဲက အစဉ်လိုက် အရေးကြီးဆုံး အရာတွေကို အရင်လိုက်ဝယ်ပါ။ပိုက်ဆံအပို ကျန်တယ်ဆိုရင် တော့ ဘာတွေ Discount ချ နေလဲ ၊Discount ချ နေတဲ့ ပစ္စည်းက နောက်ပိုင်းလည်း သေချာ ပေါက် လို အပ်လာလို့ ၀ယ်ရမယ့် ပစ္စည်းမျိုးဖြစ်နေမယ်၊ ပုပ်သွေး မယ့် အရာမဟုတ်ရင်တော့ ၀ယ်လိုက်ပါ။

(၄)ချက်နည်းပြုတ်နည်း အသစ်အဆန်းတွေကို ကြိုးစားဖို့  ၀န်မလေးပါနဲ့

Image:Shutterstock(by By Africa Studio)

ပုံမှန် ချက်ပြုတ်နေကျ ဟင်းလျာတွေ မဟုတ်ပဲ အသစ်အ ဆန်း လေးတွေကို ကြိုးစားဖို့ မကြောက်ပါနဲ့။အိမ်မှာ တစ်ခါလာလည်း ဒီဟင်း၊နောက်တစ်ခါ လာလည်း ဒီဟင်း၊ ဒီစတိုင်နဲ့ပဲ ချက်ထားတာကို  စားရပါ များလာရင် အသစ်အ ဆန်းလေးကို တောင့်တ လာတဲ့ စိတ်ကြောင့် အပြင်မှာ စားဖြစ်ရင်း ပိုပြီး ပိုက်ဆံကုန်သွားရနိုင်ပါတယ်။ဒါကြောင့် ကိုယ့်အိမ်မှာပဲ အသစ်အဆန်းလေးတွေ ချက်ပြုတ်ကြည့်တာမျိုး လုပ်ပါ။

READ
ရေအောက်တွင် ရိုက်ကူးထားသည့် Wedding Photo အမိုက်စားရိုက်ချက်များ

(၅) ပစ္စည်းတွေကို သေချာ နေရာချပါ

အိမ်ပြန်ရောက်တာနဲ့ ဒီနေ့ ချက်မယ့် ပစ္စည်းတွေကလွဲပြီး ကျန်တာတွေကို ဒီအတိုင်း ပစ်မထားလိုက်ပါနဲ့။ပစ္စည်းတွေကို သူ့ နေရာနဲ့ သူ သေချာ နေရာချပါ။ရေခဲ သေတ္တာရှိမယ်ဆိုရင် အသီးအရွက် ဆိုရင် ရေခဲ သေတ္တာထဲ ထည့်သင့်တာ ထည့်ပါ။Expire Date ပါတဲ့ ပစ္စည်း တွေ ၀ယ်လာတယ်ဆိုရင် ဘယ်နေ့ ဒိတ်ကုန်မလဲ၊ ဘယ်ကို အရင် စားရမလဲ ဆိုတာကို တခါတည်းမှတ်ထားပါ။ကော်ဖီမှုန့် ၊သွားတိုက်ဆေး၊ဆပ်ပြာ .. ဘာပစ္စည်းပဲ ဖြစ်ဖြစ် သေချာ သူ့နေရာနဲ့ သူ ထားပါ။

(၆)အိမ်မှာ သီးပင်စားပင်လေးတွေ စိုက်ကြည့်ပါ

Image: shutterstock (By By Makistock)

ဒါကတော့  ဈေးဝယ်ထွက်ရင် သုံးတဲ့ နည်းတော့ မဟုတ်ပေမယ့် ဈေးဖိုး  ကို တစ်ဖက် တစ်လမ်းကနေ လျှော့ ချလို့ ရတဲ့ နည်းလေးပါ။ကိုယ်က ခြံဝန်းလေးနဲ့ နေတာဆိုရင် ခြံထဲမှာ အလွယ် တကူစိုက်ပျိုးလို့ရတာလေးတွေ ဥပမာ- ကြက်သွန်တို့၊ငရုတ်သီးပင်.. တို့ကို စိုက်ကြည့်ပါ။ကိုယ်က တိုက်ခန်းမှာ နေတယ်ဆိုရင်တောင်မှ ပန်းအိုးလေးတွေထဲ မှာ စိုက်လို့ရပါတယ်။အပင်လေးတွေကို ပြုစုရတော့ စိတ်လည်း အေးချမ်း၊မျက်စိလည်းအေး သလို မီးဖိုချောင်အသုံးစရိတ်ကိုလည်း တစ်ဖက်တစ်လမ်းကနေ သက် သာစေပါတယ်။

#Shwemom

SHARE